YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 7:11-16

၂ ဓမ္မရာဇဝင် 7:11-16 JBMLE

ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​တွင် တ​ရား​သူ​ကြီး​တို့​ကို ခန့်​ထား​သော​ကာ​လ၌​လည်း​ကောင်း၊ ညှဉ်း​ဆဲ​သ​ကဲ့​သို့ နောက်​တစ်​ဖန် မ​ညှဉ်း​ဆဲ​ရ။ သင့်​ကို​လည်း ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ကယ်​လွှတ်၍ ချမ်း​သာ​ပေး​ပြီ။ သင်၏​အ​မျိုး​အ​နွယ်​ကို​လည်း ငါ​တည်​စေ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​ပြီ။ သင်​သည် အ​သက်​ကာ​လ​စေ့၍ ဘိုး​ဘေး​တို့​နှင့်​အ​တူ အိပ်​ပျော်​သော​အ​ခါ သင်၏​ရင်​သွေး၊ သင်​မှ​ဆင်း​သက်​သော သား​ကို ငါ​ချီး​မြှောက်၍ သူ၏​နိုင်​ငံ​ကို​တည်​ထောင်​မည်။ ထို​သား​သည် ငါ၏​နာ​မ​အ​ဖို့ အိမ်​ကို​ဆောက်​လိမ့်​မည်။ သူ​ထိုင်​သော ရာ​ဇ​ပ​လ္လင်​ကို အ​စဉ်​အ​မြဲ ငါ​တည်​စေ​မည်။ ငါ​သည် သူ၏​အ​ဘ​ဖြစ်​မည်။ သူ​သည်​လည်း ငါ၏​သား​ဖြစ်​လိမ့်​မည်။ သူ​သည် ဒု​စ​ရိုက်​ကို​ပြု​လျှင် လူ​သုံး​တတ်​သော ကြိမ်​လုံး​နှင့် ငါ​ဆုံး​မ​မည်။ လူ​သား​ရိုက်​တတ်​သ​ကဲ့​သို့​ငါ​ရိုက်​မည်။ သို့​ရာ​တွင် သင့်​ရှေ့​မှာ ငါ​ပယ်​ရှား​သော​ရှော​လု၌ ငါ၏​က​ရု​ဏာ​ကို​နုတ်​သ​ကဲ့​သို့ သင်၏​သား၌ ငါ​မ​နုတ်။ သင်၏​အ​မျိုး​အ​နွယ်​နှင့်၊ သင်၏​နိုင်​ငံ​သည် ငါ့​ရှေ့​မှာ အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်။ သင်၏​ရာ​ဇ​ပ​လ္လင်​သည်​လည်း အ​စဉ်​အ​မြဲ​တည်​လိမ့်​မည်​ဟု ငါ့​ကျွန်​ဒါ​ဝိဒ်​အား​ပြော​လော့​ဟု မိန့်​တော်​မူ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။