YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ရှင်ပေတရု 1:12-19

၂ ရှင်ပေတရု 1:12-19 JBMLE

ထို​ကြောင့်၊ ယ​ခု​ဟော​ပြော​သော သ​မ္မာ​တ​ရား​ကို သင်​တို့​သည် နား​လည်၍ တည်​ကြည်​ခြင်း​ရှိ​သော်​လည်း၊ ဤ​သို့​သော စ​ကား​များ​နှင့် သင်​တို့​အား အ​စဉ်​မ​ပြတ် သ​တိ​ပေး​မည်​အ​မှု​ကို ငါ​မ​မေ့​မ​လျော့။- ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် ဗျာ​ဒိတ်​ပေး​တော်​မူ​သည်​အ​တိုင်း၊ ငါ​တည်း​ခို​ရာ​တဲ​ကို မ​ကြာ​မ​မြင့်​မီ ငါ​ပစ်​သွား​ရ​မည်​အ​ရာ​ကို ငါ​သိ​မှတ်၍၊ ဤ​တဲ၌ ရှိ​နေ​စဉ် ကာ​လ​ပတ်​လုံး၊ သင်​တို့​ကို သ​တိ​ပေး၍ နှိုး​ဆော်​အပ်​သည်​ဟု ငါ​သ​ဘော​ရှိ၏။- ထို​မှ​တစ်​ပါး၊ ငါ​စု​တေ့​သည်​နောက်၊ သင်​တို့​သည် ဤ​အ​ရာ​များ​ကို အ​စဉ်​မှတ်​မိ​စေ​ခြင်း​ငှာ ငါ​ကြိုး​စား အား​ထုတ်​မည်။ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ တန်​ခိုး​တော်​ကို​လည်း​ကောင်း၊ ကြွ​လာ​တော်​မူ​ခြင်း​ကို​လည်း​ကောင်း၊ သင်​တို့​အား ကြား​ပြော​သော​အ​ခါ၊ ငါ​တို့​သည် ပ​ရိ​ယာယ်​နှင့် ပြင်​ဆင်​သော ဒ​ဏ္ဍာ​ရီ​စ​ကား​ကို မ​လိုက်၊ ဘုန်း​အာ​နု​ဘော်​တော်​ကို ကိုယ်​တိုင်​မြင်​သော​သူ ဖြစ်​ကြ၏။- အ​ဘယ်​သို့​နည်း​ဟူ​မူ​ကား၊ ဤ​သူ​သည် ငါ​နှစ်​သက်​မြတ်​နိုး​ရာ၊ ငါ၏​ချစ်​သား​ပေ​တည်း​ဟူ​သော အ​သံ​တော်​သည်၊ ထူး​မြတ်​သော အ​ရောင်​အ​ဝါ​တော်​ထဲ​က၊ ထို​သ​ခင်​သို့ ရောက်​သော​အ​ခါ၊ ခ​မည်း​တော်​ဘု​ရား​သ​ခင့် အ​ထံ​တော်​မှ ဂုဏ်​အ​သ​ရေ ဘုန်း​အာ​နု​ဘော်​ကို ခံ​ရ​တော်​မူ၏။- ကောင်း​ကင်​က ရောက်​လာ​သော ထို​အ​သံ​တော်​ကို ငါ​တို့​သည် သန့်​ရှင်း​သော​တောင်​ပေါ်​မှာ သ​ခင်​ဘု​ရား​နှင့် အ​တူ​ရှိ​သော​အ​ခါ ကြား​ရ​ကြ၏။ ထို​မှ​တစ်​ပါး၊ သာ၍​မြဲ​မြံ​သော အ​နာ​ဂ​တ္တိ​စ​ကား​တော်​သည် ငါ​တို့၌​ရှိ​သေး၏။ စိတ်​နှ​လုံး​ထဲ၌ အ​ရုဏ်​တက်၍ ကြယ်​နီ​ပေါ်​ထွက်​သည် ကာ​လ​တိုင်​အောင်၊ ထို​အ​နာ​ဂ​တ္တိ​စ​ကား​တော်​ကို မှောင်​မိုက်​အ​ရပ်၌ ထွန်း​လင်း​သော​ဆီ​မီး​ကဲ့​သို့ မှတ်၍၊ သင်​တို့​သည် အ​မှီ​ပြု​သင့်​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။