YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 8:1-7

၁ ဓမ္မရာဇဝင် 8:1-7 JBMLE

ရှ​မွေ​လ​သည် အ​သက်​ကြီး​သော​အ​ခါ၊ မိ​မိ​သား​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး၌ အုပ်​စိုး​ရ​သော​အ​ခွင့်​နှင့် ခန့်​ထား၏။ သား​ဦး​အ​မည်​ကား ယော​လ၊ ဒု​တိ​ယ​သား​အ​မည်​ကား အ​ဘိ​ရ​တည်း။ ထို​သူ​တို့​သည် ဗေ​ရ​ရှေ​ဗ​မြို့၌ တ​ရား​သူ​ကြီး​လုပ်​ကြ၏။ သို့​ရာ​တွင် အ​ဘ​လမ်း​သို့​မ​လိုက်။ ငွေ​ကို​တပ်​မက်​သော​စိတ်​နှင့် လွဲ​သွား၍ တံ​စိုး​စား​လျက် တ​ရား​ကို​ဖျက်​ကြ၏။ ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် စည်း​ဝေး၍၊ ရှ​မွေ​လ​ရှိ​ရာ​အ​ရပ် ရာ​မ​မြို့​သို့​လာ​ပြီး​လျှင်၊ ကိုယ်​တော်​သည် အ​သက်​ကြီး​ပါ၏။ ကိုယ်​တော်၏​သား​တို့​သည် ကိုယ်​တော်​လမ်း​သို့ မ​လိုက်​ကြ​ပါ။ လူ​မျိုး​အ​ပေါင်း​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​သော​ရှင်​ဘု​ရင်​ကို ချီး​မြှောက်​ပါ​လော့​ဟု လျှောက်​ကြ၏။ ထို​သို့ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​သော ရှင်​ဘု​ရင်​ကို ပေး​ပါ​လော့​ဟု လျှောက်​သော​အ​မှု​ကို ရှ​မွေ​လ​သည် မ​နှစ်​သက်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​အား​ဆု​တောင်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​အား လူ​များ​တို့​ပြော​ဆို​သ​မျှ​သော စ​ကား​ကို နား​ထောင်​လော့။ သူ​တို့​သည် သင့်​ကို​သာ​မ​ပယ်၊ ငါ​သည် သူ​တို့​ကို​မ​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ့​ကို​လည်း​ပယ်​ကြ​ပြီ။