ထိုနောက်၊ အံဖိပေါလိမြို့၊ အာပေါလောနိမြို့ကိုလျှောက်သွား၍ သက်သာလောနိတ်မြို့သို့ ရောက်ကြ၏။ ထိုမြို့မှာယုဒတရားဇရပ်ရှိ၏။- ပေါလုသည် မိမိထုံးစံရှိသည်အတိုင်း ထိုဇရပ်သို့ ဝင်၍၊ ဥပုသ်နေ့သုံးရက်တွင် ကျမ်းစာကိုအမှီပြု၍ ထိုသူတို့နှင့် ဆွေးနွေးနှီးနှောသဖြင့်၊- ခရစ်တော်သည် အသေခံရမည်။ သေခြင်းမှ ထမြောက်ရမည်။ ငါဟောပြောသောယေရှုသည် ခရစ်တော်ဖြစ်သည်ဟူသောအကြောင်း အရာတို့ကို ရှင်းလင်းစွာဖွင့်ပြလေ၏။- ထိုသူအချို့တို့သည် ယုံကြည်ခြင်းသို့ရောက်၍၊ ပေါလု၊ သိလတို့နှင့် ပေါင်းဖော်ကြ၏။ ဘုရားကို ကိုးကွယ်သော ဟေလသလူ အပေါင်းတို့နှင့် ထင်ရှားသော မိန်းမများတို့လည်း ယုံကြည်ကြ၏။- ယုဒလူတို့သည် ဆိုးယုတ်လျှပ်ပေါ်သော သူအချို့တို့ကိုခေါ်၍ လူများကို စုဝေးစေပြီးလျှင်၊ မြို့၌ အုတ်အုတ်သဲသဲ ပြုကြ၏။ ယာသုန်၏ အိမ်ကိုဝိုင်း၍ သူတို့ကို လူများရှေ့သို့ဆွဲထုတ်ခြင်းငှာ ရှာကြ၏။
တမန်တော် 17 ကို ဖတ်ရှုရန်
နားထောင်ရန် တမန်တော် 17
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 17:1-5
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ