ယွာဘသည်လည်း၊ ရှေ့၌လည်းကောင်း၊ နောက်၌လည်းကောင်း စစ်မျက်နှာနှစ်ဖက်ရှိသည်ကိုမြင်လျှင်၊ ဣသရေလလူတို့တွင် သန်မြန်သောသူရှိသမျှတို့ကို ရွေးကောက်၍ ရှုရိလူတို့တစ်ဖက်၌ စစ်ခင်းကျင်း၏။ ကြွင်းသောသူတို့ကို အမ္မုန်အမျိုးသားတို့တစ်ဖက်၌ စစ်ခင်းကျင်းစေခြင်းငှာ၊ ညီအဘိရှဲလက်သို့ အပ်လျက်၊ ရှုရိလူတို့သည် ငါ့ကိုနိုင်လျှင် ငါအားကူရမည်။ အမ္မုန်အမျိုးသားတို့သည် သင့်ကိုနိုင်လျှင် သင့်အားငါကူမည်။ ရဲရင့်သောစိတ်ရှိ၍ ငါတို့လူမျိုး၊ ငါတို့ဘုရားသခင့်မြို့ရွာတို့အဖို့ အားထုတ်၍ တိုက်ကြကုန်အံ့။ ထာဝရဘုရားသည် အလိုတော်ရှိသည်အတိုင်း စီရင်တော်မူစေသတည်းဟု ဆိုပြီးမှ၊ သူ၌ပါသော လူများနှင့်တကွ ရှုရိလူတို့ကိုစစ်တိုက်ခြင်းငှာ ချဉ်းသွားသောအခါ၊ ရှုရိလူတို့သည် ပြေးကြ၏။ ရှုရိလူတို့ပြေးသည်ကို အမ္မုန်အမျိုးသားတို့သည် မြင်လျှင်၊ သူတို့သည်လည်း အဘိရှဲရှေ့မှာပြေး၍ မြို့ထဲသို့ဝင်ကြ၏။ ယွာဘသည်လည်း အမ္မုန်ပြည်မှထွက်၍ ယေရုရှလင်မြို့သို့ ပြန်သွားလေ၏။
၂ ဓမ္မရာဇဝင် 10 ကို ဖတ်ရှုရန်
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ဓမ္မရာဇဝင် 10:9-14
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ