YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 1:16-21

၂ ရှင်ပေတရု 1:16-21 JBMLE

ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ ကြွ​လာ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​အား ကြား​ပြော​သော​အ​ခါ၊ ငါ​တို့​သည် ပ​ရိ​ယာယ်​နှင့် ပြင်​ဆင်​သော ဒ​ဏ္ဍာ​ရီ​စ​ကား​ကို မ​လိုက်၊ ဘုန်း​အာ​နု​ဘော်​တော်​ကို ကိုယ်​တိုင်​မြင်​သော​သူ ဖြစ်​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဤ​သူ​သည် ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟူ​သော အ​သံ​တော်​သည်၊ ထူး​မြတ်​သော အ​ရောင်​အ​ဝါ​တော်​ထဲ​က၊ ထို​သ​ခင်​သို့ ရောက်​သော​အ​ခါ၊ ခ​မည်း​တော်​ဘု​ရား​သ​ခင့် အ​ထံ​တော်​မှ ဂုဏ်​အ​သ​ရေ ဘုန်း​အာ​နု​ဘော်​ကို ခံ​ရ​တော်​မူ၏။- ကောင်း​ကင်​က ရောက်​လာ​သော ထို​အ​သံ​တော်​ကို ငါ​တို့​သည် သန့်​ရှင်း​သော​တောင်​ပေါ်​မှာ သ​ခင်​ဘု​ရား​နှင့် အ​တူ​ရှိ​သော​အ​ခါ ကြား​ရ​ကြ၏။ ထို​မှ​တစ်​ပါး၊ သာ၍​မြဲ​မြံ​သော အ​နာ​ဂ​တ္တိ​စ​ကား​တော်​သည် ငါ​တို့၌​ရှိ​သေး၏။ စိတ်​နှ​လုံး​ထဲ၌ အ​ရုဏ်​တက်၍ ကြယ်​နီ​ပေါ်​ထွက်​သည် ကာ​လ​တိုင်​အောင်၊ ထို​အ​နာ​ဂ​တ္တိ​စ​ကား​တော်​ကို မှောင်​မိုက်​အ​ရပ်၌ ထွန်း​လင်း​သော​ဆီ​မီး​ကဲ့​သို့ မှတ်၍၊ သင်​တို့​သည် အ​မှီ​ပြု​သင့်​ကြ၏။- ကျမ်း​စာ၌​ပါ​သော အ​နာ​ဂ​တ္တိ​စ​ကား​မည်​သည်​ကား၊ ကိုယ်​အ​လို​အ​လျောက် အ​နက်​မ​ပေါ်​ဟု ရှေ့​ဦး​စွာ သိ​မှတ်​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ အ​နာ​ဂ​တ္တိ​စ​ကား​သည် လူ​အ​လို​အား​ဖြင့် ဖြစ်​ဖူး​သည်​မ​ဟုတ်၊ ဘု​ရား​သ​ခင်၏ သန့်​ရှင်း​သူ​တို့​သည် သန့်​ရှင်း​သော ဝိ​ညာဉ်​တော်၏ တိုက်​တွန်း​တော်​မူ​ခြင်း​ကို ခံ​ရ၍ ဟော​ပြော​ကြ၏။