YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 20:17-25

တမန်တော် 20:17-25 JBMLE

မိ​လက်​မြို့​သို့​ရောက်​မှ ပေါ​လု​သည် ဧ​ဖက်​မြို့​သို့ စေ​လွှတ်၍ သင်း​အုပ်​များ​ကို ခေါ်​လေ၏။- သူ​တို့​သည် ရောက်​ကြ​သော​အ​ခါ၊ ပေါ​လု​က၊ ငါ​သည် အာ​ရှိ​ပြည်​သို့​ရောက်​သော နေ့​မှ​စ၍ ယ​ခု​တိုင်​အောင် သင်​တို့​ရှေ့​မှာ အ​ဘယ်​သို့ ကျင့်​နေ​သည်​ကို သင်​တို့​သိ​ကြ၏။- အ​လွန်​နှိမ့်​ချ​သော​စိတ်​ရှိ​လျက်၊ မျက်​ရည်​ကျ​လျက်၊ ယု​ဒ​လူ​တို့၏ မ​ကောင်း​သော​အ​ကြံ​အား​ဖြင့် စုံ​စမ်း​နှောင့်​ယှက်​ခြင်း​ကို​ခံ​လျက်၊ သ​ခင်​ဘု​ရား၏ အ​မှု​တော်​ကို ငါ​ဆောင်​ရွက်​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။- သင်​တို့​အ​ကျိုးပြုစုရာ တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​မ​ထိမ်​မ​ဝှက်။ လူ​စု​ဝေး​ရာ၌​လည်း​ကောင်း၊ အိမ်​များ၌​လည်း​ကောင်း၊ သင်​တို့​အား​ဟော​ပြော၍ ဆုံး​မ​ဩ​ဝါ​ဒ ပေး​သ​ဖြင့်၊- ဘု​ရား​သ​ခင့်​ရှေ့​တော်၌ နောင်​တ​ရ​ခြင်း​တ​ရား​ကို​လည်း​ကောင်း၊ ငါတို့သခင်ယေရှုခရစ်ကို ယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယု​ဒ​လူ၊ ဟေ​လ​သ​လူ​တို့​အား သက်​သေ​ခံ​သည် အ​ကြောင်း​အ​ရာ​ကို သင်​တို့​သိ​ကြ၏။ ယ​ခု​မှာ​ငါ​သည် ဝိ​ညာဉ်​တော်​အား​ဖြင့် ချည်​နှောင်​ခြင်း​ကို​ခံ၍၊ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​ရ၏။ ထို​မြို့၌ အ​ဘယ်​အ​မှု​ရောက်​မည်​ကို မ​သိ။- သို့​သော်​လည်း ချည်​နှောင်​ခြင်း၊ ညှဉ်း​ဆဲ​နှိပ်​စက်​ခြင်း​အ​မှု​တို့​သည် ငါ့​ကို​ဆိုင်း​လင့်​သည်​ဟု သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် ခပ်​သိမ်း​သော​မြို့​တို့၌ ငါ့​အား သက်​သေ​ခံ​တော်​မူ၏။- သို့​ရာ​တွင် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​နှင့်​ယှဉ်​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို သက်​သေ​ခံ​စေ​ခြင်း​ငှာ၊ သ​ခင်​ယေ​ရှု၏​လက်​မှ ငါ​ခံ​ခဲ့​ပြီး​သော​ဓ​မ္မ​ဆ​ရာ အ​မှု​တည်း​ဟူ​သော ငါ​ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဝမ်း​မြောက်​စွာ ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ထို​ညှဉ်း​ဆဲ​ခြင်း​အ​မှု တစ်​စုံ​တစ်​ခု​ကို​မျှ ငါ​သည်​ပ​မာ​ဏ​မ​ပြု၊ ကိုယ်​အ​သက်​ကို​လည်း နှ​မြော​ခြင်း​မ​ရှိ၊- ယ​ခု​မူ​ကား၊ ငါ​လှည့်​လည်၍ ဘု​ရား​သ​ခင်၏ နိုင်​ငံ​တော်​အ​ကြောင်း​ကို ဟော​ပြော​ရာ၊ သင်​တို့​ရှိ​သ​မျှ​သည် နောက်​တစ်​ဖန် ငါ့​မျက်​နှာ​ကို မ​မြင်​ရ​ကြ​ဟု​ငါ​သိ၏။