YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 23:28-33

၄ ဓမ္မရာဇဝင် 23:28-33 JBMLE

ယော​ရှိ​ပြု​မူ​သော အ​မှု​အ​ရာ​ကြွင်း​လေ​သ​မျှ​တို့​သည် ယု​ဒ​ရာ​ဇ​ဝင်၌ ရေး​ထား​လျက်​ရှိ၏။ ထို​မင်း​လက်​ထက်၌ အဲ​ဂု​တ္တု ဖာ​ရော​ဘု​ရင်​နေ​ခေါ​သည် ဥ​ဖ​ရတ်​မြစ်​တိုင်​အောင် အာ​ရှု​ရိ​ရှင်​ဘု​ရင်​ကို စစ်​ချီ၍၊ ယော​ရှိ​မင်း​ကြီး​သည် ဆီး​တား​ခြင်း​ငှာ ထွက်​ရာ​တွင်၊ မေ​ဂိ​ဒ္ဒေါ​မြို့​မှာ မင်း​ချင်း​တွေ့​သော​အ​ခါ၊ ယော​ရှိ​မင်း​သည် အ​သက်​ဆုံး​လေ၏။ ကျွန်​တို့​သည် ရ​ထား​တော်​ပေါ်​မှာ​တင်​ပြီး​လျှင်၊ မင်း​ကြီး​သေ​စဉ်​တွင် မေ​ဂိ​ဒ္ဒေါ​မြို့​မှ ယေ​ရု​ရှ​လင်​မြို့​သို့ ဆောင်​သွား၍ သင်္ချိုင်း​တော်၌ သင်္ဂြိုဟ်​ကြ၏။ ပြည်​သူ ပြည်​သား​တို့​သည် ယော​ရှိ​သား​ယော​ခတ်​ကို ယူ၍ ဘိ​သိက်​ပေး​လျက် ခ​မည်း​တော်​အ​ရာ၌ နန်း​တင်​ကြ၏။ ယော​ခတ်​သည် အ​သက်​နှစ်​ဆယ်​သုံး​နှစ်​ရှိ​သော်၊ နန်း​ထိုင်၍ ယေ​ရု​ရှ​လင်​မြို့၌ သုံး​လ​စိုး​စံ​လေ၏။ မယ်​တော်​ကား၊ လိ​ဗ​န​မြို့​သား​ယေ​ရ​မိ၏​သ​မီး ဟာ​မု​တာ​လ​အ​မည်​ရှိ၏။ ထို​မင်း​သည် ဘိုး​ဘေး​ပြု​သ​မျှ​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဒု​စ​ရိုက်​ကို​ပြု၏။ ဖာ​ရော​နေ​ခေါ​သည် ထို​မင်း​ကို ယေ​ရု​ရှ​လင်​မြို့​မှာ မင်း​မ​ပြု​စေ​ခြင်း​ငှာ ဟာ​မတ်​ပြည်၊ ရိ​ဗ​လ​မြို့​မှာ​အ​ကျဉ်း​ထား၍၊ ယု​ဒ​ပြည်၌ ငွေ​အ​ခွက်​တစ်​ထောင်​နှင့် ရွှေ​အ​ခွက်​တစ်​ဆယ်​ကို အ​ခွန်​တောင်း​လေ၏။