YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 30:18-30

၁ ဓမ္မရာဇဝင် 30:18-30 JBMLE

အာ​မ​လက်​လူ​တို့​သည် သိမ်း​သွားသ​မျှ​တို့​ကို ဒါ​ဝိဒ်​သည်​ရ​ပြန်၍၊ မိ​မိ​မ​ယား​နှစ်​ယောက်​ကို​လည်း ကယ်​နုတ်​လေ၏။ လူ​အ​ကြီး​အ​ငယ်၊ သား​သ​မီး၊ ဥ​စ္စာ​ပ​စ္စည်း၊ လု​ယူ​သိမ်း​သွား​သ​မျှ​တို့​တွင် တစ်​စုံ​တစ်​ခု​မျှ​မ​ကျန်၊ အ​လုံး​စုံ​တို့​ကို ဒါ​ဝိဒ်​သည် ရ​ပြန်​လေ၏။ ဒါ​ဝိဒ်​သည်​လည်း ထို​သိုး​နွား​များ​ရှေ့​မှာ အ​ရင်​နှင်​သော သိုး​နွား​အ​ပေါင်း​တို့​ကို​လည်း ယူ၍၊ ဤ​ဥ​စ္စာ​သည် ဒါ​ဝိဒ်​ပိုင်​သော လက်​ရ​ဥ​စ္စာ​ဖြစ်​သည်​ဟု ဆို၏။ မော၍ ဒါ​ဝိဒ်​နောက်​သို့ မ​လိုက်​နိုင်၊ ဗေ​သော်​ချောင်း​နား​မှာ နေ​ရစ်​သော လူ​နှစ်​ရာ​ရှိ​ရာ​သို့ ဒါ​ဝိဒ်​ရောက်၍၊ သူ​တို့​သည် ဒါ​ဝိဒ်​နှင့် သူ့၌​ပါ​သော​လူ​တို့​ကို ခ​ရီး​ဦး​ကြို​ပြု​လို​သော​ငှာ ထွက်​လာ​သ​ဖြင့်၊ ဒါ​ဝိဒ်​သည် အ​နီး​သို့​ရောက်​သော​အ​ခါ သူ​တို့​ကို​နှုတ်​ဆက်​လေ၏။ ဒါ​ဝိဒ်​နှင့် လိုက်​သွား​သော​သူ​တို့​တွင် အ​ဓ​မ္မ​လူ​ဆိုး​များ​တို့​က၊ ဤ​သူ​တို့​သည် ငါ​တို့​နှင့်​မ​လိုက်​သော​ကြောင့်၊ ငါ​တို့​ရ​သော ဥ​စ္စာ​တို့​တွင် သူ​တို့​သား​မ​ယား​မှ​တစ်​ပါး အ​ခြား​သော​ဥ​စ္စာ​ကို သူ​တို့​အား​မ​ပေး​ရ။ ကိုယ်​သား​မ​ယား​ကို ယူ၍ ထွက်​သွား​ကြ​စေ​ဟု ဆို​ကြ၏။ ဒါ​ဝိဒ်​က​လည်း၊ ငါ့​ညီ​အစ်​ကို​တို့ ငါ​တို့​ကို စောင့်​မ၍ ငါ​တို့​ကို​တိုက်​လာ​သော အ​လုံး​အ​ရင်း​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ပေး​သ​နား​တော်​မူ​သော ဥ​စ္စာ​ကို ထို​သို့​မ​ပြု​ရ။ ဤ​အ​မှု၌ သင်​တို့​စ​ကား​ကို အ​ဘယ်​သူ နား​ထောင်​လိမ့်​မည်​နည်း။ စစ်​တိုက်​သွား​သော​သူ ရ​သည်​အ​တိုင်း၊ ဥ​စ္စာ​ကို​စောင့်​လျက် နေ​ရစ်​သော​သူ ရ​စေ။ နှစ်​ပါး​စ​လုံး​တို့​သည် အ​ညီ​အ​မျှ​ခံ​စေ​ဟု စီ​ရင်၏။ ထို​နေ့​မှ​စ၍ ယ​နေ့​တိုင်​အောင် ဣ​သ​ရေ​လ​အ​မျိုး၌ ထို​သို့​သော ထုံး​စံ​ဖြစ်​စေ​ခြင်း​ငှာ စီ​ရင်​ထုံး​ဖွဲ့​သ​တည်း။ ဒါ​ဝိဒ်​သည် ဇိ​က​လတ်​မြို့​သို့ ရောက်​သော​အ​ခါ၊ လက်​ရ​ဥ​စ္စာ​အ​ချို့​ကို မိ​မိ​အ​ဆွေ​ခင်​ပွန်း၊ ယု​ဒ​အ​မျိုး အ​သက်​ကြီး​သူ​တို့​ထံ​သို့ ပေး​လိုက်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ရန်​သူ​လက်​မှ​ရ​ခဲ့​သော ဥ​စ္စာ​ထဲ​က သင်​တို့​အ​ဖို့​လက်​ဆောင်​ကို ကြည့်​လော့​ဟု​မှာ​လိုက်၏။ ဗေ​သ​လ​မြို့၊ တောင်​ရာ​မုတ်​မြို့၊ ယ​တ္တိ​ယ​မြို့၊ အာ​ရော်​မြို့၊ ရှိ​ဖ​မုတ်​မြို့၊ ဧ​ရှ​တ​မော​မြို့၊ ရာ​ခ​လ​မြို့၊ ယေ​ရ​မေ​လ​လူ နေ​ရာ​မြို့​များ၊ ကေ​နိ​လူ နေ​ရာ​မြို့​များ၊ ဟော​မာ​မြို့​များ၊ ခေါ​ရာ​ရှန်​မြို့၊ အာ​သက်​မြို့၊