YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 8:1-15

၂ ကောရိန္သု 8:1-15 JBMLE

ညီ​အစ်​ကို​တို့၊ ဘု​ရား​သ​ခင်​သည် မာ​ကေ​ဒေါ​နိ​ပြည်၌ ရှိ​သော အ​သင်း​တော်​များ​တို့​အား ပြု​တော်​မူ​သော ကျေး​ဇူး​တော်​အ​ကြောင်း​ကို ငါ​တို့​သည် သင်​တို့​အား ကြား​ပြော​ကြ၏။- ထို​အ​သင်း​တော်​တို့​သည် ညှဉ်း​ဆဲ​ခြင်း​အား​ဖြင့် များ​စွာ​သော စုံ​စမ်း​ခြင်း​ကို ခံ​ရ​သော်​လည်း၊ အ​လွန်​ကြီး​သော ဝမ်း​မြောက်​ခြင်း​နှင့်၊ ဥ​စ္စာ​ပြုန်း​တီး​သော ဆင်း​ရဲ​ခြင်း​အ​ကြောင်း​သည်၊ သူ​တို့၏ စွန့်​ကြဲ​ပေး​ကမ်း​ခြင်း စည်း​စိမ်​ကို ဖြစ်​စေ၍ ကြွယ်​ဝ​ပြည့်​စုံ၏။- အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် တတ်​နိုင်​သ​မျှ ထက်​မ​က၊ အ​လို​အ​လျောက် စွန့်​ကြဲ​ချင်​သော စေ​တ​နာ​စိတ်​ရှိ​ကြ​သည်​ဟု ငါ​သည်​သက်​သေ​ခံ၏။- သူ​တို့​အ​လှူ​ဒါ​န​ကို ငါ​တို့​သည်​ယူ၍ သူ​တို့​နှင့် ကူ​ညီ​လျက်၊ သန့်​ရှင်း​သူ​တို့​အား လုပ်​ကျွေး​ခြင်း​အ​မှု​ကို ဆောင်​ရွက်​မည်​အ​ကြောင်း၊ သူ​တို့​သည် တိုက်​တွန်း​သွေး​ဆောင်​သော စ​ကား​များ​အား​ဖြင့် ငါ​တို့​ကို တောင်း​ပန်​ကြ၏။- ထို​သို့​ပြု​ကြ​သော်၊ ငါ​တို့​မျှော်​လ​င့်​သည်​အ​တိုင်း​ထက်​မ​က ပြု၍၊ ဘု​ရား​သ​ခင်၏​အ​လို​တော်​နှင့်​အ​ညီ ရှေ့​ဦး​စွာ သ​ခင်​ဘု​ရား၌​လည်း​ကောင်း၊ ငါ​တို့၌​လည်း​ကောင်း၊ မိ​မိ​တို့​ကို မိ​မိ​တို့ လှူ​ကြ၏။- ထို​ကြောင့် တိ​တု​သည် သင်​တို့၌ အ​ဦး​ပြု​နှင့်​သ​ကဲ့​သို့ ထို​အ​လှူ​ကျေး​ဇူး​ကို ပြီး​စီး​စေ​မည်​အ​ကြောင်း၊ ငါ​တို့​သည် သူ့​ကို​တောင်း​ပန်​ကြ၏။- ထို​သို့​နှင့်​အ​ညီ သင်​တို့​သည် ယုံ​ကြည်​ခြင်း၊ တ​ရာ​ဟော​ခြင်း၊ ဉာဏ်​ရှိ​ခြင်း၊ အ​မျိုး​မျိုး​သော​သ​တိ​နှင့် ပြည့်​စုံ​ခြင်း၊ ငါ​တို့​ကို​ချစ်​ခြင်း​မှ စ​သော အ​လုံး​စုံ​တို့​နှင့် ကြွယ်​ဝ​ပြည့်​စုံ​သည်​ဖြစ်၍ ထို​ကျေး​ဇူး​နှင့်​လည်း ကြွယ်​ဝ​ပြည်​စုံ​ခြင်း ဖြစ်​စေ​သ​တည်း။- ထို​သို့​ဆို​သော်၊ ပ​ညတ်​အား​ဖြင့် ငါ​ဆို​သည် မ​ဟုတ်။ အ​ခြား​သော​သူ​တို့၏ ကြိုး​စား​အား​ထုတ်​ခြင်း​ကို အ​စွဲ​ပြု၍၊ သင်​တို့၏​မေ​တ္တာ​သည် မှန်​သည်​မ​မှန်​သည်​ကို စုံ​စမ်း​သော​အား​ဖြင့် ဆို​သ​တည်း။- အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်​သည် စည်း​စိမ်​ရှိ​သော်​လည်း၊ ဆင်း​ရဲ​တော်​မူ​ခြင်း​အား​ဖြင့် သင်​တို့​သည် စည်း​စိမ်​ရှိ​စေ​ခြင်း​ငှာ၊ သင်​တို့​အ​တွက်​ကြောင့် ဆင်း​ရဲ​ခြင်း​ကို​ခံ​တော်​မူ​သော ကျေး​ဇူး​တော်​ကို သင်​တို့​သိ​ကြ၏။ ဤ​အ​မှု၌ ငါ​သည် ကိုယ်​သ​ဘော​ကို​ပြ၏။ မ​နှစ်​က​ပင် အ​ဦး​ပြု​သည်​သာ​မ​က၊ စေ​တ​နာ​စိတ်​နှင့် ပြည့်​စုံ​သော​သင်​တို့​သည် ဤ​အ​မှု​ကို​ပြီး​စေ​လျှင် သာ၍ ကောင်း​လိမ့်​မည်။- သို့​ဖြစ်၍၊ အ​ထက်​က စေ​တ​နာ​ရှိ​သည်​နှင့်​အ​ညီ၊ ယ​ခု​တွင်​သင်​တို့​သည် တတ်​နိုင်​သည်​အ​တိုင်း​ပြု၍ ဤ​အ​မှု​ကို ပြီး​စီး​စေ​ကြ​လော့။- အ​ကြောင်း​မူ​ကား၊ စေ​တ​နာ​စိတ်​သည် အ​သင့်​ရှိ​လျှင်၊ မ​တတ်​နိုင်​သော​အ​မှု​ကို မ​ထောက်​ဘဲ၊ တတ်​နိုင်​သော​အ​မှု​ကို ထောက်၍ နှစ်​သက်​တော်​မူ​ဖွယ် ဖြစ်၏။- ဤ​အ​မှု​အ​ရာ၌ အ​ခြား​သော​သူ​တို့​သည် ချမ်း​သာ​ရ၍ သင်​တို့​သည် ဆင်း​ရဲ​စေ​ခြင်း​ငှာ ငါ​အ​ကြံ​ရှိ​သည် မ​ဟုတ်။- များ​များ​ရ​သော​သူ မ​ပို။ နည်း​နည်း​ရ​သော​သူ မ​လို​ဟူ​သော ကျမ်း​စ​ကား​နှင့်​အ​ညီ၊ မျှ​ခြင်း​တ​ရား​ကို​ထောက်၍၊ ယ​ခု၌ သင်​တို့၏ စည်း​စိမ်​သည် သူ​တို့၏​ဆင်း​ရဲ​ကို မ​စ​သ​ဖြင့်​လည်း​ကောင်း၊ နောင်၌ သူ​တို့၏​စည်း​စိမ်​သည် သင်​တို့၏​ဆင်း​ရဲ​ကို မ​စ​သ​ဖြင့်​လည်း​ကောင်း၊ အ​ညီ​အ​မျှ​ဖြစ်​စေ​ခြင်း​ငှာ ငါ​အ​ကြံ​ရှိ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။