YouVersion လိုဂို
ရှာရန် အိုင်ကွန်

တမန်တော် 1:21-26

တမန်တော် 1:21-26 JBMLE

ထို​ကြောင့် ယောဟန်​သည် ဗ​တ္တိ​ဇံ​ကို ပေး​သည်​ကာ​လ​မှ​စ၍၊ သ​ခင်​ယေ​ရှု​သည် ငါ​တို့​နှင့်​ခွာ၍ အ​ထက်​သို့​ဆောင်​ယူ​ခြင်း​ကို ခံ​တော်​မူ​သည်​နေ့​ရက်​တိုင်​အောင်၊ တ​ပည့်​တော်​တို့​နှင့်​အ​တူ ထွက်​ဝင်​သွား​လာ​တော်​မူ​သော ကာ​လ​ပတ်​လုံး ငါ​တို့​နှင့်​ပေါင်း​ဖော်၍​နေ​သော​သူ တစ်​စုံ​တစ်​ယောက်​သည်၊ ထို​သ​ခင်​ထ​မြောက်​တော်​မူ​သည် အ​ကြောင်း​ကို ဟော​ပြော၍ ငါ​တို့​နှင့်​အ​တူ သက်​သေ​ခံ​ဖြစ်​ရ​မည်​ဟု ပေ​တ​ရု​ပြော​ဆို၏။- ဗာ​ရှ​ဗ​ဟု ခေါ်​ဝေါ်၍ ယု​တ္တု​အ​မည်​သစ်​ကို​ရ​သော ယော​သပ်​နှင့် မဿိ​ကို ခန့်​ထား၍၊- ဤ​သို့​ဆု​တောင်း​ကြ၏။- လူ​အ​ပေါင်း​တို့၏ စိတ်​နှ​လုံး​ကို​သိ​တော်​မူ​သော သ​ခင်​ဘု​ရား၊ ယု​ဒ​ရှ​ကာ​ရုတ်​သည် မိ​မိ​နေ​ရာ​အ​ရပ်​သို့ သွား​အံ့​သော​ငှာ ဓ​မ္မ​ဆ​ရာ၏​အ​ရာ၊ တ​မန်​တော်၏​အ​ရာ​မှ ရွေ့​လျော့​ဖောက်​ပြန်​သည်​ဖြစ်၍၊ ထို​အ​ရာ​ကို​ခံ​စေ​ခြင်း​ငှာ ဤ​သူ​နှစ်​ယောက်​တို့​တွင် ရွေး​ကောက်​တော်​မူ​သော​သူ​ကို ပြ​ညွှန်​တော်​မူ​ပါ​ဟု ဆု​တောင်း​ပြီး​မှ၊- စာ​ရေး​တံ​ချ​ကြ​သ​ဖြင့် မဿိ​သည် စာ​ရေး​တံ​ကို​ရ၍၊ တစ်​ကျိပ်​တစ်​ပါး​သော​တ​မန်​တော်​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​သို့ ရောက်​လေ၏။