YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 15:1-15

တမန်တော် 15:1-15 JBMLE

ယု​ဒ​ပြည်​မှ အ​န္တိ​အုတ်​မြို့​သို့ ရောက်​လာ​သော သူ​အ​ချို့​တို့​က၊ သင်​တို့​သည် မော​ရှေ၏​တ​ရား​အ​တိုင်း အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​လျှင်၊ ကယ်​တင်​တော်​မူ​ခြင်း​သို့ မ​ရောက်​နိုင်​ဟု ညီ​အစ်​ကို​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။- ထို​သူ​တို့​နှင့် ပေါ​လု၊ ဗာ​န​ဗ​တို့​သည် ဆွေး​နွေး​ငြင်း​ခုံ​ခြင်း များ​သော​အ​ခါ၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည် အ​ခြား​သော​တ​ပည့်​တော်​အ​ချို့ တို့​နှင့်​တ​ကွ၊ ထို​ပြဿ​နာ၏ အ​ကြောင်း​ကြောင့် ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​ထံ​သို့​သွား​ရ​မည်​အ​ကြောင်း​ကို စီ​ရင်​ကြ၏။- အ​သင်း​တော်​သည်​လမ်း၌​ပို့​သ​ဖြင့်၊ ပေါ​လု​နှင့် ဗာ​န​ဗ​တို့​သည် ဖိ​နိတ်​ပြည်​နှင့် ရှ​မာ​ရိ​ပြည်​ကို​လျှောက်​သွား၍ တစ်​ပါး​အ​မျိုး​သား​တို့ ပြောင်း​လဲ​ခြင်း​အ​ကြောင်း​အ​ရာ​ကို ကြား​ပြော​သ​ဖြင့်၊ ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို အ​လွန်​ဝမ်း​မြောက်​စေ​ကြ၏။- ယေ​ရု​ရှ​လင်​မြို့​သို့​ရောက်​လျှင်၊ တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​မှ​စ၍ သင်း​ဝင်​သူ​များ​တို့​တွင် လက်​ခံ​ခြင်း​ကျေး​ဇူး​ကို​ခံ၍၊ မိ​မိ​တို့​အား​ဖြင့် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​တို့​ကို ပြန်​ကြား​ကြ၏။ ဖာ​ရိ​ရှဲ​စု​ထဲ​က ယုံ​ကြည်​သော​သူ​အ​ချို့​တို့​သည် ထ​လျက်၊ တစ်​ပါး​အ​မျိုး​သား​တို့​အား အ​ရေ​ဖျား​လှီး​ခြင်း​ကို ပေး​ရ​မည်။ မော​ရှေ၏​တ​ရား​ကို ကျင့်​စေ​ခြင်း​ငှာ ဆုံး​မ​ရ​မည်​ဟု​ဆို​ကြ၏။- ထို​အ​ခါ​တ​မန်​တော်​တို့​နှင့် သင်း​အုပ်​တို့​သည် ထို​အ​မှု​ကို​ကြည့်​ရှု​ဆင်​ခြင်​ခြင်း​ငှာ စည်း​ဝေး​ကြ၏။- များ​စွာ​သော​ဆွေး​နွေး​ငြင်း​ခုံ​ခြင်း ရှိ​သော​အ​ခါ ပေ​တ​ရု​သည် ထ​လျက်၊ ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည် ရှေ့​ဦး​စွာ​ငါ​တို့​တွင် ရွေး​ကောက်​တော်​မူ၍၊ ငါ​ဟော​ပြော​သော​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​သည် ဧ​ဝံ​ဂေ​လိ​တ​ရား​ကို​ကြား​နာ၍ ယုံ​ကြည်​ရ​မည်​အ​ကြောင်း စီ​ရင်​တော်​မူ​သည်​ကို သင်​တို့​သိ​ကြ၏။- စိတ်​နှ​လုံး​ကို သိ​တော်​မူ​သော​ဘု​ရား​သ​ခင်​သည် သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို ငါ​တို့​အား​ပေး​သည်​နည်း​တူ သူ​တို့​အား​ပေး​သ​ဖြင့်၊ သူ​တို့​ဘက်၌ သက်​သေ​ခံ​တော်​မူ၏။ ယုံ​ကြည်​ခြင်း​အား​ဖြင့်​လည်း သူ​တို့၏​စိတ်​နှ​လုံး​ကို​စင်​ကြယ်​စေ၍ ငါ​တို့​ကို ခြား​နား​စေ​တော်​မ​မူ။- သို့​ဖြစ်​လျှင်၊ ငါ​တို့​နှင့် ငါ​တို့​ဘိုး​ဘေး​များ မ​ထမ်း​နိုင်​သော ထမ်း​ပိုး​ကို တ​ပည့်​တော်​တို့၏ လည်​ပင်း​ပေါ်၌ တင်​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ဘု​ရား​သ​ခင်​ကို စုံ​စမ်း​ကြ​သ​နည်း။- သ​ခင်​ယေ​ရှု၏ ကျေး​ဇူး​တော်​အား​ဖြင့်​သာ ထို​သူ​တို့​သည် ကယ်​တင်​တော်​မူ​ခြင်း​သို့ ရောက်​သည်​နည်း​တူ၊ ငါ​တို့​သည်​လည်း ရောက်​ရ​မည်​ကို ငါ​တို့​သည်​ယုံ​ကြ၏​ဟု ပေ​တ​ရု​ပြော​ဆို၏။- ထို​အ​ခါ ဗာ​န​ဗ​နှင့် ပေါ​လု​တို့​သည် မိ​မိ​တို့​အား​ဖြင့် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ဘု​ရား​သ​ခင်​ပြု​တော်​မူ​သ​မျှ​သော နိ​မိတ်​လ​က္ခ​ဏာ၊ အံ့​ဖွယ်​သော​အ​မှု​တို့​ကို ကြား​ပြော​သည်​ကို စု​ဝေး​သော​သူ​အ​ပေါင်း​တို့​သည် တိတ်​ဆိတ်​စွာ​နေ၍ နား​ထောင်​ကြ၏။ ထို​သူ​တို့​သည် အ​ကုန်​အ​စင်​ပြော​ဆို​ပြီး​မှ၊ ယာ​ကုပ်​က၊ ညီ​အစ်​ကို​တို့၊ ငါ့​စ​ကား​ကို နား​ထောင်​ကြ​လော့။- ဘု​ရား​သ​ခင်​သည် မိ​မိ​နာ​မ​အ​ဖို့၊ တစ်​ပါး​အ​မျိုး​သား​တို့ အ​ထဲ​က အ​ချို့​သော​သူ​တို့​ကို နုတ်​ယူ​ခြင်း​ငှာ၊ ရှေ့​ဦး​စွာ တစ်​ပါး​အ​မျိုး​သား​တို့​ကို အ​ကြည့်​အ​ရှု​ကြွ​လာ​တော်​မူ​သည် အ​ကြောင်း​အ​ရာ​ကို ရှိ​မုန်​သည် ဟော​ပြော​ခဲ့​ပြီ။- ထို​အ​ကြောင်း​အ​ရာ​သည်​လည်း ပ​ရော​ဖက်​တို့၏​စ​ကား​နှင့် ညီ၏။