YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ သက်သာလောနိတ် 4:9-12

၁ သက်သာလောနိတ် 4:9-12 JBMLE

ညီ​အစ်​ကို​ချင်း ချစ်​ခြင်း​အ​ရာ​ကို သင်​တို့​အား ရေး၍​ပေး​လိုက်​စ​ရာ​အ​ကြောင်း​မ​ရှိ။ အ​ဘယ်​ကြောင့် နည်း​ဟူ​မူ​ကား၊ သင်​တို့​သည် အ​ချင်း​ချင်း​ချစ်​စေ​ခြင်း​ငှာ၊ ဘု​ရား​သ​ခင် ဆုံး​မ​သွန်​သင်​တော်​မူ​သော​သူ ဖြစ်​ကြ၏။- ထို​မျှ​မ​က၊ မာ​ကေ​ဒေါ​နိ​ပြည်​တွင် အ​ရပ်​ရပ်၌​ရှိ​သော ညီ​အစ်​ကို​အ​ပေါင်း​တို့​ကို ထို​သို့​ပြု​ကြ၏။ သို့​သော်​လည်း၊ ညီ​အစ်​ကို​တို့၊ သင်​တို့​သည် တိုး​ပွား၍ ကြွယ်​ဝ​ပြည့်​စုံ​မည်​အ​ကြောင်း​နှင့်၊- ပြင်​ပ​လူ​တို့​ရှေ့၌ လျောက်​ပတ်​စွာ​ကျင့်၍ အ​ဘယ်​မျှ မ​လို​ရ​အောင်၊ ငါ​တို့​သည် အ​ထက်​က မှာ​ထား​သည်​နှင့်​အ​ညီ ငြိမ်​ဝပ်​စွာ​နေ၍၊ ကိုယ်​အ​မှု​ကို ဆောင်​ရွက်​လျက်၊ ကိုယ်​လက်​နှင့် လုပ်​ဆောင်​ခြင်း​ငှာ စေ​တ​နာ​စိတ်​နှင့် ကြိုး​စား​အား​ထုတ်​မည်​အ​ကြောင်း​ကို၊ ငါ​တို့​သည် တိုက်​တွန်း​သွေး​ဆောင်​ကြ၏။