YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 2:1-11

၂ ရှင်ပေတရု 2:1-11 JBMLE

သို့​သော်​လည်း၊ ယု​ဒ​လူ​တို့​တွင် မိ​စ္ဆာ​ပ​ရော​ဖက်​ရှိ​ကြ၏။ ထို​နည်း​တူ ဖျက်​ဆီး​တတ်​သော မိ​စ္ဆာ​ဒိ​ဋ္ဌိ​အ​ယူ​များ​ကို ပ​ရိ​ယာယ်​အား​ဖြင့် သွင်း၍၊ မိ​မိ​တို့​ကို ဝယ်​တော်​မူ​သော အ​ရှင်​ကို​ငြင်း​ပယ်​လျက်၊ မိ​မိ​အ​ပေါ်​သို့ လျင်​စွာ​သော​ဖျက်​ဆီး​ခြင်း​ကို ရောက်​စေ​သော မိ​စ္ဆာ​ဆ​ရာ​တို့​သည် သင်​တို့​တွင် ရှိ​ကြ​လိမ့်​မည်။- သူ​တို့​ညစ်​ညူး​သော အ​ကျင့်​ဓ​လေ့​တို့​ကို အ​များ​သော​သူ​တို့​သည် လိုက်​သော​အား​ဖြင့် သ​မ္မာ​တ​ရား​လမ်း အ​သ​ရေ​သည် ပျက်​စီး​လိမ့်​မည်။- သူ​တို့​သည် လော​ဘ​လွန်​ကျူး​လျက် ချော့​မော့​သော​စ​ကား​နှင့် သင်​တို့​ကို ကုန်​သွယ်​ကြ​လိမ့်​မည်။ သူ​တို့​အ​ပြစ်​စီ​ရင်​ခြင်း​သည် ရှေး​ကာ​လ​မှ​စ၍ မ​ဖင့်​မ​နွှဲ၊ သူ​တို့​ဖျက်​ဆီး​ခြင်း​သည်​လည်း အိပ်၍​မ​ပျော်။ အ​ကြောင်း​မူ​ကား၊ ပြစ်​မှား​သော ကောင်း​ကင်​တ​မန်​တို့​ကို ဘု​ရား​သ​ခင်​သည် နှ​မြော​တော်​မ​မူ၊ င​ရဲ​ထဲ​သို့ ချ​လိုက်​ပြီး​မှ စစ်​ကြော​စီ​ရင်​ခြင်း​အ​လို့​ငှာ ချုပ်​ထား၍၊ မှောင်​မိုက်​သံ​ကြိုး​နှင့် ချည်​နှောင်​တော်​မူ၏။- ရှေး​လော​က​ဓာတ်​ကို​လည်း နှ​မြော​တော်​မ​မူ။ ဖြောင့်​မတ်​ခြင်း​တ​ရား​ကို​ဟော​သော နော​ဧ​နှင့် လူ​ခု​နစ်​ယောက်​တို့​ကို စောင့်​မ​တော်​မူ၍၊ ဘု​ရား​ကို မ​ကိုး​ကွယ်​သော လော​ကီ​သား​အ​ပေါင်း​တို့​ကို ရေ​လွှမ်း​မိုး​စေ​တော်​မူ၏။- သော​ဒုံ​မြို့​နှင့် ဂေါ​မော​ရ​မြို့​တို့​ကို မီး​ရှို့၍ ဖျက်​ဆီး​ရာ၊ ဒဏ်​စီ​ရင်​တော်​မူ​သ​ဖြင့် နောင်၌ မ​တ​ရား​သော အ​ကျင့်​ကို ကျင့်​အံ့​သော​သူ​တို့​အား ပုံ​သက်​သေ​ကို ထား​တော်​မူ၏။- ထို​အ​ခါ မ​တ​ရား​သော​သူ​တို့၏ ညစ်​ညူး​သော အ​ကျင့်​အား​ဖြင့် နှောင့်​ယှက်​ခြင်း​ကို ခံ​ရ​သော​သူ၊ ဖြောင့်​မတ်​သော လော​တ​ကို ကယ်​နုတ်​တော်​မူ၏။- ထို​ဖြောင့်​မတ်​သော​သူ​သည် မ​တ​ရား​သော သူ​တို့​တွင် နေ​စဉ်​အ​ခါ၊ သူ​တို့၏ မ​တ​ရား​သော​အ​မှု​များ​ကို နေ့​တိုင်း​မ​ပြတ် မျက်​စိ​မြင်​လျက်၊ နား​ကြား​လျက်​ရှိ​သ​ဖြင့်၊ မိ​မိ​ဖြောင့်​မတ်​သော စိတ်​နှ​လုံး​ကို ပြင်း​စွာ​ညှဉ်း​ဆဲ​ရ၏။- ဘု​ရား​ဝတ်၌ မွေ့​လျော်​သော သူ​တို့​ကို စုံ​စမ်း​နှောင့်​ယှက်​ခြင်း​အ​ထဲ​က ကယ်​နုတ်​ခြင်း​ငှာ​လည်း​ကောင်း၊ မ​တ​ရား​သော​သူ​တို့​ကို ဒဏ်​ခံ​စေ​မည် အ​ကြောင်း၊ ညစ်​ညူး​သော တပ်​မက်​ခြင်း ကိ​လေ​သာ​နှင့်​တ​ကွ၊ ကာ​မ​ဂုဏ်​အ​လို​သို့​လိုက်၍၊ အာ​ဏာ​စက်​ကို မ​ထီ​မဲ့​မြင်​ပြု​သော သူ​တို့​ကို အ​ထူး​သ​ဖြင့် ဒဏ်​ခံ​စေ​မည်​အ​ကြောင်း၊ တ​ရား​ဆုံး​ဖြတ်​သော​နေ့​အ​ဖို့ ချုပ်​ထား​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် တတ်​နိုင်​တော်​မူ၏။ ထို​သူ​တို့​သည် ရဲ​ရင့်​သော​သူ၊ ကိုယ်​အ​လို​သို့ လိုက်​တတ်​သော​သူ​ဖြစ်၍၊ ဘုန်း​တန်​ခိုး​ကြီး​သော​သူ​တို့​ကို ကဲ့​ရဲ့​ဝံ့​ကြ၏။- ကောင်း​ကင်​တ​မန်​တို့​မူ​ကား၊ သူ​တို့​ထက် ခွန်​အား​တန်​ခိုး​ကြီး​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သူ​တို့​အား​ကဲ့​ရဲ့​စွာ​သော ပြစ်​တင်​ခြင်း​ကို မ​ပြု​ကြ။