YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 16:22-26

တမန်တော် 16:22-26 JBMLE

စု​ဝေး​သော​လူ​တို့​သည် သူ​တို့​တစ်​ဖက်၌ တစ်​ပြိုင်​နက်​ထ​ကြ၏။ စစ်​ကဲ​မင်း​တို့​လည်း သူ​တို့၏ အ​ဝတ်​ကို​ချွတ်၍ ကြိမ်​လုံး​နှင့်​ရိုက်​စေ​ခြင်း​ငှာ စီ​ရင်​ကြ၏။- ရိုက်၍ ဒဏ်​ချက်​များ​ရှိ​ပြီး​မှ၊ လုံ​ခြုံ​စွာ​စောင့်​စေ​ဟု ထောင်​မှူး​ကို​မှာ​လိုက်၍ ထောင်​ထဲ​မှာ လှောင်​ထား​ကြ၏။- ထို​သို့​မှာ​လိုက်​သည်​အ​တိုင်း ထောင်​မှူး​သည် အ​တွင်း​ထောင်​ထဲ​မှာ လှောင်၍ ထိတ်​ခတ်​လျက်​ထား၏။ သန်း​ခေါင်​အ​ချိန်၌ ပေါ​လု​နှင့် သိ​လ​တို့​သည် ပ​တ္ထ​နာ​ပြု၍ ဘု​ရား​သ​ခင်​ကို​ချီး​မွမ်း​လျက် သီ​ချင်း​ဆို​လေ၏။ ထောင်​ထဲ​မှာ နှောင်​ဖွဲ့​ခြင်း​ကို​ခံ​ရ​သော သူ​တို့​သည် နား​ထောင်​ကြ၏။- ထို​ခ​ဏ​ချင်း​တွင် မြေ​ကြီး​သည်​ပြင်း​စွာ​လှုပ်​သော​ကြောင့် ထောင်​ခြေ​ရင်း​လည်း လှုပ်​ရှား၏။ တံ​ခါး​ရှိ​သ​မျှ​တို့​သည် ချက်​ချင်း​ပွင့်၍ လူ​အ​ပေါင်း​တို့​သည် နှောင်​ဖွဲ့​ခြင်း​နှင့် လွတ်​ကြ၏။