နက်ဖြန်နေ့၌ အဂြိပ္ပမင်းနှင့် ဗေရနိတ်တို့သည် များစွာသော ဂုဏ်အသရေကို ဆောင်လျက်၊ စစ်သူကြီးတို့မှစ၍ ထိုမြို့၌ထင်ရှားသော သူများတို့နှင့်တကွ အိမ်တော်ဦးသို့ ဝင်ကြလျှင်၊ ဖေတ္တုမင်းသည်ပေါလုကို ဆောင်ခဲ့စေ၏။- ဖေတ္တုမင်းကလည်း၊ အဂြိပ္ပမင်းကြီးမှစ၍ ယခုရှိသောသူ အပေါင်းတို့၊ ဤသူကိုကြည့်ကြပါလော့။ ယေရုရှလင်မြို့၌လည်းကောင်း၊ ဤမြို့၌လည်းကောင်း ယုဒလူများအပေါင်းတို့သည် ဤသူ၏အကြောင်းကို ကျွန်ုပ်အားလျှောက်၍၊ သူသည် ခဏမျှအသက်မရှင်ထိုက်ပါဟု ဟစ်ကြ၏။- သူသည် သေထိုက်သော အပြစ်မပြုကြောင်းကို ကျွန်ုပ်သိမြင်၍လည်းကောင်း၊ သူသည်ဘုန်းကြီးတော်မူသော ဘုရင်၏ အယူတော်ကို ခံပါမည်ဟုဆို၍လည်းကောင်း၊ သူ့ကိုအထံတော်သို့ စေလွှတ်စေခြင်းငှာ ကျွန်ုပ်စီရင်၏။- သူ၏အကြောင်းကို ရေးထား၍၊ ရှင်ဘုရင်ထံတော်သို့ ပေးလိုက်စရာဖို့၊ သေချာသောအကြောင်း တစ်စုံတစ်ခုမျှ ကျွန်ုပ်၌မရှိ။ ထိုကြောင့် သင်တို့သည် သူ့ကို စစ်ကြောပြီးမှ၊ ကျွန်ုပ်ရေး၍ပေးလိုက်စရာ အကြောင်းရှိစေခြင်းငှာ သင်တို့ရှေ့၌လည်းကောင်း၊ အဂြိပ္ပမင်းကြီး၊ အထူးသဖြင့် ကိုယ်တော်ရှေ့၌လည်းကောင်း၊ သူ့ကိုကျွန်ုပ်ထုတ်၍ပြ၏။- အကြောင်းမူကား၊ အကျဉ်းခံသောသူကို အပြစ်မပြဘဲ စေလွှတ်သော် မလျော်မသင့်ဖြစ်မည်ထင်ပါသည် ဟုဆို၏။
တမန်တော် 25 ကို ဖတ်ရှုရန်
နားထောင်ရန် တမန်တော် 25
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 25:23-27
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ