ထိုနောက်တစ်နေ့၌ ကဲသရိမြို့သို့ဝင်ကြ၍၊ ကော်နေလိသည် မိမိအဆွေအမျိုး မိတ်ဆွေခင်ပွန်းများတို့ကို စုဝေးစေပြီးလျှင်၊ ထိုသူတို့ကိုမျှော်လင့်လျက်နေကြ၏။- ပေတရုရောက်လာသောအခါ ကော်နေလိသည် ခရီးဦးကြိုပြု၍၊ ပေတရု၏ခြေရင်း၌ ပျပ်ဝပ်လျက် ကိုးကွယ်လေ၏။- ပေတရုသည် သူ့ကိုချီပင့်လျက်၊ ထလော့။ ငါကိုယ်တိုင် လူဖြစ်သည်ဟုဆို၏။- ထိုသို့နှုတ်ဆက်၍ ဝင်လေသော် စုဝေးလျက်ရှိကြသော လူများကိုတွေ့လျှင်၊- ပေတရုက၊ ယုဒလူဖြစ်သောသူတို့သည် တစ်ပါးအမျိုးသားတို့နှင့် မပေါင်းဖော် မချည်းကပ်အပ်သည်ကို သင်တို့သိကြ၏။ သို့သော်လည်း ညစ်ညူးသည် မစင်ကြယ်ဟု အဘယ်သူကိုမျှ မခေါ်ရမည်အကြောင်း၊ ဘုရားသခင်သည်၊ ငါ့အား ဆုံးမပြသတော်မူပြီ။- ထိုကြောင့် ငါ့ကိုခေါ်ကြသောအခါ ငါသည် မငြင်းမခုံဘဲလျက် လာ၏။ သို့ဖြစ်၍ အဘယ်အကြောင်းကြောင့် ငါ့ကိုခေါ်ကြသနည်း၊ ငါမေးလိုသည်ဟု ထိုသူတို့ အားပြောဆို၏။ ကော်နေလိကလည်း၊ အကျွန်ုပ်သည် ယခုအချိန် နာရီတိုင်အောင် အစာရှောင်၍ သုံးချက်တီးအချိန်တွင် အိမ်၌ဆုတောင်းလျက် နေသည်၊ ယခု လေးရက်ရှိပါပြီ။ ထိုအချိန်၌ လူတစ်ယောက်သည် ထွန်းတောက်သောအဝတ်ကို ဝတ်လျက် အကျွန်ုပ် ရှေ့မှောက်၌ရပ်၍၊- ကော်နေလိ၊ သင်ပြုသောပတ္ထနာကို ဘုရားသခင်သည် ကြား၍၊ သင်စွန့်ကြဲခြင်းကိုလည်း မှတ်တော်မူပြီ။- ထိုကြောင့် ယုပ္ပေမြို့သို့စေလွှတ်၍ ပေတရု အမည်သစ်ကိုရသော ရှိမုန်ကို ခေါ်ပင့်လော့။ ထိုသူသည် ပင်လယ်နားမှာ သားရေလုပ်သမား ရှိမုန်၏အိမ်၌ တည်းနေ၏။ ထိုသူသည်ရောက်လာလျှင် သင့်အား ဟောပြောလိမ့်မည်ဟု ပြောဆိုပါ၏။- ထိုကြောင့် အကျွန်ုပ်သည် ကိုယ်တော်ထံသို့ အလျင်အမြန်စေလွှတ်၍၊ ကိုယ်တော်သည် ကြွလာသောအားဖြင့် ကောင်းမွန်စွာပြုပါပြီ။ သို့ဖြစ်၍ ဘုရားသခင်သည် ကိုယ်တော်၌မှာထားတော်မူသမျှကို နားထောင်ခြင်းငှာ၊ ယခုအကျွန်ုပ်တို့ရှိသမျှသည် ဘုရားသခင်ရှေ့တော်၌ အသင့်နေကြပါသည်ဟု ကော်နေလိ ပြောဆို၏။ ထိုအခါပေတရုသည် နှုတ်ကိုဖွင့်၍၊ အကယ်စင်စစ် ဘုရားသခင်သည် လူမျက်နှာကို မှတ်တော်မမူ။- လူအမျိုးမျိုးတို့တွင် ဘုရားသခင်ကို ကြောက်ရွံ့၍ တရားသဖြင့် ကျင့်ဆောင်သောသူသည် အထံတော်၌ မျက်နှာရသည်ကို ငါသိမြင်၏။- အလုံးစုံတို့ကို အစိုးရတော်မူသော သခင်ယေရှုခရစ်အားဖြင့် ရန်ငြိမ်းခြင်းတရားတည်းဟူသော ဧဝံဂေလိတရားကို ဟောတော်မူလျက်၊ ဣသရေလ အမျိုးသားတို့အား ပေးလိုက်တော်မူသော တရားတော်နှင့်အညီ၊- ယောဟန်သည် ဗတ္တိဇံတရားကို ဟောသည်နောက် ဂါလိလဲပြည်မှစ၍ ယုဒပြည်အရပ်ရပ်တို့၌ နှံ့ပြားသော အကြောင်းအရာကို သင်တို့သည် သိကြ၏။- ထိုအကြောင်းအရာဟူမူကား၊ ဘုရားသခင်သည် သန့်ရှင်းသော ဝိညာဉ်တော်နှင့်လည်းကောင်း၊ တန်ခိုးတော်နှင့်လည်းကောင်း၊ နာဇရက်မြို့သား ယေရှုကို ဘိသိက်ပေးတော်မူသဖြင့်၊ ထိုသူသည် ဘုရားသခင်၏အခွင့်တော်နှင့် ကျေးဇူးပြုလျက်၊ မာရ်နတ်ညှဉ်းဆဲသော သူအပေါင်းတို့အား ချမ်းသာကိုပေးလျက် လှည့်လည်တော်မူ၏။- ငါတို့သည်လည်း၊ ယေရုရှလင်မြို့မှစ၍ ယုဒပြည်တွင်ပြုတော်မူသော အမှုများတို့၏ သက်သေခံဖြစ်ကြ၏။ ထိုသူကို သစ်တိုင်၌ဆွဲ၍ ကွပ်မျက်ကြလေ၏။- သုံးရက်မြောက်သောနေ့၌ ဘုရားသခင်သည် ထမြောက်စေတော်မူ၍၊- လူအပေါင်းတို့အား ထင်ရှားစွာပြတော်မမူ၊ ဘုရားသခင်ခန့်ထားတော်မူနှင့်သော သက်သေခံတည်းဟူသော ငါတို့အား ထင်ရှားစွာ ပြတော်မူ၏။ သေခြင်းမှ ထမြောက်တော်မူသည်နောက်၊ ထိုသခင်နှင့်အတူ ငါတို့သည် စားသောက်ရကြ၏။- ထိုသခင်သည်လည်း အသက်ရှင်သောသူတို့နှင့် သေသောသူတို့ကို တရားစီရင်သောသခင်ဖြစ်စေခြင်းငှာ၊ ဘုရားသခင် ခန့်ထားတော် မူကြောင်းကို လူအပေါင်းတို့အား ဟောပြောကြလော့။ သက်သေခံကြလော့ဟု ငါတို့အား ပညတ်ထားတော်မူ၏။- ထိုသခင်ကို ယုံကြည်သောသူရှိသမျှတို့သည် နာမတော်အားဖြင့် အပြစ်လွှတ်တော်မူခြင်း ကျေးဇူးကို ခံရကြလတ္တံ့ဟူ၍ ပရောဖက်အပေါင်းတို့သည် ထိုသခင်၏ သက်သေခံဖြစ်ကြသည်ဟု ပေတရုမြွက်ဆို၏။ ထိုစကားကို မြွက်ဆိုစဉ်၊ နှုတ်ကပတ်တရားတော်ကို ကြားနာရသော သူအပေါင်းတို့အပေါ်သို့ သန့်ရှင်းသောဝိညာဉ်တော်သည် သက်ရောက်တော်မူ၏။- တစ်ပါးအမျိုးသားတို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော်၏ ကျေးဇူးကို သွန်းလောင်းသောကြောင့်၊ အရေဖျားလှီးခြင်းကို ခံသောသူတည်းဟူသော ပေတရုနှင့် ပါသမျှသော တပည့်တော်တို့သည် မိန်းမောတွေဝေခြင်းရှိကြ၏။- အကြောင်းမူကား၊ ထိုသူတို့သည် အမျိုးမျိုးသော ဘာသာစကားအားဖြင့်ပြော၍၊ ဘုရားသခင်ကို ချီးမွမ်းသည်ကို ကြားကြလေ၏။- ထိုအခါ ပေတရုက၊ ငါတို့ကဲ့သို့ သန့်ရှင်းသောဝိညာဉ်တော်ကိုခံရသော ဤသူတို့ကို ဗတ္တိဇံမပေးစေခြင်းငှာ အဘယ်သူသည် ရေကို မြစ်တားနိုင်သနည်း ဟုဆိုလျက်၊- သခင်ဘုရား၏နာမ၌ ဗတ္တိဇံကို ခံစေမည်အကြောင်း စီရင်လေ၏။ ထိုနောက်မှ ပေတရုသည် ကာလအတန်အရာ နေပါမည်အကြောင်းကို ထိုသူတို့သည် တောင်းပန်ကြ၏။
တမန်တော် 10 ကို ဖတ်ရှုရန်
နားထောင်ရန် တမန်တော် 10
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: တမန်တော် 10:24-48
28 Days
Do you feel overwhelmed, dissatisfied, and stuck in a rut? Wishing your day-to-day life could improve? God's Word is your guide to brighter days. During this 28-day reading plan, you will discover ways you can go from living just a good life to living the type of better life that God desires you to have.
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ