YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 11:19-26

တမန်တော် 11:19-26 JBMLE

ထို​မှ​တစ်​ပါး၊ သ​တေ​ဖန်၏​အ​မှု​ကြောင့် ညှဉ်း​ဆဲ​ခြင်း​ကို​ခံ​ရ၍ အ​ရပ်​ရပ်​သို့ ကွဲ​ပြား​သော​သူ​တို့​သည် ဖိ​နိတ်၊ ကု​ပ​ရု၊ အ​န္တိ​အုတ်​မြို့​များ​သို့ တိုင်​အောင်​သွား၍၊ ယု​ဒ လူ​တို့​အား​သာ နှုတ်​က​ပတ်​တ​ရား​တော်​ကို ဟော​ပြော​ကြ၏။- နောက်​မှ ထို​သူ​အ​ချို့​တို့​သည် ကု​ပ​ရု​ပြည်​သား၊ ကု​ရေ​နေ​ပြည်​သား​ဖြစ်၍ အ​န္တိ​အုတ်​သို့​သွား​ပြီး​လျှင်၊ သ​ခင်​ယေ​ရှု၏ အ​ကြောင်း​တည်း​ဟူ​သော ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟေ​လေ​နစ်​လူ​တို့​အား ဟော​ပြော​ကြ၏။- သ​ခင်​ဘု​ရား၏ လက်​တော်​သည် ထို​သူ​တို့​နှင့်​တ​ကွ ရှိ​တော်​မူ​သ​ဖြင့်၊ လူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်၍ သ​ခင်​ဘု​ရား​ထံ​သို့ ပြောင်း​လဲ​ကြ၏။ ထို​အ​ကြောင်း​အ​ရာ​ကို ယေ​ရု​ရှ​လင်​မြို့၌​ရှိ​သော အ​သင်း​တော်​သည် ကြား​လျှင်၊ အ​န္တိ​အုတ်​မြို့​တိုင်​အောင် သွား​စေ​မည်​အ​ကြောင်း ဗာ​န​ဗ​ကို​စေ​လွှတ်​လေ၏။- ထို​သူ​သည် ရောက်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို မြင်​လျှင် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​ရှိ၍ ထို​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် သ​ခင်​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​မည်​အ​ကြောင်း တိုက်​တွန်း နှိုး​ဆော်​လေ၏။- ထို​သူ​သည် သူ​တော်​ကောင်း​ဖြစ်၍၊ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်​နှင့်​လည်း​ကောင်း၊ ယုံ​ကြည်​ခြင်း​နှင့်​လည်း​ကောင်း၊ ပြည့်​စုံ​သော​အား​ဖြင့်၊ လူ​များ​အ​ပေါင်း​တို့​သည် သ​ခင်​ဘု​ရား​ထံ​သို့ ဝင်​စား​ကြ၏။ ဗာ​န​ဗ​သည်​လည်း ရှော​လု​ကို ရှာ​လျက် တာ​ရှု​မြို့​သို့​သွား၏။ တွေ့​လျှင်​အ​န္တိ​အုတ်​မြို့​သို့​ခေါ်​ခဲ့၏။- ထို​သူ​တို့​သည် တစ်​နှစ်​ပတ်​လုံး ထို​အ​သင်း​တော်​နှင့်​အ​တူ စည်း​ဝေး၍၊ လူ​များ​အ​ပေါင်း​တို့​အား ဆုံး​မ​ဩ​ဝါ​ဒ​ပေး​ကြ၏။ တ​ပည့်​တော်​တို့​သည်​လည်း ခ​ရစ်​ယာန်​ဟူ​သော ခေါ်​ဝေါ်​သ​မုတ်​ခြင်း​ကို အ​န္တိ​အုတ်​မြို့၌ အ​ဦး​ခံ​ရ​ကြ၏။