ညှဥ်းဆဲခံခြင်း၊ ဆင်းရဲခြင်း၊ မလွတ်နိုင်သော ဘေးဥပဒ်နှင့်တွေ့ခြင်း၊- အရိုက်အပုတ်ခံခြင်း၊ ထောင်ထဲ၌နေခြင်း၊ သူတစ်ပါး ရုန်းရင်းခတ်ပြုခြင်း၊ အမှုကိုလုပ်ဆောင်ခြင်း၊ မအိပ်ဘဲစောင့်နေခြင်း၊ မွတ်သိပ်ခြင်းကို အလွန်သည်းခံလျက်၊- စိတ်နှလုံးစင်ကြယ်ခြင်း၊ ပညာရှိခြင်း၊ စိတ်ရှည်ခြင်း၊ ကျေးဇူးပြုခြင်း၊ သန့်ရှင်းသော ဝိညာဉ်တော်ကိုခံခြင်း၊ ချစ်ယောင်မဆောင် အမှန်ချစ်ခြင်း၊- သမ္မာတရားကိုဟောခြင်း၊ ဘုရားသခင်၏ တန်ခိုးတော်ကိုပြခြင်း၊ ဖြောင့်မတ်သောအကျင့်တည်းဟူသော လက်နက်များကို လက်ယာဘက် လက်ဝဲဘက်၌ ဝတ်ဆောင်ခြင်းအားဖြင့်လည်းကောင်း၊- အသရေထင်ရှားခြင်းနှင့် ရှုတ်ချခြင်း၊ ချီးမွမ်းခြင်းနှင့် ကဲ့ရဲ့ခြင်းကို ခံသဖြင့်လည်းကောင်း၊ လှည့်စားသောသူကဲ့သို့ ဖြစ်သော်လည်း၊ ဟုတ်မှန်သောသူ၊- အဘယ်သူမျှမသိသော သူကဲ့သို့ဖြစ်သော်လည်း ကျော်စောသောသူ၊ အသေခံသောသူကဲ့သို့ ဖြစ်သော်လည်း၊ အသက်ရှင်သောသူ၊ ဆုံးမခြင်းကိုခံသောသူကဲ့သို့ ဖြစ်သော်လည်း၊ အသေသတ်ခြင်းနှင့် ကင်းလွတ်သောသူ၊- ဝမ်းနည်းသောသူကဲ့သို့ ဖြစ်သော်လည်း၊ အစဉ်ဝမ်းမြောက်သောသူ၊ ဆင်းရဲသောသူကဲ့သို့ ဖြစ်သော်လည်း၊ လူအများကို ရတတ်စေသောသူ၊ ဥစ္စာတစ်စုံတစ်ခုကိုမျှ မပိုင်သောသူကဲ့သို့ ဖြစ်သော်လည်း၊ အလုံးစုံတို့ကိုပိုင်သောသူ ဖြစ်သဖြင့်လည်းကောင်း၊ ဘုရားသခင်ခန့်ထားတော်မူသော ဓမ္မဆရာမှန်ကြောင်းကို အရာရာ၌ ထင်ရှားစွာပြ၏။ အချင်းကောရိန္သုလူတို့၊ ငါတို့နှုတ်သည် သင်တို့အား ဖွင့်လျက်ရှိ၏။ စိတ်နှလုံးသည်လည်း ကျယ်ဝန်း၏။
၂ ကောရိန္သု 6 ကို ဖတ်ရှုရန်
နားထောင်ရန် ၂ ကောရိန္သု 6
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ကောရိန္သု 6:4-11
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ