YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 10:44-48

တမန်တော် 10:44-48 JBMLE

ထို​စ​ကား​ကို မြွက်​ဆို​စဉ်၊ နှုတ်​က​ပတ်​တ​ရား​တော်​ကို ကြား​နာ​ရ​သော သူ​အ​ပေါင်း​တို့​အ​ပေါ်​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​သည် သက်​ရောက်​တော်​မူ၏။- တစ်​ပါး​အ​မျိုး​သား​တို့ အ​ပေါ်​သို့ သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ ကျေး​ဇူး​ကို သွန်း​လောင်း​သော​ကြောင့်၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို ခံ​သော​သူ​တည်း​ဟူ​သော ပေ​တ​ရု​နှင့် ပါ​သ​မျှ​သော တ​ပည့်​တော်​တို့​သည် မိန်း​မော​တွေ​ဝေ​ခြင်း​ရှိ​ကြ၏။- အ​ကြောင်း​မူ​ကား၊ ထို​သူ​တို့​သည် အ​မျိုး​မျိုး​သော ဘာ​သာ​စ​ကား​အား​ဖြင့်​ပြော၍၊ ဘု​ရား​သ​ခင်​ကို ချီး​မွမ်း​သည်​ကို ကြား​ကြ​လေ၏။- ထို​အ​ခါ ပေ​တ​ရု​က၊ ငါ​တို့​ကဲ့​သို့ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​ကို​ခံ​ရ​သော ဤ​သူ​တို့​ကို ဗ​တ္တိ​ဇံ​မ​ပေး​စေ​ခြင်း​ငှာ အ​ဘယ်​သူ​သည် ရေ​ကို မြစ်​တား​နိုင်​သ​နည်း ဟု​ဆို​လျက်၊- သ​ခင်​ဘု​ရား၏​နာ​မ၌ ဗ​တ္တိ​ဇံ​ကို ခံ​စေ​မည်​အ​ကြောင်း စီ​ရင်​လေ၏။ ထို​နောက်​မှ ပေ​တ​ရု​သည် ကာ​လ​အ​တန်​အ​ရာ နေ​ပါ​မည်​အ​ကြောင်း​ကို ထို​သူ​တို့​သည် တောင်း​ပန်​ကြ၏။