ငါ့ကျွန်ဒါဝိဒ်ထံသို့ သွားလော့။ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ငါနေစရာဖို့ အိမ်ကိုဆောက်ရမည်လော။ ဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နုတ်ဆောင်သောနေ့ကစ၍ ယနေ့တိုင်အောင် အိမ်နှင့်ငါမနေ။ တဲအမျိုးမျိုးနှင့် ငါလှည့်လည်ပြီ။ ဣသရေလအမျိုးသားတို့နှင့် ငါလှည့်လည်ရာ အရပ်ရပ်တို့၌၊ ငါ၏လူ ဣသရေလအမျိုးကို ကျွေးမွေးစေခြင်းငှာ၊ ငါစေခိုင်းသော ဣသရေလတရားသူကြီး တစ်စုံတစ်ယောက်အား၊ သင်သည်ငါ့အဖို့ အာရဇ်သစ်သားအိမ်ကို အဘယ်ကြောင့် မဆောက်သနည်းဟု ငါဆိုဖူးသလော။ ယခုမှာ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ သိုးထိန်းရာသိုးခြံထဲက သင့်ကိုငါနုတ်ယူ၍၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အုပ်စိုးသောမင်းအရာ၌ ငါခန့်ထားပြီ။ သင်သွားလေရာရာ၌ ငါလိုက်၍ သင်၏ရန်သူအပေါင်းတို့ကို သင့်ရှေ့မှပယ်ရှားသဖြင့်၊ မြေကြီးသားတို့တွင် လူကြီး၏ဂုဏ်အသရေကဲ့သို့ သင်၌ကြီးစွာသော ဂုဏ်အသရေကိုငါပေးပြီ။ ထိုမှတစ်ပါး ငါ၏လူဣသရေလအမျိုးနေရာအရပ်ကို ငါပြင်ဆင်ပြီ။ သူတို့သည် နောက်တစ်ဖန် မပြောင်းမလဲ မိမိတို့နေရာ၌ နေစေခြင်းငှာ ငါမြဲမြံစေမည်။ မတရားသောသူတို့သည် ရှေးကာလ၌လည်းကောင်း၊ ငါ၏လူ ဣသရေလအမျိုးတွင် တရားသူကြီးတို့ကို ခန့်ထားသောကာလ၌လည်းကောင်း၊ ညှဉ်းဆဲသကဲ့သို့ နောက်တစ်ဖန် မညှဉ်းဆဲရ။ သင့်ကိုလည်း ရန်သူအပေါင်းတို့လက်မှ ကယ်လွှတ်၍ ချမ်းသာပေးပြီ။ သင်၏အမျိုးအနွယ်ကိုလည်း ငါတည်စေမည်ဟု ထာဝရဘုရားမိန့်တော်မူပြီ။
၂ ဓမ္မရာဇဝင် 7 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ဓမ္မရာဇဝင် 7:5-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ