YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 23:21-27

၄ ဓမ္မရာဇဝင် 23:21-27 JBMLE

တစ်​ဖန် ရှင်​ဘု​ရင်​က​လည်း၊ ဤ​ပ​ဋိ​ညာဉ်​ကျမ်း​စာ၌​လာ​သည်​အ​တိုင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ဆောင်​ကြ​လော့​ဟု လူ​အ​ပေါင်း​တို့​ကို​မိန့်​တော်​မူ၏။ အ​ကယ်၍ ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး​သော တ​ရား​သူ​ကြီး​လက်​ထက်​မှ​စ၍၊ ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​နှင့် ယု​ဒ​ရှင်​ဘု​ရင်​လက်​ထက်​ကာ​လ​ပတ်​လုံး၊ ထို​သို့​သော​ပ​သ​ခါ​ပွဲ​ကို တစ်​ခါ​မျှ​မ​ဆောင်​ကြ။ ယော​ရှိ​မင်း​ကြီး​နန်း​စံ​ဆယ်​ရှစ်​နှစ်​တွင် ထို​ပွဲ​ကို ယေ​ရု​ရှ​လင်​မြို့၌ ထာ​ဝ​ရ​ဘု​ရား​အား ဆောင်​ကြ​သ​တည်း။ ထို​မှ​တစ်​ပါး၊ ဗိ​မာန်​တော်၌ ယဇ်​ပု​ရော​ဟိတ်​ဟိ​လ​ခိ​တွေ့​သော ကျမ်း​စာ၌​ပါ​သော စ​ကား​အ​တိုင်း ကျင့်​လို​သော​ငှာ၊ ယော​ရှိ​မင်း​သည် စုန်း၊ နတ်​ဝင်၊ တေ​ရပ်​ရုပ်​တု​မှ​စ၍ ရုပ်​တု​ဆင်း​တု​များ​ကို​လည်း​ကောင်း၊ ယေ​ရု​ရှ​လင်​မြို့​နှင့် ယု​ဒ​ပြည်​လုံး​တွင် ရွံ​ရှာ​ဖွယ်​သော​အ​ရာ တွေ့​သ​မျှ​တို့​ကို​လည်း​ကောင်း၊ သုတ်​သင်​ပယ်​ရှင်း​တော်​မူ၏။ မော​ရှေ​တ​ရား၌ ပါ​သ​မျှ​ကို​ကျင့်​သ​ဖြင့်၊ စိတ်​နှ​လုံး​အ​ကြွင်း​မဲ့ အ​စွမ်း​သ​တ္တိ​ရှိ​သ​မျှ​နှင့် ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်​သို့ ပြောင်း​လဲ၍၊ ယော​ရှိ​မင်း​နှင့်​တူ​သော ရှင်​ဘု​ရင်​တစ်​ယောက်​မျှ​မ​ဖြစ်​စ​ဖူး။ နောင်​ကာ​လ၌​လည်း မ​ပေါ်​မ​ရှိ။ သို့​ရာ​တွင် မ​နာ​ရှေ​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ကို နှိုး​ဆော်​ခြင်း​ငှာ၊ ပြစ်​မှား​သော အ​ပြစ်​ရှိ​သ​မျှ​တို့​ကြောင့်၊ ယု​ဒ​အ​မျိုး၌ ပြင်း​စွာ​အ​မျက်​ထွက်၍ စိတ်​တော်​မ​ပြေ။ ဣ​သ​ရေ​လ​အ​မျိုး​ကို ငါ့​မျက်​မှောက်​မှ ပယ်​ရှား​သ​ကဲ့​သို့ ယု​ဒ​အ​မျိုး​ကို​လည်း ငါ​ပယ်​ရှား​မည်။ ငါ​ရွေး​ချယ်​သော ယေ​ရု​ရှ​လင်​မြို့​ကို​လည်း​ကောင်း၊ အ​ကြင်​ဗိ​မာန်၌ ငါ့​နာ​မ​ကို​ငါ​တည်​စေ​မည်​ဟု ငါ​ဆို​သော ဗိ​မာန်​ကို​လည်း​ကောင်း၊ ငါ​စွန့်​ပစ်​မည်​ဟု မိန့်​တော်​မူ၏။