ငါတို့ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဟူမူကား၊ လောကီပညာကို အမှီမပြု၊ ဘုရားသခင်၏ ကျေးဇူးတော်ကို အမှီပြု၍ လျစ်လျူသောစိတ်နှင့်လည်းကောင်း၊ ဘုရားသခင် အလိုတော်ရှိသော ကြည်ဖြူခြင်းနှင့်လည်းကောင်း၊ ငါတို့သည် ဤလောက၌ ကျင့်ကြံပြုမူ၍ သင်တို့ဆီမှာလည်း ထိုသို့အထူးသဖြင့် ကျင့်ကြံပြုမူသည်ဟု ကိုယ်ကိုကိုယ်သိသော စိတ်သည် သက်သေခံသတည်း။- သင်တို့သည်ဖတ်၍ ဝန်ခံသောအရာမှတစ်ပါး၊ အခြားသောအရာကို ငါတို့သည် ရေး၍ ပေးလိုက်သည်မဟုတ်။ သင်တို့သည် သခင်ယေရှုခရစ်၏နေ့၌ ငါတို့၏ ဝါကြွားဝမ်းမြောက်ခြင်းအကြောင်း ဖြစ်သကဲ့သို့၊ ငါတို့သည် သင်တို့၏ ဝါကြွားဝမ်းမြောက်ခြင်း အကြောင်းဖြစ်သည်ဟု သင်တို့သည် ငါတို့ကို အနည်းငယ်အားဖြင့် ဝန်ခံသည်အတိုင်း အစဉ်ဝန်ခံကြလိမ့်မည်ဟု ငါတို့သည် မျှော်လင့်လျက်နေကြ၏။ အစဉ်ဝန်ခံမည်ဟု ငါသဘောကျလျက်ရှိ၍၊ သင်တို့သည်တစ်ဖန် ဆုကျေးဇူးတော်ကို ခံရစေခြင်းငှာ ငါသည် သင်တို့ဆီသို့ အရင်လာမည်ဟု အကြံရှိ၏။- သင်တို့အနားမှာလျှောက်၍ မာကေဒေါနိပြည်သို့ သွားပြီးလျှင်၊ တစ်ဖန် မာကေဒေါနိပြည်မှ သင်တို့ နေရာသို့လာ၍၊ ယုဒပြည်တိုင်အောင် သင်တို့ပို့ခြင်းကျေးဇူးကို ခံမည်ဟုအကြံရှိ၏။
၂ ကောရိန္သု 1 ကို ဖတ်ရှုရန်
နားထောင်ရန် ၂ ကောရိန္သု 1
မျှဝေရန်
ဗားရှင်းအားလုံးနှိုင်းယှဉ်ပါ: ၂ ကောရိန္သု 1:12-16
အခန်းငယ်များကို သိမ်းဆည်းပါ၊ လိုင်းမဲ့ဖတ်ပါ၊ သင်ကြားမှုအပိုင်းများကို ကြည့်ရှုခြင်းနှင့် အခြားအရာများ။
ပင်မစာမျက်နှာ
သမ္မာကျမ်းစာ
အစီအစဉ်များ
ဗီဒီယိုများ