YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 3:14-18

၂ ကောရိန္သု 3:14-18 JBMLE

သူ​တို့​စိတ်​နှ​လုံး​သည် မိုက်​မဲ​လျက်​ရှိ၍၊ ယ​ခု​တိုင်​အောင် ဓ​မ္မ​ဟောင်း​ကျမ်း​စာ​ကို ဖတ်​ကြ​သော​အ​ခါ အ​နက်​အ​ဓိ​ပ္ပာယ်​သည် ဖုံး​အုပ်​လျက်​ရှိ၏။ အ​ကြောင်း​မူ​ကား၊ ခ​ရစ်​တော်​အား​ဖြင့်​သာ ထို​ဖုံး​အုပ်​ခြင်း အ​ကြောင်း​ကို ပယ်​ရှင်း​ရ၏။ ယ​ခု​တိုင်​အောင်​လည်း၊ မော​ရှေ၏​ကျမ်း​စာ​ကို ဖတ်​ကြ​သော​အ​ခါ၊ သူ​တို့​စိတ်​နှ​လုံး​သည် ဖုံး​အုပ်​လျက် ရှိ​သေး၏။- သို့​သော်​လည်း သ​ခင်​ဘု​ရား​ထံ​တော်​သို့ ပြောင်း​လဲ​သော​အ​ခါ၊ ထို​ဖုံး​အုပ်​ခြင်း​အ​ကြောင်း​ကို ပယ်​ရှင်း​လိမ့်​မည်။- သ​ခင်​ဘု​ရား​ဟု​ဆို​သော် ဝိ​ညာဉ်​တော်​တ​ရား​ကို ဆို​လို​သ​တည်း။ သ​ခင်​ဘု​ရား၏ ဝိ​ညာဉ်​တော်​တ​ရား​သည် လွှတ်​ခြင်း​ချမ်း​သာ​ကို ပေး​တတ်၏။- ငါ​တို့​ရှိ​သ​မျှ​သည် မျက်​နှာ​ဖုံး​ကို​ဖွင့်​လျက် မှန်​ကို ကြည့်​သ​ကဲ့​သို့၊ သ​ခင်​ဘု​ရား၏ ဘုန်း​အ​သ​ရေ​တော်​ကို ကြည့်​မြင်၍၊ ဝိ​ညာဉ်​တော်​တ​ရား၏ အ​ရှင်​သည် ရောင်​ခြည်​တော်​ကို လွှတ်​တော်​မူ​သည်​အ​တိုင်း၊ ငါ​တို့​သည် ဘုန်း​အ​သ​ရေ တိုး​ပွား၍ ပုံ​သ​ဏ္ဌာန်​တော်​နှင့်​အ​ညီ ပြောင်း​လဲ​ခြင်း ရှိ​ရ​ကြ၏။