YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 12:1-14

၂ ဓမ္မရာဇဝင် 12:1-14 JBMLE

နောက်​တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် ပ​ရော​ဖက်​နာ​သန်​ကို ဒါ​ဝိဒ်​ထံ​သို့ စေ​လွှတ်​တော်​မူ​သ​ဖြင့်၊ နာ​သန်​သည်​ဝင်၍၊ အ​ရှင်​မင်း​ကြီး၊ ဤ​မည်​သော​မြို့​တွင် သူ​ဌေး​တစ်​ဦး၊ ဆင်း​ရဲ​သား​တစ်​ဦး​ရှိ​ပါ၏။ သူ​ဌေး​သည် အ​လွန်​များ​စွာ​သော သိုး​နွား​မှ​စ​သည်​တို့​နှင့် ကြွယ်​ဝ​ပြည့်​စုံ​ပါ၏။ ဆင်း​ရဲ​သား​မူ​ကား၊ မိ​မိ​ဝယ်၍ မွေး​စား​သော​သိုး​မ​က​လေး တစ်​ကောင်​တည်း​မှ​တစ်​ပါး တ​ခြား​သော​ဥ​စ္စာ​မ​ရှိ​ပါ။ ထို​သိုး​မ​က​လေး​သည် အ​ရှင်​နှင့်​လည်း​ကောင်း၊ အ​ရှင်၏ သား​သ​မီး​တို့​နှင့်​လည်း​ကောင်း ပေါင်း၍ ကြီး​ပွား၏။ အ​ရှင်၏​အ​စာ​ကို စား​တတ်၏။ အ​ရှင်၏​ရေ​ခွက်၌ သောက်​တတ်၏။ အ​ရှင်၏​ရင်​ခွင်၌​အိပ်၍ သ​မီး​ကဲ့​သို့​ဖြစ်၏။ သူ​ဌေး​အိမ်​သို့ ဧည့်​သည်​တစ်​ဦး​ရောက်၍ သူ​ဌေး​သည် ဧည့်​သည်​ကို​လုပ်​ကျွေး​ဖို့ မိ​မိ​သိုး​နွား​များ​ကို နှ​မြော​သော​ကြောင့် မ​ယူ၊ ဆင်း​ရဲ​သား၏ သိုး​မ​က​လေး​ကို​ယူ၍ ဧည့်​သည်​ကို​လုပ်​ကျွေး​ဖို့ ချက်​ပါ​သည်​ဟု လျှောက်​လေ​သော်၊ ဒါ​ဝိဒ်​သည် ထို​သူ​ဌေး​ကို ပြင်း​စွာ​အ​မျက်​ထွက်၍၊ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ထို​သို့​ပြု​သော​သူ​သည် အ​မှန်​သေ​ရ​မည်။ က​ရု​ဏာ​စိတ်​မ​ရှိ​ဘဲ ထို​အ​မှု​ကို​ပြု​သော​ကြောင့်၊ ထို​သိုး​မ​က​လေး​အ​တွက် လေး​ဆ​ပြန်​ပေး​ရ​မည်​ဟု မိန့်​တော်​မူ၏။ နာ​သန်​က​လည်း၊ ထို​သူ​သည်​ကား အ​ခြား​သူ​မ​ဟုတ်။ ကိုယ်​တော်​ပင် ဖြစ်​ပါ၏။ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် ဘိ​သိက်​ပေး၍ သင့်​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ၌ ခန့်​ထား​ပြီ။ ရှော​လု​လက်​မှ​လည်း ကယ်​လွှတ်​ပြီ။ သင့်​သ​ခင်၏ အ​ဆွေ​အ​မျိုး​ကို​လည်း​ကောင်း၊ သင့်​သ​ခင်၏​မ​ယား​တို့​ကို​လည်း​ကောင်း၊ သင်၏​ရင်​ခွင်၌ ငါ​အပ်​ပေး​ပြီ။ ဣ​သ​ရေ​လ​အ​မျိုး​နှင့် ယု​ဒ​အ​မျိုး​ကို ငါ​ပေး​ပြီ။ ထို​အ​ရာ​များ​မ​လောက်​လျှင် အ​ခြား​တစ်​ပါး​သော​အ​ရာ​ရာ​တို့​ကို ပေး​ခြင်း​ငှာ ငါ​အ​လို​ရှိ၏။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ ပ​ညတ်​တ​ရား​တော်​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ရှေ့​တော်၌​ဒု​စ​ရိုက်​ကို အ​ဘယ်​ကြောင့် ပြု​ဘိ​သ​နည်း။ ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ၏​အ​သက်​ကို ဓား​ဖြင့်​သတ်၍ သူ၏​မ​ယား​ကို သိမ်း​လေ​ပြီ​တ​ကား။ ထို​သူ​ကို အ​မ္မုန်​အ​မျိုး​သား​ဓား​နှင့် သတ်​လေ​ပြီ​တ​ကား။ ယ​ခု​မှာ​သင်​သည် ငါ့​ကို​မ​ထီ​မဲ့​မြင်​ပြု၍ ဟိ​တ္တိ​လူ၊ ဥ​ရိ​ယ၏​မ​ယား​ကို​သိမ်း​သော​ကြောင့်၊ သင့်​အ​ဆွေ​အ​မျိုး​တို့​သည် ဓား​ဘေး​နှင့်​အ​စဉ် တွေ့​ကြုံ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်၌ ရန်​ဘက်​ပြု​သော​သူ​ကို သင်၏​အ​ဆွေ​အ​မျိုး​တို့​အ​ထဲ​က ငါ​ပေါ်​စေ​မည်။ သင့်​မျက်​မှောက်​တွင် သင်၏​မ​ယား​တို့​ကို​ငါ​ယူ၍ သင့်​အိမ်​နီး​ချင်း၌​အပ်​သ​ဖြင့်၊ သူ​သည် နေ​ရှေ့​မှာ သင်၏​မ​ယား​တို့​နှင့် ပေါင်း​ဖော်​လိမ့်​မည်။ သင်​သည် ဤ​အ​မှု​ကို မ​ထင်​မ​ရှား​ပြု​သော်​လည်း၊ နေ​ရှေ့​မှာ​ငါ​လှန်​ပြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော​စ​ကား​ကို ပြန်​ကြား​လေ၏။ ဒါ​ဝိဒ်​က​လည်း၊ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​ပါ​ပြီ​ဟု နာ​သန်​အား​ဝန်​ချ၍ နာ​သန်​က၊ အ​သက်​တော်​ကို ချမ်း​သာ​စေ​ခြင်း​ငှာ၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​အ​ပြစ်​ကို ပယ်​တော်​မူ​ပြီ။ သို့​သော်​လည်း ကိုယ်​တော်​သည် ထို​သို့​ပြစ်​မှား​သော​အား​ဖြင့်၊ ကဲ့​ရဲ့​စ​ရာ​အ​ခွင့်​ကြီး​ကို ထာ​ဝ​ရ​ဘု​ရား၏​ရန်​သူ​တို့​အား​ပေး​သော​ကြောင့်၊ ယ​ခု​မြင်​သော​သား​သည် ဆက်​ဆက်​သေ​ရ​မည်​ဟု ဒါ​ဝိဒ်​အား​လျှောက်​ဆို​ပြီး​လျှင်၊