ဣကောနိမြို့သို့ရောက်လျှင် ထိုသူနှစ်ယောက်တို့သည် ယုဒတရားဇရပ်သို့ဝင်၍ ဟောပြောသဖြင့်၊ ယုဒလူ၊ ဟေလသလူများ အပေါင်းတို့သည် ယုံကြည်ခြင်းသို့ ရောက်ကြ၏။- မယုံကြည်သော ယုဒလူတို့သည် တစ်ပါးအမျိုးသားတို့ကို နှိုးဆော်၍၊ ညီအစ်ကိုတို့အား မနာလိုသော စိတ်ရှိစေခြင်းငှာ ချောစားကြ၏။- ထိုကြောင့် ကြာမြင့်စွာနေ၍ သခင်ဘုရား၏ တရားတော်ကို မဆုတ်မဆိုင်း ဟောပြောလေ၏။ သခင်ဘုရားသည်လည်း ကျေးဇူးတရားတော်ဘက်၌ သက်သေခံတော်မူလျက်၊ တမန်တော်တို့သည် နိမိတ်လက္ခဏာ၊ အံ့ဖွယ်သောအမှုတို့ကိုပြုနိုင်မည်အကြောင်း အခွင့်ပေးတော်မူ၏။- ထိုမြို့သူမြို့သားအပေါင်းတို့သည် ကွဲပြားခြင်းရှိ၍၊ အချို့တို့သည် ယုဒလူတို့ဘက်၌လည်းကောင်း၊ အချို့တို့သည် တမန်တော်တို့ဘက်၌လည်းကောင်း နေကြ၏။- မင်းအရာရှိတို့နှင့် ယုဒအမျိုးသား၊ တစ်ပါးအမျိုးသားတို့သည် တမန်တော်တို့ကို ညှဉ်းဆဲ၍ ကျောက်ခဲနှင့်ပစ်မည်ဟု တစ်ဟုန်တည်း ပြေးလာကြသည်အကြောင်းကို၊- တမန်တော်တို့သည်သိလျှင်၊ လုကောနိပြည်၌ လုတ္တရမြို့၊ ဒေရဗေမြို့မှစ၍ ကျေးလက်များသို့ ထွက်ပြေး၍၊- ထိုအရပ်တို့၌ ဧဝံဂေလိတရားကို ဟောပြောကြ၏။
တမန်တော် 14 ကို ဖတ်ရှုရန်
နားထောင်ရန် တမန်တော် 14
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 14:1-7
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ