YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 13:5-9

၂ ကောရိန္သု 13:5-9 JBMLE

သင်​တို့​သည် ယုံ​ကြည်​ခြင်း၌ တည်​သ​လော၊ မ​တည်​လော​ဟု ကိုယ်​ကို​ကိုယ် စစ်​ကြော​ကြ​လော့။ ကိုယ်​ကို​ကိုယ် စုံ​စမ်း​ကြ​လော့။ အ​စစ်​မ​ခံ​နိုင်​သော သူ​မ​မှန်​လျှင်၊ ယေ​ရှု​ခ​ရစ်​သည် သင်​တို့၌ တည်​တော်​မူ​သည်​ဟု ကိုယ်​အ​ကြောင်း​ကို ကိုယ်​မ​သိ​ကြ​သ​လော။- ငါ​တို့​သည် အ​စစ်​ခံ​နိုင်​သော​သူ​ဖြစ်​သည်​ကို သင်​တို့ သိ​ကြ​လိမ့်​မည်​ဟု ငါ​ထင်​မှတ်​မျှော်​လ​င့်​ခြင်း​ရှိ၏။- ငါ​တို့​သည် အ​စစ်​ခံ​နိုင်​ကြောင်း​ကို ထင်​ရှား​စေ​ခြင်း​ငှာ ငါ​အ​လို​ရှိ​သည်​မ​ဟုတ်။ အ​စစ်​မ​ခံ​နိုင်​သော သူ​ကဲ့​သို့​ထင်​သော်​လည်း၊ သင်​တို့​သည် ကောင်း​မွန်​စွာ ကျင့်​စေ​ခြင်း​ငှာ၊ မ​ကောင်း​သော​အ​ကျင့် တစ်​စုံ​တစ်​ခု​ကို​မျှ မ​ကျင့်​မည်​အ​ကြောင်း၊ ငါ​သည် ဘု​ရား​သ​ခင်​ကို ဆု​တောင်း​ပ​တ္ထ​နာ​ပြု၏။- ငါ​တို့​သည် သ​မ္မာ​တ​ရား​ကို ဆီး​တား​ခြင်း​ငှာ အ​လျှင်း​မ​တတ်​နိုင်​ကြ။- သ​မ္မာ​တ​ရား​ဘက်၌​နေ၍​သာ တတ်​နိုင်​ကြ၏။ ငါ​တို့​သည် အား​နည်း၍ သင်​တို့​သည် အား​ကြီး​သော​အ​ခါ၊ ငါ​တို့​သည် ဝမ်း​မြောက်​ခြင်း​ရှိ​ကြ၏။ သင်​တို့​သည် စုံ​လင်​မည်​အ​ကြောင်း​ကို​သာ အ​လို​ရှိ​ကြ၏။