YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 2:9-12

၄ ဓမ္မရာဇဝင် 2:9-12 JBMLE

မြစ်​တစ်​ဖက်​သို့ ရောက်​သော​အ​ခါ၊ ဧ​လိ​ယ​က၊ သင်​နှင့်​ငါ​မ​ကွာ​မီ ငါ၌ တစ်​စုံ​တစ်​ခု​သော​ဆု​ကို တောင်း​လော့​ဟု ဧ​လိ​ရှဲ​အား​ဆို​လျှင်၊ ဧ​လိ​ရှဲ​က၊ ကိုယ်​တော်​ဝိ​ညာဉ်​နှစ်​ဆ​သော​အ​ဖို့​ကို အ​ကျွန်ုပ်​အ​ပေါ်​မှာ ရှိ​ပါ​စေ​သော​ဟု တောင်း​သော်၊ ဧ​လိ​ယ​က သင်​သည်​ရ​ခဲ​သော​ဆု​ကို တောင်း၏။ သင်​နှင့်​ငါ​ကွာ​သည်​ကို မြင်​လျှင်​ရ​မည်။ သို့​မ​ဟုတ် မ​ရ​ဟု ပြော​ဆို၏။ ထို​သို့ နှုတ်​ဆက်​လျက်​သွား​ကြ​စဉ်​တွင်၊ မီး​ရ​ထား​နှင့် မီး​မြင်း​တို့​သည် ပေါ်​လာ၍ ထို​သူ​နှစ်​ယောက်​တို့​ကို ခွဲ​ခွာ​သ​ဖြင့်၊ ဧ​လိ​ယ​သည် လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ တက်​လေ၏။ ဧ​လိ​ရှဲ​သည် ကြည့်​မြင်​လျှင် ငါ့​အ​ဘ၊ ငါ့​အ​ဘ၊ ဣ​သ​ရေ​လ​ရ​ထား၊ ဣ​သ​ရေ​လ​မြင်း​ပါ​တ​ကား​ဟု ဟစ်​သော်​လည်း၊ နောက်​တစ်​ဖန် ဧ​လိ​ယ​ကို​မ​မြင်​ရ။ မိ​မိ​အ​ဝတ်​ကို​ကိုင်၍ နှစ်​ပိုင်း​ဆုတ်​လေ၏။