YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 5:1-5

၂ ဓမ္မရာဇဝင် 5:1-5 JBMLE

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​ပေါင်း​တို့​သည် ဒါ​ဝိဒ်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့​လာ၍၊ ကျွန်​တော်​တို့​သည် ကိုယ်​တော်​အ​ရိုး၊ ကိုယ်​တော်​အ​သား​ဖြစ်​ကြ​ပါ၏။ အ​ထက်​က ရှော​လု​သည် ကျွန်​တော်​တို့၌ ရှင်​ဘု​ရင်​ဖြစ်​သော​အ​ခါ၊ ကိုယ်​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ဆောင်​သွား​လျက်၊ သွင်း​ပြန်​လျက် နေ​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင်​သည်​ငါ၏​လူ ဣ​သ​ရေ​လ​အ​မျိုး​ကို လုပ်​ကျွေး​အုပ်​စိုး​ရ​မည်​ဟု ကိုယ်​တော်​အား မိန့်​တော်​မူ​ပြီ​ဟု လျှောက်​ဆို​ကြ၏။ ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် ရှင်​ဘု​ရင်​ရှိ​ရာ ဟေ​ဗြုန်​မြို့​သို့ ရောက်​လာ​လျှင်၊ ဒါ​ဝိဒ်​မင်း​ကြီး​သည် ဟေ​ဗြုန်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ သူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ခြင်း၊ သူ​တို့​သည် ဒါ​ဝိဒ်​ကို ဘိ​သိက်​ပေး၍ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ဒါ​ဝိဒ်​သည် နန်း​ထိုင်​သော​အ​ခါ အ​သက်​သုံး​ဆယ်​ရှိ၏။ အ​နှစ်​လေး​ဆယ် စိုး​စံ​လေ၏။ ဟေ​ဗြုန်​မြို့၌​နေ၍ ယု​ဒ​ပြည်​ကို ခု​နစ်​နှစ်​နှင့်​ခြောက်​လ မင်း​ပြု၏။ ယေ​ရု​ရှ​လင်​မြို့၌​နေ၍ ယု​ဒ​ပြည်​နှင့် ဣ​သ​ရေ​လ​ပြည်​တစ်​လျှောက်​လုံး​ကို အ​နှစ်​သုံး​ဆယ်​သုံး​နှစ် မင်း​ပြု၏။