YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 2:1-7

၂ ဓမ္မရာဇဝင် 2:1-7 JBMLE

ထို​နောက် ဒါ​ဝိဒ်​က၊ အ​ကျွန်ုပ်​သည် ယု​ဒ​မြို့ တစ်​စုံ​တစ်​မြို့​သို့ သွား​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​လော့​ဟု​မိန့်​တော်​မူ၏။ ဒါ​ဝိဒ်​က​လည်း အ​ဘယ်​မြို့​သို့ သွား​ရ​ပါ​မည်​နည်း​ဟု မေး​လျှောက်​သော်၊ ဟေ​ဗြုန်​မြို့​သို့​သွား​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဒါ​ဝိဒ်​သည် မ​ယား​နှစ်​ယောက်၊ ယေ​ဇ​ရေ​လ​မြို့​သူ အ​ဟိ​နောင်၊ နာ​ဗ​လ​မ​ယား က​ရ​မေ​လ​မြို့​သူ အ​ဘိ​ဂဲ​လ​တို့​နှင့်​တ​ကွ သွား​လေ၏။ မိ​မိ၌​ပါ​သော​လူ​များ၊ အိမ်​ထောင်​များ​တို့​ကို​လည်း ဒါ​ဝိဒ်​သည်​ခေါ်​ခဲ့၍ သူ​တို့​သည် ဟေ​ဗြုန်​မြို့​ရွာ​တို့၌​နေ​ကြ၏။ တစ်​ဖန် ယု​ဒ​လူ​တို့​သည် လာ၍​ဘိ​သိက်​ပေး​သ​ဖြင့် ဒါ​ဝိဒ်​ကို ယု​ဒ​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​တို့​သည် ရှော​လု​ကို သင်္ဂြိုဟ်​ပါ​ပြီ​ဟု ဒါ​ဝိဒ်​အား​ကြား​လျှောက်​သော်၊ ဂိ​လဒ်​ပြည် ယာ​ဗက်​မြို့​သား​တို့​ရှိ​ရာ​သို့ တ​မန်​တို့​ကို​စေ​လွှတ်၍၊ သင်​တို့​သည် သင်​တို့​အ​ရှင်​ရှော​လု၌ က​ရု​ဏာ​ကျေး​ဇူး​ပြု၍ အ​လောင်း​တော်​ကို သင်္ဂြိုဟ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော ကောင်​ချီး​မင်္ဂ​လာ​ကို ခံ​ရ​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၌ က​ရု​ဏာ​ကျေး​ဇူး၊ သ​စ္စာ​ကျေး​ဇူး​ပြု​တော်​မူ​ပါ​စေ​သော။ သင်​တို့​သည် ဤ​အ​မှု​ကို​ပြု​သော​ကြောင့် သင်​တို့​ကျေး​ဇူး​ကို ငါ​လည်း​ဆပ်​မည်။ ယ​ခု​မှာ အား​ယူ၍ ရဲ​ရင့်​ခြင်း​သ​တ္တိ ရှိ​ကြ​လော့။ သင်​တို့​အ​ရှင်​ရှော​လု သေ​ပြီ။ ယု​ဒ​အ​မျိုး​သား​တို့​သည် ဘိ​သိက်​ပေး​သ​ဖြင့် ငါ့​ကို​ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ​ပြီ​ဟု မှာ​လိုက်​လေ၏။

​၂ ဓမ္မရာဇဝင် 2:1-7 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။