YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ တိမောသေ 1:6-11

၂ တိမောသေ 1:6-11 JBMLE

ထို​သို့​ဖြစ်၍၊ ငါ​လက်​တင်​သော​အား​ဖြင့်၊ သင်၌ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော​ဆု​ကို နှိုး​ဆော်​မည်​အ​ကြောင်း၊ ငါ​သည် သင့်​ကို​သ​တိ​ပေး၏။- အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ကြောက်​တတ်​သော စိတ်​သ​ဘော​ကို ငါ​တို့​အား ပေး​တော်​မူ​သည်​မ​ဟုတ်၊ တန်​ခိုး​ပါ​သော​စိတ်၊ ချစ်​တတ်​သော​စိတ်၊ ရှင်း​လင်း​သော​စိတ်​သ​ဘော​ကို ပေး​တော်​မူ၏။- ထို​ကြောင့်၊ ငါ​တို့​သ​ခင်​ဘု​ရား၏ သက်​သေ​ကို​လည်း​ကောင်း၊ ထို​သ​ခင်​ကြောင့် အ​ကျဉ်း​ခံ​ရ​သော​သူ​ဖြစ်​သော ငါ​ကို​လည်း​ကောင်း ရှက်​ကြောက်​ခြင်း​မ​ရှိ​နှင့်။ ဘု​ရား​သ​ခင်​ပေး​တော်​မူ​သော တန်​ခိုး​ကို​ရ​သည်​အ​တိုင်း ဧ​ဝံ​ဂေ​လိ​တ​ရား​နှင့် ဆက်​ဆံ၍ ဆင်း​ရဲ​ဒု​က္ခ​ကို​ခံ​လော့။- ဘု​ရား​သ​ခင်​သည် ငါ​တို့​ကျင့်​သော​အ​ကျင့်​ကို ထောက်​တော်​မ​မူ။ ရှေး​ကပ်​ကာ​လ​မ​ရောက်​မီ၊ ယေ​ရှု​ခ​ရစ်​အား​ဖြင့် ငါ​တို့​အ​ဖို့ ကိုယ်​တော်​တိုင်​ကြံ​စည်​တော်​မူ​သော ကျေး​ဇူး​တော်​နှင့်​အ​ညီ ငါ​တို့​ကို​ကယ်​တင်၍၊ သန့်​ရှင်း​သော​အ​ရာ၌ ခေါ်​သွင်း​တော်​မူ၏။- ထို​ကျေး​ဇူး​တော်​ကား၊ ငါ​တို့​ကို​ကယ်​တင်​သော​သ​ခင်​ယေ​ရှု​ခ​ရစ် ပေါ်​ထွန်း​သည်​အ​ရာ​မှာ ယ​ခု​ထင်​ရှား​လျက်​ရှိ၏။ ထို​သ​ခင်​သည် သေ​ခြင်း​အ​ကြောင်း​ကို ပယ်​ရှား၍၊ အ​သက်​ရှင်​ခြင်း​အ​ကြောင်း​နှင့် မ​ဖောက်​ပြန်​ခြင်း​အ​ကြောင်း​ကို ဧ​ဝံ​ဂေ​လိ​တ​ရား​အား​ဖြင့် ထင်​ရှား​စေ​တော်​မူ​ပြီ။- ထို​တ​ရား​ကို ဟော​ပြော​သော​သူ​အ​ရာ၌​လည်း​ကောင်း၊ တ​မန်​တော်​အ​ရာ၌​လည်း​ကောင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ ဆ​ရာ​အ​ရာ၌​လည်း​ကောင်း ငါ့​ကို​ခန့်​ထား​တော်​မူ​ပြီ၊