YouVersion လိုဂို
ရှာရန် အိုင်ကွန်

၂ ကောရိန္သု 10:9-12

၂ ကောရိန္သု 10:9-12 JBMLE

ငါ​ရေး၍​ပေး​လိုက်​သော စာ​အား​ဖြင့်​သာ သင်​တို့​ကို ခြိမ်း​ခြောက်​သ​ကဲ့​သို့ ငါ​မ​ပြု​လို။- အ​ကြောင်း​မူ​ကား၊ ထို​သူ၏​စာ​သည် လေး​လံ​သော​စာ၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော​စာ ဖြစ်၏။ ကိုယ်​တိုင်​ရှိ​လျှင်​မူ​ကား၊ သ​တ္တိ​မ​ရှိ​သော​သူ၊ အ​ချည်း​နှီး​သော​စ​ကား​ကို ပြော​သော​သူ​ဖြစ်​သည်​ဟု ဆို​တတ်​သော​သူ​ရှိ၏။- ငါ​တို့​သည် ကိုယ်​တိုင်​မ​ရှိ၍ စာ၌​ပါ​သော စ​ကား​အား​ဖြင့် ဖြစ်​သ​ကဲ့​သို့၊ ကိုယ်​တိုင်​မျက်​မှောက် ရှိ​သော​အ​ခါ အ​မှု​အား​ဖြင့် ဖြစ်​လိမ့်​မည်​ဟု ထို​သူ​သည် ဆင်​ခြင်​သိ​မှတ်​စေ။ ကိုယ်​ကို​ကိုယ်​ချီး​မွမ်း​သော သူ​တို့​နှင့် ရေ​တွက်​ဝင်​ခြင်း​ကို​လည်း​ကောင်း၊ ပြိုင်​နှိုင်း​ခြင်း​ကို​လည်း​ကောင်း၊ ငါ​တို့​မ​ပြု​ဝံ့။ ထို​သူ​တို့​သည် အ​ချင်း​ချင်း​တစ်​ယောက်​နှင့် တစ်​ယောက် ခိုင်း​နှိုင်း​ခြင်း၊ ပြိုင်​နှိုင်း​ခြင်း​တို့​ကို​ပြု၍ ပ​ညာ​မဲ့​ဖြစ်​ကြ၏။