YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 2:14-26

၂ တိမောသေ 2:14-26 JBMLE

ဤ​အ​ကြောင်း​အ​ရာ​များ​ကို သူ​တစ်​ပါး​တို့​အား သ​တိ​ပေး​လော့။ အ​ဘယ်​အ​ကျိုး​ကို​မျှ မ​ပြု​စု၊ ကြား​နာ​သော​သူ​တို့၏ စိတ်​ကို​မှောက်​လှန်​လို​သော​ငှာ၊ စ​ကား​ကြောင့်​သာ ငြင်း​ခုံ​ခြင်း​ကို မ​ပြု​မည်​အ​ကြောင်း၊ သ​ခင်​ဘု​ရား​ရှေ့၌ သ​စ္စာ​ပေး​လော့။- သင်​မူ​ကား၊ ဝန်​ခံ​တော်​မူ​သော​သူ၊ ရှက်​ကြောက်​စ​ရာ​အ​ကြောင်း​မ​ရှိ​ဘဲ၊ သ​မ္မာ​တ​ရား​ကို မှန်​ကန်​စွာ ပိုင်း​ခြား​တတ်​သော ဆ​ရာ​သ​မား​ဖြစ်​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၌ ကိုယ်​ကို​ကိုယ် ဆက်​သ​ခြင်း​ငှာ ကြိုး​စား​အား​ထုတ်​လော့။- တ​ရား​မဲ့​ဖြစ်​သော အ​ချည်း​နှီး​စ​ကား​ကို ရှောင်​လော့။ အ​ကြောင်း​မူ​ကား၊ ထို​စ​ကား​သည် မ​တ​ရား​သော အ​မှု​တို့​ကို ပွား​များ​စေ​လိမ့်​မည်။- သူ​တို့၏​စ​ကား​သည် ခူ​နာ​ကဲ့​သို့ စား​လိမ့်​မည်။ ထို​သူ​တို့​တွင် ဟု​မေ​နဲ​နှင့်​ဖိ​လက် ပါ​သ​တည်း။- သူ​တို့​က သေ​လွန်​သော သူ​တို့​သည် ထ​မြောက်​ကြ​ပြီ​ဟု ပြော​လျက်၊ သ​မ္မာ​တ​ရား​လမ်း​မှ လွဲ​သွား၍ အ​ချို့​သော​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို မှောက်​လှန်​တတ်​ကြ၏။- သို့​သော်​လည်း၊ သ​ခင်​ဘု​ရား​သည် မိ​မိ​လူ​တို့​ကို သိ​ကျွမ်း​တော်​မူ၏ ဟူ၍​လည်း​ကောင်း၊ ဘု​ရား​သ​ခင်၏​နာ​မ​တော်​ကို ၀န်​ခံ​သော​သူ​မည်​သည်​ကား၊ မ​တ​ရား​သော​အ​မှု​ကို ရှောင်​ရ​မည်​ဟူ၍​လည်း​ကောင်း၊ တံ​ဆိပ်​ခတ်​လျက်​ရှိ​သော ဘု​ရား​သ​ခင်၏ တိုက်​မြစ်​သည် ခိုင်​ခံ့၍​တည်၏။- ကြီး​စွာ​သော​အိမ်၌ ရွှေ​တန်​ဆာ၊ ငွေ​တန်​ဆာ​သာ ရှိ​သည်​မ​ဟုတ်၊ သစ်​သား​တန်​ဆာ၊ မြေ​တန်​ဆာ​ရှိ၏။ အ​သ​ရေ​ရှိ​သော​တန်​ဆာ၊ အ​သ​ရေ​မ​ရှိ​သော တန်​ဆာ​ရှိ၏။- သို့​ဖြစ်၍၊ အ​ထက်​ဆို​ခဲ့​ပြီး​သော​အ​ကျင့်​တို့​ကို ပယ်၍၊ မိ​မိ​ကို စင်​ကြယ်​စေ​သော​သူ မည်​သည်​ကား၊ အ​သ​ရေ​ရှိ​သော​တန်​ဆာ၊ သန့်​ရှင်း၍ အိမ်​ရှင်​သုံး​စ​ရာ ကောင်း​သော​တန်​ဆာ၊ ကောင်း​သော​အ​မှု​များ​အ​ဖို့ အ​လို​ငှာ ပြင်​ဆင်​သော​တန်​ဆာ ဖြစ်​လိမ့်​မည်။ လူ​ပျို​တို့၏ တပ်​မက်​ခြင်း ကိ​လေ​သာ​စိတ်​ကို ကြဉ်​ရှောင်​လော့။ ဖြောင့်​မတ်​ခြင်း၊ သ​စ္စာ​ရှိ​ခြင်း၊ ချစ်​ခြင်း၊ စင်​ကြယ်​သော​စိတ်​ရှိ၍၊ သ​ခင်​ဘု​ရား​ကို​ပ​တ္ထ​နာ​ပြု​သော သူ​တို့​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​တို့​ကို မှီ​အောင်​လိုက်​လော့။- မိုက်​မဲ၍ ပ​ညာ​ကင်း​သော ပု​စ္ဆာ​အ​မေး​တို့​သည် ရန်​ပွား​စေ​တတ်​သည်​ဟု သိ​မှတ်၍​ပယ်​ရှား​လော့။- သ​ခင်​ဘု​ရား၏ ကျွန်​သည် ရန်​မ​တွေ့​ရ။ ခပ်​သိမ်း​သော သူ​တို့​အား ဖြည်း​ညင်း​စွာ ပြု​သော​သူ၊ ဆုံး​မ ဩ​ဝါ​ဒ​ပေး​ခြင်း​အ​မှု၌ လိ​မ္မာ​သော​သူ၊ သည်း​ခံ​နိုင်​သော​သူ ဖြစ်​ရ​မည်။- ဆီး​တား​ငြင်း​ခုံ​သော​သူ​တို့​ကို နူး​ညံ့​သိမ်​မွေ့​စွာ ဆုံး​မ​ရ​မည်။ သ​မ္မာ​တ​ရား​ကို ဝန်​ခံ​ခြင်း​အ​လို​ငှာ၊ နောင်​တ​ကို ဘု​ရား​သ​ခင် ပေး​ကောင်း​ပေး​တော်​မူ၍၊- မာရ်​နတ်၏ အ​လို​အ​တိုင်း ဖမ်း​မိ​သော​ထို​သူ​တို့​သည် သ​တိ​ရ၍၊ ထို​ဖမ်း​မိ​ရာ​မှ လွတ်​ခြင်း​သို့ ရောက်​ကောင်း ရောက်​ကြ​လိမ့်​မည်။