YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 17:16-18

တမန်တော် 17:16-18 JBMLE

ပေါ​လု​သည် အာ​သင်​မြို့၌ သိ​လ​နှင့် တိ​မော​သေ​တို့​ကို ငံ့​လင့်၍ နေ​စဉ်​တွင်၊ ထို​မြို့​သည် ရုပ်​တု​တို့​နှင့် အ​ပြည့်​ရှိ​သည်​ကို​မြင်​လျှင် စိတ်​ပူ​ပန်​ခြင်း​သို့​ရောက်၏။- ထို​ကြောင့် တ​ရား​ဇ​ရပ်၌ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော သူ​တို့​နှင့်​လည်း​ကောင်း၊ လူ​များ​စု​ဝေး​ရာ​အ​ရပ်၌ နေ့​တိုင်း​တွေ့​ကြုံ​သော သူ​တို့​နှင့်​လည်း​ကောင်း ဆွေး​နွေး​နှီး​နှော​ခြင်း​ကို ပြု၏။- ထို​အ​ခါ ဧ​ပိ​ကု​ရု​တ​ပည့်​တို့​နှင့် သ​တော​အိတ် ပ​ညာ​ရှိ​အ​ချို့​တို့​သည် ပေါ​လု​နှင့် ဆိုင်​ပြိုင်၍၊ အ​ချို့​က၊ ဤ​မ​ရေ​ရာ​သော​လူ​သည် အ​ဘယ်​သို့​ပြော​ချင်​သ​နည်း​ဟု ဆို၏။ အ​ချို့​က​လည်း၊ ဤ​သူ​သည် တစ်​ကျွန်း​တစ်​နိုင်​ငံ နတ်​ဘု​ရား​တို့၏ အ​ကြောင်း​ကို ဟော​ပြော​သော​သူ ဖြစ်​ဟန်​ရှိ​သည်​ဟု​ဆို၏။ ဆို​သည်​အ​ကြောင်း​ကား၊ ပေါ​လု​သည် ယေ​ရှု၏​တ​ရား​နှင့် ထ​မြောက်​ခြင်း တ​ရား​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​သ​တည်း။