YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 21:17-36

တမန်တော် 21:17-36 JBMLE

ယေ​ရု​ရှင်​လင်​မြို့​သို့​ရောက်​သော​အ​ခါ၊ ညီ​အစ်​ကို​တို့​သည် ကြည်​ညို​သော​စိတ်​နှင့် ငါ​တို့​ကို လက်​ခံ​ကြ၏။- နက်​ဖြန်​နေ့၌ ပေါ​လု​သည် ငါ​တို့​နှင့်​တ​ကွ ယာ​ကုပ်​ထံ​သို့​ဝင်​လျှင် သင်း​အုပ်​အ​ပေါင်း​တို့​သည် စည်း​ဝေး​ကြ၏။- ပေါ​လု​သည် ထို​သူ​များ​ကို နှုတ်​ဆက်​ပြီး​လျှင်၊ မိ​မိ​သည် ဓ​မ္မ​ဆ​ရာ​အ​မှု​ကို ဆောင်​ခြင်း​အား​ဖြင့် ဘု​ရား​သ​ခင်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ပြု​တော်​မူ​သ​မျှ​တို့​ကို သေ​ချာ​စွာ ထုတ်​ဖော်​ပြ​သ​လေ၏။ ထို​သူ​တို့​သည်​ကြား​လျှင်၊ ဘု​ရား​သ​ခင်၏ ဂုဏ်​တော်​ကို​ချီး​မွမ်း​ကြ၏။ ပေါ​လု​အား​လည်း၊ ငါ​တို့​ညီ၊ ယုံ​ကြည်​သော ယု​ဒ​လူ​ဘယ်​နှစ်​သောင်း​ရှိ​သည်​ကို သင်​သည် သိ​မြင်၏။ ထို​သူ​အ​ပေါင်း​တို့​သည် ပ​ညတ်​တ​ရား​ဘက်၌ စိတ်​အား​ကြီး​သော​သူ​ဖြစ်​ကြ၏။- တစ်​ပါး​အ​မျိုး​သား​တို့​တွင် နေ​သော ယု​ဒ​လူ​အ​ပေါင်း​တို့​သည် သူ​ငယ်​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ပေး​ရ​ကြ။ ရှေး​ထုံး​တမ်း​အ​တိုင်း မ​ကျင့်​ရ​ကြ​ဟု သင်​သည် ဆို​လျက်၊ သူ​တို့​သည် မော​ရှေ​တ​ရား​ကို​စွန့်​စေ​ခြင်း​ငှာ ဆုံး​မ​ဩ​ဝါ​ဒ ပေး​တတ်​သည်​ကို ဤ​လူ​တို့​သည် သ​တင်း​ကြား​ကြ​ပြီ။- သို့​ဖြစ်၍ အ​ဘယ်​သို့​ပြု​ရ​မည်​နည်း။ လူ​အ​ပေါင်း​တို့​သည် မ​စု​ဝေး​ဘဲ​မ​နေ​နိုင်​ရာ။ သင်​ရောက်​ကြောင်း​ကို ကြား​သိ​လိမ့်​မည်။- ထို​ကြောင့် အ​ကျွန်ုပ်​တို့​ဆို​သည်​အ​တိုင်း ပြု​ပါ​လော့။ သ​စ္စာ​က​တိ​ပြု​ပြီး​သော လူ​လေး​ယောက်​သည် အ​ကျွန်ုပ်​တို့​တွင်​ရှိ၏။- ထို​သူ​တို့​ကို ယူ၍ သူ​တို့​နှင့်​တ​ကွ စင်​ကြယ်​ခြင်း​ကို​ပြု​လျက်၊ သူ​တို့​ခေါင်း​ရိတ်​ခြင်း​စ​ရိတ်​ကို ပေး​ပါ​လော့။ ထို​သို့​ပြု​လျှင် လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြား​သော သ​တင်း​စ​ကား​မ​မှန်​သည်​ကို​လည်း​ကောင်း၊ သင်​သည် ကိုယ်​တိုင် ပ​ညတ်​တ​ရား​ကို​စောင့်​ရှောက်၍ ကျင့်​နေ​သည်​ကို​လည်း​ကောင်း သိ​ရ​ကြ​လိမ့်​မည်။- ယုံ​ကြည်​ခြင်း​သို့​ရောက်​သော တစ်​ပါး​အ​မျိုး​သား​တို့​မူ​ကား၊ ထို​သို့​သော​တ​ရား​ကို​မ​ကျင့်​မ​စောင့်​ဘဲ​လျက်၊ ရုပ်​တု​ရှေ့​မှာ​ပူ​ဇော်​သော ယဇ်​ကောင်​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း၊ လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း၊ ရှောင်​စေ​ခြင်း​ငှာ​သာ ငါ​တို့​သည် စီ​ရင်၍ ကြား​လိုက်​ခဲ့​ပြီ​ဟု​ဆို​ကြ၏။ ထို​အ​ခါ​ပေါ​လု​သည် ထို​သူ​တို့​ကို​ခေါ်၍ နက်​ဖြန်​နေ့၌ သူ​တို့​နှင့်​တ​ကွ စင်​ကြယ်​ခြင်း​ကို​ပြု​ပြီး​မှ၊ ဗိ​မာန်​တော်​သို့​ဝင်၍ သူ​တို့​အ​တွက် အ​သီး​အ​ခြား ပူ​ဇော်​သ​ကာ​ပြု​ရ​သော အ​ချိန်​တည်း​ဟူ​သော စင်​ကြယ်​ခြင်း​ကို​ပြု​ရ​သော နေ့​ရက်​စေ့​မည့်​အ​ချိန်​ကို ကြား​ပြော​လေ၏။ ထို​ခု​နစ်​ရက်​စေ့​လု​သော​အ​ခါ၊ အာ​ရှိ​ပြည်​မှ​လာ​သော ယု​ဒ​လူ​တို့​သည် ဗိ​မာန်​တော်၌ ပေါ​လု​ကို​မြင်​လျှင် စု​ဝေး​သော​လူ​အ​ပေါင်း​တို့​ကို တိုက်​တွန်း​နှိုး​ဆော်၍၊ ဣ​သ​ရေ​လ​လူ​တို့၊ ကူ​မ​ကြ​ပါ။- ဤ​သူ​ကား၊ ငါ​တို့​အ​မျိုး​နှင့် ပ​ညတ်​တ​ရား​ကို​လည်း​ကောင်း ဤ​အ​ရပ်​ဌာ​န​ကို​လည်း​ကောင်း၊ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ ဆန့်​ကျင်​ဘက်​ပြု၍၊ လူ​အ​ပေါင်း​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ ပေး​သော​သူ​ဖြစ်​ပါ၏။ ထို​မျှ​မ​က၊ ဟေ​လ​သ​လူ​တို့​ကို ဗိ​မာန်​တော်​ထဲ​သို့​သွင်း၍၊ ဤ​သန့်​ရှင်း​ရာ​ဌာ​န​တော်​ကို ညစ်​ညူး​စေ​ပြီ​တ​ကား​ဟု ဟစ်​ကြော်၍၊ ပေါ​လု​ကို ဖမ်း​ဆီး​ကြ၏။- အ​ထက်​က​မြို့​ထဲ၌ ပေါ​လု​နှင့်​အ​တူ တ​ရော​ဖိမ်​အ​မည်​ရှိ​သော ဧ​ဖက်​မြို့​သား​တစ်​ယောက်​ကို မြင်​ကြ​သည်​ဖြစ်၍၊ ထို​သူ​ကို ပေါ​လု​သည် ဗိ​မာန်​တော်​ထဲ​သို့ သွင်း​သည်​ဟု ထင်​မှတ်​ကြ၏။- တစ်​မြို့​လုံး​ရုန်း​ရင်း​ခတ်​မျှ ဖြစ်​လျှင်၊ လူ​များ​တို့​သည် ပြေး​လာ၍ စု​ဝေး​ကြ​လျက်၊ ပေါ​လု​ကို​ကိုင်​ယူ၍ ဗိ​မာန်​တော်​ပြင်​သို့ ဆွဲ​ငင်​ပြီး​မှ တစ်​ခ​ဏ​ချင်း​တံ​ခါး​များ​တို့​ကို ပိတ်​ထား​ကြ၏။ ပေါ​လု​ကို​သတ်​မည်​ဟု အား​ထုတ်​ကြ​သော​အ​ခါ၊ ယေ​ရု​ရှ​လင်​မြို့​တစ်​မြို့​လုံး မ​ငြိမ်​မ​သက် ရုန်း​ရင်း​ခတ်​မျှ​ဖြစ်​သည်​ဟု လူ​တစ်​ထောင်​ကို အုပ်​ချုပ်​သော စစ်​သူ​ကြီး​သည် သ​တင်း​ကြား​လျှင်၊- စစ်​သူ​ရဲ​များ​နှင့် တပ်​မှူး​တို့​ကို အ​လျင်​အ​မြန်​ခေါ်၍ ထို​သူ​တို့​ရှိ​ရာ​သို့​ဆင်း​ပြေး၏။ ထို​သူ​တို့​သည် စစ်​သူ​ကြီး​နှင့် စစ်​သူ​ရဲ​တို့​ကို မြင်​လျှင်၊ ပေါ​လု​ကို မ​ရိုက်​ဘဲ​နေ​ကြ၏။- ထို​အ​ခါ စစ်​သူ​ကြီး​သည်​အ​နီး​သို့​ရောက်၍ ပေါ​လု​ကို​ကိုင်​ယူ​ပြီး​လျှင်၊ သံ​ကြိုး​နှစ်​စင်း​နှင့် ချည်​ချေ​ဟု​စီ​ရင်၍၊ ဤ​သူ​သည် အ​ဘယ်​သူ​နည်း။ အ​ဘယ်​အ​မှု​ကို ပြု​မိ​သ​နည်း​ဟု မေး​စစ်​လေ၏။- လူ​အ​စု​အ​ဝေး​ထဲ၌ အ​သီး​သီး​အ​ခြား​ခြား​ဟစ်​ကြော်၍ အ​သံ​များ​သော​ကြောင့်၊ စစ်​သူ​ကြီး​သည် အ​မှန်​ကို​မ​သိ​နိုင်​သ​ဖြင့်၊ ပေါ​လု​ကို​ရဲ​တိုက်​ထဲ​သို့ ဆောင်​သွား​စေ​ခြင်း​ငှာ စီ​ရင်​ပြန်​လေ၏။- လူ​များ​တို့​သည် ပြင်း​ထန်​သော​ကြောင့်၊ လှေ​ကား​ပေါ်​သို့ ရောက်​သော​အ​ခါ၊ စစ်​သူ​ရဲ​တို့​သည် ပေါ​လု​ကို ချီ​ပွေ့၍ ဆောင်​ရ​ကြ၏။- သူ့​ကို​ထုတ်​လော့​ဟု လူ​များ​အ​ပေါင်း​တို့​သည် ဟစ်​ကြော်​လျက်​လိုက်​ကြ၏။