YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 3:11-18

၂ ရှင်ပေတရု 3:11-18 JBMLE

သို့​ဖြစ်၍၊ ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ကုန်​စင်​မည်​မှန်​သော​ကြောင့်၊ မိုး​ကောင်း​ကင်​သည် မီး​နှင့် ပျက်၍ လော​က​ဓာတ်​တို့​သည် ပူ​အား​ကြီး​လျက်၊ အ​ရည်​ကျို​ခြင်း​ကို ခံ​ရ​သော နေ့​တည်း​ဟူ​သော၊ ဘု​ရား​သ​ခင်၏​နေ့ ရောက်​လိမ့်​မည်​ဟု သင်​တို့​သည် မျှော်​လ​င့်​တောင့်​တ​လျက်၊ သန့်​ရှင်း​သော​အ​ကျင့်​ကို​ကျင့်​ခြင်း၊ ဘု​ရား​ဝတ်၌ မွေ့​လျော်​ခြင်း​အား​ဖြင့်၊ အ​ဘယ်​သို့​သော​သူ ဖြစ်​အပ်​ကြ​သ​နည်း။- ယ​ခု​ရှိ​သ​မျှ​သော​အ​ရာ​တို့​သည် ပျက်​ရ​သော်​လည်း၊ ဖြောင့်​မတ်​ခြင်း​တ​ရား​တည်​နေ​ရာ မိုး​ကောင်း​ကင်​သစ်​နှင့် မြေ​ကြီး​သစ်​ကို ငါ​တို့​သည် က​တိ​တော်​နှင့်​အ​ညီ မျှော်​လ​င့်​ကြ၏။ ထို​သို့ မျှော်​လ​င့်​ခြင်း​ရှိ​သော​ကြောင့်၊ ချစ်​သူ​တို့၊ သင်​တို့​သည် အ​ညစ်​အ​ကြေး​နှင့် ကင်း​စင်၍ အ​ဘယ်​အ​ပြစ်​မျှ​မ​ပါ​ဘဲ၊ ရှေ့​တော်​သို့ ငြိမ်​ဝပ်​စွာ ရောက်​မည်​အ​ကြောင်း ကြိုး​စား​အား​ထုတ်​ကြ​လော့။- ငါ​တို့​ချစ်​သော ညီ​ပေါ​လု​သည်၊ မိ​မိ​ခံ​ရ​သော ဉာဏ်​ပ​ညာ​အ​တိုင်း သင်​တို့​အား ရေး၍​ပေး​လိုက်​သော စာ၌​လည်း​ကောင်း၊ သူ​သည် ဤ​အ​ရာ​များ​ကို ပြော၍ စီ​ရင်​သော ဩ​ဝါ​ဒ​စာ​ရှိ​သ​မျှ​တို့၌​လည်း​ကောင်း ပါ​သည်​နှင့်​အ​ညီ၊ ငါ​တို့ သ​ခင်​ဘု​ရား သည်း​ခံ​တော်​မူ​ခြင်း​သည် ကယ်​တင်​မည်​အ​ကြောင်း ဖြစ်​သည်​ဟု မှတ်​ကြ​လော့။- ထို​စာ​တို့၌ ခက်​ခဲ​သော အ​ရာ​အ​ချို့​ရှိ၏။ မ​တတ်​သော​သူ၊ တည်​ကြည်​ခြင်း​မ​ရှိ​သော သူ​တို့​သည်၊ ထို​အ​ရာ​မှ​စ၍ ကြွင်း​သော​ကျမ်း​စာ၏ အ​နက်​ကို မှောက်​လှန်၍၊ ကိုယ်​ကို​ကိုယ် ဖျက်​ဆီး​တတ်​ကြ၏။ သို့​ဖြစ်၍၊ ချစ်​သူ​တို့၊ မ​တ​ရား​သော​သူ​တို့၏ ပ​ရိ​ယာယ်​အား​ဖြင့်၊ သင်​တို့​သည်​လည်း သွေး​ဆောင်​ရာ​သို့ လိုက်၍၊ သင်​တို့​တည်​ကြည်​ခြင်း​မှ မ​ရွေ့​လျော့​မည် အ​ကြောင်း၊ ဤ​အ​ရာ​များ​ကို သိ​နှင့်​ပြီ​ဖြစ်၍၊ ကိုယ်​ကို​ကိုယ် စောင့်​ရှောက်​ကြ​လော့။- ကျေး​ဇူး​တော်၌​လည်း​ကောင်း၊ ငါ​တို့​ကို ကယ်​တင်​တော်​မူ​သော အ​ရှင် သ​ခင်​ယေ​ရှု​ခ​ရစ်​ကို သိ​ကျွမ်း​ခြင်း၌​လည်း​ကောင်း ကြီး​ပွား​ကြ​လော့။ ထို​သ​ခင်​သည် ယ​ခု​မှ​စ၍ ထာ​ဝ​ရ နေ့​ရက်​ကာ​လ​ပတ်​လုံး ဘုန်း​အ​သ​ရေ ရှိ​တော်​မူ​စေ​သ​တည်း။ အာ​မင်။ ရှင်​ပေ​တ​ရု​ဩ​ဝါ​ဒ​စာ​ဒု​တိ​ယ​စောင်​ပြီး၏။