YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 17:10-15

တမန်တော် 17:10-15 JBMLE

ည​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​နှင့် သိ​လ​ကို ဗေ​ရိ​မြို့​သို့ ချက်​ချင်း​လွှတ်​လိုက်​ကြ၏။ ထို​မြို့​သို့ ရောက်​လျှင် ယု​ဒ​တ​ရား​ဇ​ရပ်​သို့ ဝင်​ကြ၏။- ဗေ​ရိ​မြို့​သား​တို့​သည် သက်​သာ​လော​နိတ်​မြို့​သား​တို့​ထက် ထူး​မြတ်​သ​ဖြင့်၊ အ​လွန်​ကြည်​ညို​သော စေ​တ​နာ​စိတ်​နှင့် နှုတ်​က​ပတ်​တ​ရား​တော်​ကို ခံ​ယူ၍ မှန်​သည်​မ​မှန်​သည်​ကို​သိ​ခြင်း​ငှာ၊ ကျမ်း​စာ​ကို​နေ့​တိုင်း အ​စဉ်​စေ့​စေ့​ကြည့်​ရှု​ကြ၏။- ထို​ကြောင့်၊ ယု​ဒ​လူ​အ​များ​တို့​သည် ယုံ​ကြည်​ခြင်း​သို့​ရောက်​ကြ၏။ အ​သ​ရေ​ထင်​ရှား​သော ဟေ​လ​သ​မိန်း​မ​တို့​နှင့် ယောက်ျား​အ​များ​တို့​သည်​လည်း ယုံ​ကြည်​ကြ၏။- ပေါ​လု​သည် ဗေ​ရိ​မြို့၌ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​သည်​ကို၊ သက်​သာ​လော​နိတ်​မြို့​သား​ဖြစ်​သော ယု​ဒ​လူ​တို့​သည် ကြား​သိ​ရ​လျှင်၊ ဗေ​ရိ​မြို့​သို့​လာ​ပြန်၍ လူ​များ​တို့​ကို တိုက်​တွန်း နှိုး​ဆော်​ကြ၏။- ထို​အ​ခါ ညီ​အစ်​ကို​တို့​သည် ပေါ​လု​ကို ပင်​လယ်​လမ်း​ဖြင့် သွား​စေ​ခြင်း​ငှာ ချက်​ချင်း​လွှတ်​လိုက်​ကြ၏။ သိ​လ​နှင့် တိ​မော​သေ​တို့​သည် နေ​ရစ်​ကြ၏။- ပေါ​လု​ကို​ပို့​သော​သူ​တို့​သည် အာ​သင်​မြို့​တိုင်​အောင် ပို့​ဆောင်​ပြီး​မှ၊ သိ​လ​နှင့် တိ​မော​သေ​တို့​ကို အ​လျင်​အ​မြန်​လာ​စေ​ခြင်း​ငှာ မှာ​စာ​ကို​ခံ၍ ပြန်​ကြ၏။