YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 2:40-47

တမန်တော် 2:40-47 JBMLE

ထို​မှ​တစ်​ပါး သ​ဘော​မ​ဖြောင့်​သော ဤ​အ​မျိုး​မှ ကယ်​တင်​ခြင်း​သို့ ရောက်​ကြ​လော့​ဟူ၍ အ​ထူး​ထူး အ​ပြား​ပြား​သော​စ​ကား​နှင့် သက်​သေ​ခံ၍ တိုက်​တွန်း​သွေး​ဆောင်​လေ၏။ ထို​စ​ကား​ကို အ​သင့်​နှ​လုံး​သွင်း​မိ​သော​သူ​တို့​သည် ဗ​တ္တိ​ဇံ​ကို​ခံ၍၊ ထို​နေ့၌​အ​ရေ​အ​တွက်​အား​ဖြင့် သုံး​ထောင်​မျှ​လောက်​သော သူ​တို့​သည် ဝင်​ကြ၏။- ထို​သူ​များ​သည် တ​မန်​တော်​တို့၏ ဆုံး​မ​ဩ​ဝါ​ဒ​ကို​ခံ​ခြင်း၊ အ​ပေါင်း​အ​သင်း​ဖွဲ့​ခြင်း၊ မုန့်​ကို​ဖဲ့​ခြင်း၊ ပ​တ္ထ​နာ​ပြု​ခြင်း​တို့​ကို အ​မြဲ​ဆောင်​ရွက်၍ နေ​ကြ၏။ လူ​အ​ပေါင်း​တို့​သည် ကြောက်​လန့်​ခြင်း​ရှိ​သည်​ဖြစ်၍ တ​မန်​တော်​တို့​သည် များ​စွာ​သော​နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ပြု​ကြ၏။- ယုံ​ကြည်​သော သူ​အ​ပေါင်း​တို့​သည် တ​စ်စု​တစ်​ဝေး​တည်း​နေ​ကြ​သ​ဖြင့်၊ မိ​မိ​တို့၌​ရှိ​သ​မျှ​ကို ဆက်​ဆံ၍ သုံး​ဆောင်​ကြ၏။- မိ​မိ​တို့​ဥ​စ္စာ​ပ​စ္စည်း​များ​ကို ရောင်း​ပြီး​လျှင်၊ လူ​များ​ဆင်း​ရဲ​သည်​အ​တိုင်း အ​သီး​အ​သီး​တို့​အား ဝေ​ငှ​ခြင်း​ကို ပြု​ကြ၏။- ထို​သူ​တို့​သည်​လည်း ဗိ​မာန်​တော်၌ နေ့​တိုင်း​အ​စဉ် တ​ညီ​တ​ညွတ်​တည်း​နေ၍၊ ကိုယ်​အိမ်၌ မုန့်​ကို​ဖဲ့​လျက် ကြည်​ဖြူ​ရွှင်​လန်း​ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​အာ​ဟာ​ရ​ကို သုံး​ဆောင်​ကြ၏။- ဘု​ရား​သ​ခင်​ကို​လည်း ချီး​မွမ်း၍ လူ​အ​ပေါင်း​တို့​ရှေ့​မှာ မျက်​နှာ​ပွင့်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၏။ ကယ်​တင်​ခြင်း​သို့ ရောက်​သော​သူ​တို့​ကို​လည်း နေ့​စဉ်​မ​ပြတ် သ​ခင်​ဘု​ရား​သည် သင်း​ဝင်​စေ​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။