YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 13:23-43

တမန်တော် 13:23-43 JBMLE

ထို​သူ၏​အ​မျိုး​အ​နွယ်​ထဲ၌ ဘု​ရား​သ​ခင်​သည် က​တိ​တော်​အ​တိုင်း ကယ်​တင်​သော​သ​ခင်​ယေ​ရှု​ကို ဣ​သ​ရေ​လ​လူ​တို့​အား ပေါ်​ထွန်း​စေ​တော်​မူ​ပြီ။- ထို​သ​ခင်​ကြွ​လာ​တော်​မ​မူ​မီ ယော​ဟန်​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​အား နောင်​တ​နှင့် စပ်​ဆိုင်​သော​ဗ​တ္တိ​ဇံ​တ​ရား​ကို ဟော​ပြော​နှင့်​လေ၏။- ယော​ဟန်​သည် မိ​မိ​ဆောင်​ရွက်​ရ​သော အ​မှု​ကို​ပြု၍ နေ​စဉ်​တွင်၊ ငါ​သည် အ​ဘယ်​သူ​ဖြစ်​သည်​ကို သင်​တို့ ထင်​မှတ်​ကြ​သ​နည်း။ ငါ​သည် ထို​သူ​ဖြစ်​သည်​မ​ဟုတ်။ ငါ့​နောက်​ကြွ​လာ​သော​သူ​တစ်​ပါး​ရှိ​သေး၏။ ထို​သူ၏ ခြေ​နင်း​တော်​ကို ငါ​မ​ချွတ်​ထိုက်​ဟု​ဆို၏။- အာ​ဗြ​ဟံ​အ​မျိုး​ဖြစ်​သော ညီ​အစ်​ကို​မှ​စ၍ သင်​တို့​တွင် ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​သော​သူ​တို့၊ ဤ​ကယ်​တင်​တော်​မူ​ခြင်း တ​ရား​စ​ကား​ကို သင်​တို့​အား ကြား​လိုက်​တော်​မူ၏။- ယေ​ရု​ရှ​လင်​မြို့၌ နေ​သော​သူ​တို့​နှင့်​တ​ကွ မင်း​များ​တို့​သည် ထို​သ​ခင်​ကို​လည်း​ကောင်း၊ ဥ​ပုသ်​နေ့​တိုင်း​အ​စဉ်​ဖတ်​ရွတ်​သော ပ​ရော​ဖက်​တို့၏ စ​ကား​ကို​လည်း​ကောင်း၊ မ​သိ​နား​မ​လည်​သော​ကြောင့်၊ ထို​သ​ခင်​ကို​စီ​ရင်​သော​အား​ဖြင့်၊ ထို​ပ​ရော​ဖက်​တို့၏ စ​ကား​ကို​ပြည့်​စုံ​စေ​ကြ​ပြီ။- ကိုယ်​တော်၌​သေ​ထိုက်​သော​အ​ပြစ် တစ်​စုံ​တစ်​ခု​ကို​မျှ မ​တွေ့​သော်​လည်း၊ ကွပ်​မျက်​စေ​မည်​အ​ကြောင်း ပိ​လတ်​မင်း​ထံ၌ တောင်း​လျှောက်​ကြ၏။- ထို​သ​ခင်​ကို​ရည်​မှတ်၍ ကျမ်း​စာ၌ ရေး​ထား​သ​မျှ​တို့​ကို ပြည့်​စုံ​စေ​ပြီး​လျှင်၊ အ​လောင်း​တော်​ကို သစ်​တိုင်​မှ​ချ၍ သင်္ချိုင်း​တွင်း၌ ထား​ကြ၏။- ဘု​ရား​သ​ခင်​သည်လည်း သေ​ခြင်း​မှ ထ​မြောက်​စေ​တော်​မူ​သည်​ဖြစ်၍၊- ဂါ​လိ​လဲ​ပြည်​မှ ယေ​ရု​ရှ​လင်​မြို့​သို့​နောက်​တော်၌ လိုက်​သော​သူ​တို့​အား နေ့​ရက်​များ​စွာ ကိုယ်​ကို ထင်​ရှား​ပြ​တော်​မူ၏။- ထို​သူ​တို့​သည် လူ​များ​တို့​အား သက်​သေ​ခံ ဖြစ်​ကြ၏။- ဆာ​လံ​ကျမ်း​ဒု​တိ​ယ​ခန်း၌ လာ​သည်​ကား၊ သင်​သည်​ငါ့​သား ဖြစ်၏။- ယ​နေ့​ပင် သင့်​ကို​ငါ​ဖြစ်​ဖွား​စေ​ပြီ​ဟု လာ​သည်​နှင့်​အ​ညီ၊ ဘု​ရား​သ​ခင်​သည် ယေ​ရှု​ကို ထ​မြောက်​စေ​တော်​မူ​သ​ဖြင့်၊ ငါ​တို့​ဘိုး​ဘေး များ၌​ရှိ​သော က​တိ​တော်​ကို ထို​သူ​တို့၏ သား​ဖြစ်​သော​ငါ​တို့​အား​ပြည့်​စုံ​စေ​တော်​မူ​သည် ဟူ၍​လည်း​ကောင်း၊ ဒါ​ဝိဒ်၌​မြဲ​မြံ​သော ကျေး​ဇူး​တော်​ကို သင်​တို့​အား ငါ​ပေး​မည်​ဟူ​သော​ဗျာ​ဒိတ်​တော်​နှင့်​အ​ညီ၊ ထို​သ​ခင်​ကို သေ​ခြင်း​မှ ထ​မြောက်​စေ၍၊ နောက်​တစ်​ဖန် ပုပ်​စပ်​ခြင်း​သို့ မ​ပြန်​ဘဲ အ​စဉ်​ကင်း​လွတ်​ရ​မည်​အ​ခွင့်​ကို ပေး​တော်​မူ​သည်​ဟူ၍​လည်း​ကောင်း၊ ဝမ်း​မြောက်​စ​ရာ​သ​တင်း ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ငါ​တို့​သည် သင်​တို့​အား ကြား​ပြော​ကြ၏။- ထို​ကြောင့် ဆာ​လံ​ကျမ်း​တစ်​ခန်း၌ လာ​သည်​ကား၊ ကိုယ်​တော်၏​သန့်​ရှင်း​သော​သူ​အား ပုပ်​စပ်​ခြင်း​ကို ရှိ​စေ​တော်​မ​မူ​ဟု လာ၏။- ဒါ​ဝိဒ်​သည် မိ​မိ​ကာ​လ၌ ဘု​ရား​သ​ခင်၏ အ​လို​တော်​ကို ဆောင်​ရွက်​ပြီး​လျှင်၊ ကျိန်း​စက်၍ မိ​မိ​ဘိုး​ဘေး​စု​ထဲ​သို့​ဝင်​သ​ဖြင့် ပုပ်​စပ်​ခြင်း​သို့ ရောက်​လေ၏။- ဘု​ရား​သ​ခင် ထ​မြောက်​စေ​တော်​မူ​သော သူ​မူ​ကား၊ ပုပ်​စပ်​ခြင်း​သို့ မ​ရောက်။ ထို​ကြောင့် ညီ​အစ်​တို့၊ ထို​သ​ခင်၏​ကျေး​ဇူး​တော်​ကြောင့် အ​ပြစ်​လွှတ်​ခြင်း​တ​ရား​ကို သင်​တို့​အား ဟော​ကြား​သည်​ကို​လည်း​ကောင်း၊- ထို​သ​ခင်​ကို ယုံ​ကြည်​သော​သူ ရှိ​သ​မျှ​တို့​သည် မော​ရှေ၏ တ​ရား​အ​တိုင်း မ​လွတ်​နိုင်​သော အ​ပြစ်​ရှိ​သ​မျှ​တို့​နှင့် လွတ်​ရ​ကြ​သည်​ကို​လည်း​ကောင်း သိ​မှတ် ကြ​လော့။- အ​နာ​ဂ​တ္တိ​ကျမ်း၌​လာ​သည်​ကား၊ မ​ထီ​မဲ့​မြင် ပြု​တတ်​သော​သူ​တို့၊ ကြည့်​ရှု​အံ့​ဩ၍ ပြယ်​ပျောက်​ခြင်း​သို့ ရောက်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ သင်​တို့​အား သူ​တစ်​ပါး ပြ​ညွှန်​သော်​လည်း၊ သင်​တို့​မ​ယုံ​သော အ​မှု​ကို သင်​တို့​လက်​ထက်​ကာ​လ၌ ငါ​ပြု​သည်​ဟု ကျမ်း​စာ၌ ပါ​သော​အ​ရာ​ကို သင်​တို့​အ​ပေါ်​သို့ မ​ရောက်​စေ​မည်​အ​ကြောင်း၊ သ​တိ​ပြု​ကြ​လော့​ဟု ပေါ​လု​ဟော​ပြော​လေ၏။ လူ​များ​တို့​သည် တ​ရား​ဇ​ရပ်​မှ ထွက်​သွား​ကြ​စဉ်၊ ထို​အ​ကြောင်း​အ​ရာ​တို့​ကို မိ​မိ​တို့​အား နောက်​ဥ​ပုသ်​နေ့၌ ဟော​ပြော​ပါ​မည်​အ​ကြောင်း တောင်း​ပန်​ကြ၏။- အ​စည်း​အ​ဝေး​ပြီး၍ ပြန်​ကြ​သော​အ​ခါ ယု​ဒ​လူ​မှ​စ၍ ဘု​ရား​ကို ကိုး​ကွယ်​သော ဘာ​သာ​ဝင်​သူ​များ​တို့​သည် ပေါ​လု​နှင့် ဗာ​န​ဗ​နောက်​သို့ လိုက်​ကြ​သည်​ဖြစ်၍ ထို​သူ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်၌ တည်​ကြည်​မည်​အ​ကြောင်း၊ တ​မန်​တော်​တို့​သည် ဖြား​ယောင်း၍ ဆုံး​မ​ဩ​ဝါ​ဒ​ပေး​လေ၏။