YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 23:1-7

၂ ဓမ္မရာဇဝင် 23:1-7 JBMLE

ဒါ​ဝိဒ်​မြွက်​ဆို​သော နောက်​ဆုံး​စ​ကား​တည်း​ဟူ​သော၊ ယာ​ကုပ်​အ​မျိုး၏​ဘု​ရား​သ​ခင့်​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​ရ၍ ဘုန်း​ကြီး​သော​သူ၊ ဣ​သ​ရေ​လ​အ​မျိုး၌ ချို​မြိန်​စွာ​သီ​ချင်း​ဆို​သော ယေ​ရှဲ၏​သား ဒါ​ဝိဒ်​မြွက်​ဆို​သော ပ​ရော​ဖက်​စ​ကား​ဟူ​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငါ့​အား​ဖြင့် မိန့်​တော်​မူ၏။ နှုတ်​က​ပတ်​တော်​သည် ငါ့​လျှာ၌​တည်၏။ ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင်၊ ဣ​သ​ရေ​လ​အ​မျိုး၏ ကျောက်​သည် ငါ့​အား​ဖြင့် မိန့်​မြွက်​တော်​မူ​သည်​ကား၊ လူ​တို့​ကို အုပ်​စိုး​သော​သူ​သည် တ​ရား​သ​ဖြင့်​စီ​ရင်၍ ဘု​ရား​သ​ခင်​ကို ကြောက်​ရွံ့​လျက် အုပ်​စိုး​ရ​မည်။ မိုး​မ​အုံ့၊ နေ​ထွက်​သော နံ​နက်​အ​လင်း​ကဲ့​သို့​လည်း​ကောင်း၊ မိုး​ရွာ​ပြီး​မှ နေ​ပေါ်​ထွန်း​သ​ဖြင့် မြေ၌​ပေါက်​သော မြက်​နု​ကဲ့​သို့​လည်း​ကောင်း ဖြစ်​ရ​လိမ့်​မည်။ ငါ့​အ​မျိုး​အ​နွယ်​သည် ဘု​ရား​သ​ခင်​ရှေ့​တော်၌ မြဲ​မြံ​သည်​မ​ဟုတ်​လော။ သေ​ချာ​စွာ​စီ​ရင်၍ မ​ပျက်​နိုင်​သော နိ​စ္စ​ထာ​ဝ​ရ​ပ​ဋိ​ညာဉ်​ကို ငါ​နှင့်​ဖွဲ့​တော်​မူ​ပြီ။ ထို​ပ​ဋိ​ညာဉ်​သည် ချက်​ချင်း​မ​ပြည့်​စုံ​သော်​လည်း၊ ငါ့​ကို ကယ်​တင်​ရာ​အ​ကြောင်း၊ ငါ​အား​ရ​နှစ်​သက်​ရာ​အ​ကြောင်း ဖြစ်၏။ အ​ဓ​မ္မ​လူ​အ​ပေါင်း​တို့​မူ​ကား လက်​နှင့်​မ​ကိုင်​သာ၊ ပယ်​ရှား​ရ​သော ဆူး​ပင်​ကဲ့​သို့ ဖြစ်​ရ​ကြ​လိမ့်​မည်။ ပယ်​ရှား​သော​သူ​သည် သံ​ချပ်​အင်္ကျီ​နှင့် လှံ​တံ​ကို သုံး​ဆောင်​သ​ဖြင့်၊ ဆူး​ပင်​ပေါက်​သော​အ​ရပ်၌​ပင် ရှင်း​ရှင်း​မီး​ရှို့​ရ​သ​တည်း။