YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 8:1-22

၁ ဓမ္မရာဇဝင် 8:1-22 JBMLE

ရှ​မွေ​လ​သည် အ​သက်​ကြီး​သော​အ​ခါ၊ မိ​မိ​သား​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး၌ အုပ်​စိုး​ရ​သော​အ​ခွင့်​နှင့် ခန့်​ထား၏။ သား​ဦး​အ​မည်​ကား ယော​လ၊ ဒု​တိ​ယ​သား​အ​မည်​ကား အ​ဘိ​ရ​တည်း။ ထို​သူ​တို့​သည် ဗေ​ရ​ရှေ​ဗ​မြို့၌ တ​ရား​သူ​ကြီး​လုပ်​ကြ၏။ သို့​ရာ​တွင် အ​ဘ​လမ်း​သို့​မ​လိုက်။ ငွေ​ကို​တပ်​မက်​သော​စိတ်​နှင့် လွဲ​သွား၍ တံ​စိုး​စား​လျက် တ​ရား​ကို​ဖျက်​ကြ၏။ ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည် စည်း​ဝေး၍၊ ရှ​မွေ​လ​ရှိ​ရာ​အ​ရပ် ရာ​မ​မြို့​သို့​လာ​ပြီး​လျှင်၊ ကိုယ်​တော်​သည် အ​သက်​ကြီး​ပါ၏။ ကိုယ်​တော်၏​သား​တို့​သည် ကိုယ်​တော်​လမ်း​သို့ မ​လိုက်​ကြ​ပါ။ လူ​မျိုး​အ​ပေါင်း​တို့၏ ထုံး​စံ​ရှိ​သည်​အ​တိုင်း အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​သော​ရှင်​ဘု​ရင်​ကို ချီး​မြှောက်​ပါ​လော့​ဟု လျှောက်​ကြ၏။ ထို​သို့ အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​ရ​သော ရှင်​ဘု​ရင်​ကို ပေး​ပါ​လော့​ဟု လျှောက်​သော​အ​မှု​ကို ရှ​မွေ​လ​သည် မ​နှစ်​သက်​သော​ကြောင့် ထာ​ဝ​ရ​ဘု​ရား​အား​ဆု​တောင်း​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သင့်​အား လူ​များ​တို့​ပြော​ဆို​သ​မျှ​သော စ​ကား​ကို နား​ထောင်​လော့။ သူ​တို့​သည် သင့်​ကို​သာ​မ​ပယ်၊ ငါ​သည် သူ​တို့​ကို​မ​အုပ်​စိုး​စေ​ခြင်း​ငှာ ငါ့​ကို​လည်း​ပယ်​ကြ​ပြီ။ သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​ဆောင်​ခဲ့​သော​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ငါ့​ကို​စွန့်၍ အ​ခြား​တစ်​ပါး​သော ဘု​ရား​တို့​ကို ဝတ်​ပြု​သ​ဖြင့် ကျင့်​မိ​သ​မျှ​သော အ​ကျင့်​အ​တိုင်း သင်၌​လည်း​ပြု​ကြ၏။ ယ​ခု​မှာ သူ​တို့​စ​ကား​ကို နား​ထောင်​လော့။ သို့​ရာ​တွင် သ​တိ​ပေး၍ သူ​တို့​ကို​အုပ်​စိုး​သော ရှင်​ဘု​ရင်၏​ထုံး​စံ​ကို ပြ​လော့​ဟု မိန့်​တော်​မူ၏။ ရှ​မွေ​လ​သည်​လည်း၊ ရှင်​ဘု​ရင်​ကို တောင်း​သော​သူ​တို့​အား ထာ​ဝ​ရ​ဘု​ရား အ​မိန့်​တော်​ရှိ​သ​မျှ​ကို ပြန်​ပြော၍၊ သင်​တို့​ကို အုပ်​စိုး​သော ရှင်​ဘု​ရင်၏​ထုံး​စံ​ဟူ​မူ​ကား၊ သင်​တို့​သား​များ​ကို​ယူ၍ မိ​မိ​ရ​ထား​ထိန်း၊ မြင်း​ထိန်း​အ​ရာ၌ ခန့်​ထား၍၊ အ​ချို့​တို့​သည်​လည်း သူ၏​ရ​ထား​ရှေ့​မှာ ပြေး​ရ​ကြ​မည်။ လူ​တစ်​ထောင်​အုပ်၊ တစ်​ရာ​အုပ်၊ ငါး​ဆယ်​အုပ်၊ တစ်​ဆယ်​အုပ်​အ​ရာ၌ ခန့်​ထား၍၊ လယ်​လုပ်​ခြင်း၊ စ​ပါး​ရိတ်​ခြင်း၊ စစ်​တိုက်​တန်​ဆာ၊ ရ​ထား​တန်​ဆာ​ကို​လုပ်​ခြင်း​အ​မှု​များ​ကို ဝေ​ဖန်​လိမ့်​မည်။ သင်​တို့​သ​မီး​များ​ကို​လည်း ယူ၍၊ ခဲ​ဖွယ်​စား​ဖွယ်​တို့​ကို ပြင်​ဆင်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ စား​တော်​ကဲ၊ မုန့်​သည် ဖြစ်​စေ​ခြင်း​ငှာ​လည်း​ကောင်း ခန့်​ထား​လိမ့်​မည်။ သင်​တို့​လယ်​ကွက်၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ် အ​ကောင်း​ဆုံး​တို့​ကို​ယူ၍ မိ​မိ​ကျွန်​တို့​အား ပေး​လိမ့်​မည်။ သင်​တို့​မျိုး​စေ့ စ​ပျစ်​သီး ဆယ်​ဖို့​တစ်​ဖို့​ကို​ယူ၍ သူ၏​အ​ရာ​ရှိ အ​မှု​ထမ်း​တို့​အား ပေး​လိမ့်​မည်။ သင်​တို့​ကျွန်၊ ကျွန်​မ၊ အ​ကောင်း​ဆုံး​သော လု​လင်၊ မြည်း​များ​ကို​ယူ၍ သူ၏​အ​မှု​ကို လုပ်​ကိုင်​စေ​လိမ့်​မည်။ သင်​တို့​သိုး​စု ဆယ်​ဖို့​တစ်​ဖို့​ကို​လည်း​ယူ၍ သင်​တို့​သည် သူ၏​ကျွန်​ခံ​ရ​ကြ​မည်။ သင်​တို့​ရွေး​ယူ​သော ရှင်​ဘု​ရင်​ကြောင့်၊ ထို​နေ့၌ သင်​တို့ အော်​ဟစ်​သော်​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မ​မူ​ဟု သ​တိ​ပေး​လေ၏။ သို့​သော်​လည်း လူ​များ​တို့​က၊ မ​ဟုတ်​ပါ။ အုပ်​စိုး​သော ရှင်​ဘု​ရင်​ကို လို​ချင်​ပါ၏။ အ​ကျွန်ုပ်​တို့​သည် တစ်​ပါး​အ​မျိုး​သား​အ​ပေါင်း​တို့​နှင့် တူ​မည်​အ​ကြောင်း အ​ကျွန်ုပ်​တို့​ကို အုပ်​စိုး​သော ရှင်​ဘု​ရင်​ရှိ​ရ​မည်။ အ​ကျွန်ုပ်​တို့​ရှေ့​မှာ​ထွက်​ကြွ၍ စစ်​တိုက်​ရ​မည်​ဟု ရှ​မွေ​လ၏​စ​ကား​ကို နား​မ​ထောင်​ဘဲ ဆို​ကြ၏။ ထို​သူ​တို့၏ စ​ကား​များ​ကို ရှ​မွေ​လ​သည်​ကြား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လျှောက်​လေ၏။ ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ​တို့​စ​ကား​ကို​နား​ထောင်၍ သူ​တို့​အ​ဖို့ ရှင်​ဘု​ရင်​ကို ချီး​မြှောက်​လော့​ဟု မိန့်​တော်​မူ​သ​ဖြင့်၊ ရှ​မွေ​လ​က၊ သင်​တို့​အ​သီး​အ​သီး နေ​ရာ​မြို့​ရွာ​သို့ ပြန်​သွား​ကြ​လော့​ဟု ဣ​သ​ရေ​လ​လူ​တို့​အား ပြော​ဆို​လေ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။