YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 6:1-6

၄ ဓမ္မရာဇဝင် 6:1-6 JBMLE

ပ​ရော​ဖက်​အ​မျိုး​သား​တို့​က၊ ကိုယ်​တော်​နှင့်​အ​တူ ယ​ခု​နေ​သော​အ​ရပ်​သည် ကျဉ်း​မြောင်း​ပါ၏။ အ​ကျွန်ုပ်​တို့​သည် ယော်​ဒန်​မြစ်​နား​သို့ သွား​ပါ​ရ​စေ။ ထို​အ​ရပ်၌​ဝိုင်း၍ သစ်​သား​ကို​ခုတ်​ပြီး​လျှင်၊ ကိုယ်​နေ​စ​ရာ​ဖို့​လုပ်​ပါ​ရ​စေ​ဟု ဧ​လိ​ရှဲ​ထံ၌ အ​ခွင့်​တောင်း​လျှင်၊ သွား​ကြ​လော့​ဟု အ​ခွင့်​ပေး၏။ အ​ချို့​က​လည်း မ​ငြင်း​ပါ​နှင့်။ ကိုယ်​တော်​ကျွန်​တို့​နှင့် ကြွ​တော်​မူ​ပါ​ဟု​တောင်း​ပန်​လျှင်၊ ငါ​သွား​မည်​ဟု ဝန်​ခံ​သည်​အ​တိုင်း၊ သူ​တို့​နှင့်​အ​တူ လိုက်​လေ၏။ ယော်​ဒန်​မြစ်​နား​သို့ ရောက်​သော​အ​ခါ သစ်​သား​ကို​ခုတ်​ကြ၏။ တစ်​ယောက်​သော​သူ​သည် ခုတ်​စဉ်​တွင်၊ ရေ​ထဲ​သို့ ပု​ဆိန်​ကျ၏။ ခုတ်​သော​သူ​က​လည်း၊ ခက်​လှ​ပြီ​သ​ခင်။ ထို​ပု​ဆိန်​သည် ငှား​ခဲ့​သော​ဥ​စ္စာ​ဖြစ်​ပါ၏​ဟု အော်​ဟစ်​လျှင်၊ ဘု​ရား​သ​ခင်၏​လူ​က၊ အ​ဘယ်​မှာ​ကျ​သ​နည်း​ဟု​မေး​သော်၊ ကျ​ရာ​အ​ရပ်​ကို​ပြ​ပြီး​မှ၊ တုတ်​ကို​ခုတ်၍ ထို​အ​ရပ်၌​ချ​သ​ဖြင့် ပု​ဆိန်​သည် ပေါ​လော​နေ၏။