YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ဓမ္မရာဇဝင် 11:6-16

၂ ဓမ္မရာဇဝင် 11:6-16 JBMLE

ဒါ​ဝိဒ်​သည် ယွာ​ဘ​ဆီ​သို့ လူ​ကို​စေ​လွှတ်၍ ဟိ​တ္တိ​လူ​ဥ​ရိ​ယ​ကို ငါ့​ထံ​သို့​စေ​လွှတ်​ရ​မည်​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ယွာ​ဘ​သည်​စေ​လွှတ်၍၊ ဥ​ရိ​ယ​ရောက်​လာ​သော​အ​ခါ ဒါ​ဝိဒ်​က၊ ယွာ​ဘ​ကျန်း​မာ၏​လော။ လူ​များ​ကျန်း​မာ၏​လော။ စစ်​တိုက်၍ အောင်​မြင်​သ​လော​ဟု မေး​မြန်း​ပြီး​မှ၊ သင့်​အိမ်​သို့​သွား၍ ခြေ​ဆေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဥ​ရိ​ယ​သည် နန်း​တော်​မှ​ထွက်၍ သူ​နောက်​မှ ခဲ​ဖွယ်​စား​ဖွယ်​ကို ရှင်​ဘု​ရင်​ပေး​လိုက်​လေ၏။ သို့​ရာ​တွင် ဥ​ရိ​ယ​သည် မိ​မိ​အိမ်​သို့​မ​သွား​ဘဲ၊ မိ​မိ​အ​ရှင်၏​ကျွန်​အ​ပေါင်း​တို့​နှင့်​အ​တူ နန်း​တော်​တံ​ခါး​ဝ၌ အိပ်​လေ၏။ ဥ​ရိ​ယ​သည် မိ​မိ​အိမ်​သို့​မ​သွား​ကြောင်း​ကို နား​တော်​လျှောက်​လျှင် ဒါ​ဝိဒ်​က၊ သင်​သည်​ခ​ရီး​သွား​ရာ​မှ ရောက်​လာ​သည်​မ​ဟုတ်​လော။ သင့်​အိမ်​သို့ အ​ဘယ်​ကြောင့် မ​သွား​ဘဲ​နေ​သ​နည်း​ဟု ဥ​ရိ​ယ​ကို​မေး​သော်၊ ဥ​ရိ​ယ​က၊ သေ​တ္တာ​တော်​နှင့် ဣ​သ​ရေ​လ​အ​မျိုး၊ ယု​ဒ​အ​မျိုး​သား​တို့​သည် တဲ၌​နေ​ကြ​ပါ၏။ သ​ခင်​ယွာ​ဘ​နှင့် သ​ခင်၏​ကျွန်​များ​တို့​သည် လွင်​ပြင်၌​တည်း​ရ​ကြ​ပါ၏။ ကျွန်​တော်​သည် ကိုယ်​အိမ်​သို့​သွား၍ စား​သောက်​လျက် မ​ယား​နှင့်​ပျော်​မွေ့​လျက် နေ​သင့်​ပါ​မည်​လော။ ကိုယ်​တော်​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ ထို​သို့​ကျွန်​တော်​မ​ပြု​ပါ​ဟု ဒါ​ဝိဒ်​အား​လျှောက်​လေ၏။ ဒါ​ဝိဒ်​က​လည်း၊ ဤ​မြို့၌ ယ​နေ့​နေ​ဦး​လော့။ နက်​ဖြန်​နေ့​ငါ​လွှတ်​လိုက်​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဥ​ရိ​ယ​သည်​ထို​နေ့၊ နက်​ဖြန်​နေ့၊ ယေ​ရု​ရှ​လင်​မြို့၌​နေ၏။ ဒါ​ဝိဒ်​သည်​လည်း ဥ​ရိ​ယ​ကို​ခေါ်၍ ရှေ့​တော်၌​စား​သောက်​လျက် ယစ်​မူး​သည်​တိုင်​အောင် သောက်​ရ၏။ သို့​သော်​လည်း ညဉ့်​ဦး​မှာ​မိ​မိ​အိမ်​သို့ မ​သွား​ဘဲ၊ အ​ရှင်၏​ကျွန်​တို့​နှင့်​အ​တူ အိပ်​ခြင်း​ငှာ ထွက်​သွား​လေ၏။ နံ​နက်​မှာ ဒါ​ဝိဒ်​သည် မှာ​စာ​ကို​ရေး၍ ဥ​ရိ​ယ​လက်​တွင် ယွာ​ဘ​သို့ ပေး​လိုက်၏။ မှာ​စာ​ချက်​ဟူ​မူ​ကား၊ ကျပ်​တည်း​စွာ စစ်​တိုက်​ရာ​တပ်​ဦး၌ ဥ​ရိ​ယ​ကို​ခန့်​ထား​ပြီး​မှ၊ သူ​သည် ရန်​သူ​လက်​သို့​ရောက်၍ သေ​စေ​ခြင်း​ငှာ တပ်​များ​ကို​ရုပ်​သိမ်း​လော့​ဟု ပါ​သ​တည်း။ အ​မိန့်​တော်​အ​တိုင်း ယွာ​ဘ​သည် မြို့​ကို​ကြည့်​ရှု​ပြီး​မှ၊ ခွန်​အား​ကြီး​သော သူ​ရဲ​ရှိ​ရာ​အ​ရပ်၌ ဥ​ရိ​ယ​ကို​ခန့်​ထား​လေ၏။