YouVersion လိုဂို
ရှာရန် အိုင်ကွန်

၄ ဓမ္မရာဇဝင် 19:9-12

၄ ဓမ္မရာဇဝင် 19:9-12 JBMLE

နောက်​တစ်​ဖန် ကု​ရှ​မင်း​ကြီး​တိ​ရ​က္က​သည် စစ်​ချီ၍​လာ​ပြီ​ဟု သ​တင်း​ကြား​သော​အ​ခါ၊ ဟေ​ဇ​ကိ​မင်း​ထံ​သို့ တ​မန်​တို့​ကို စေ​လွှတ်​ပြန်၍၊ သင်​တို့​သည် ယု​ဒ​မင်း​ကြီး​ဟေ​ဇ​ကိ​ကို ပြော​ရ​သော​စ​ကား​ဟူ​မူ​ကား၊ သင်​ကိုး​စား​သော ဘု​ရား​သ​ခင်​က၊ ယေ​ရု​ရှ​လင်​မြို့​သည် အာ​ရှု​ရိ​ရှင်​ဘု​ရင်​လက်​သို့ မ​ရောက်​ရ​ဟူ၍ သင့်​ကို မ​လှည့်​စား​စေ​နှင့်။ အာ​ရှု​ရိ​ရှင်​ဘု​ရင်​တို့​သည် ခပ်​သိမ်း​သော​ပြည်​တို့​ကို​လုပ်​ကြံ၍ ရှင်း​ရှင်း​ဖျက်​ဆီး​ကြောင်း​ကို သင်​သည် ကြား​ရ​ပြီ။ ကိုယ်​တိုင် လွတ်​လိမ့်​မည်​လော။ ငါ့​ဘိုး​ဘေး​တို့​သည် ဖျက်​ဆီး​သော​အ​မျိုး​သား၊ ဂေါ​ဇန်​အ​မျိုး​သား၊ ခါ​ရန်​အ​မျိုး​သား၊ ရေ​ဇပ်​အ​မျိုး​သား၊ တေ​လ​သာ​မြို့၌​ရှိ​သော ဧ​ဒင်​အ​မျိုး​သား​တို့​ကို သူ​တို့၏​ဘု​ရား​များ​တို့​သည် ကယ်​ယူ​ကြ​ပြီ​လော။