YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 28:15-25

၁ ဓမ္မရာဇဝင် 28:15-25 JBMLE

ရှ​မွေ​လ​က​လည်း၊ သင်​သည် ငါ့​ကို​နှောင့်​ယှက်​လျက် အ​ဘယ်​ကြောင့်​ဖော်​သ​နည်း​ဟု ရှော​လု​ကို မေး​သော်၊ ရှော​လု​က၊ အ​ကျွန်ုပ်​သည် အ​လွန်​ဆင်း​ရဲ​ခြင်း​သို့ ရောက်​ပါ​ပြီ။ ဖိ​လိ​တ္တိ​လူ​တို့​သည် စစ်​တိုက်​ကြ​ပါ၏။ ဘု​ရား​သ​ခင်​သည် အ​ကျွန်ုပ်​ကို စွန့်​တော်​မူ​ပြီ။ ပ​ရော​ဖက်​အား​ဖြင့် ထူး​တော်​မ​မူ။ အိပ်​မက်​အား​ဖြင့် ထူး​တော်​မ​မူ။ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို၊ ကိုယ်​တော်​ပြ​စေ​ခြင်း​ငှာ ကိုယ်​တော်​ကို အ​ကျွန်ုပ်​ခေါ်​ပါ​ပြီ​ဟု ပြော​ဆို၏။ ရှ​မွေ​လ​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​စွန့်၍ သင့်​ရန်​ဘက်​ဖြစ်​တော်​မူ​သည်​မှန်​လျှင်၊ ငါ့​ကို အ​ဘယ်​ကြောင့် မေး​မြန်း​သေး​သ​နည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း သင်၌​ပြု​တော်​မူ​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​နိုင်​ငံ​ကို သင့်​လက်​မှ​နုတ်၍၊ သင့်​အိမ်​နီး​ချင်း ဒါ​ဝိဒ်​အား​ပေး​တော်​မူ​ပြီ။ အ​ကြောင်း​မူ​ကား၊ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏​စ​ကား​တော်​ကို နား​မ​ထောင်။ ပြင်း​စွာ​သော​အ​မျက်​ကို အာ​မ​လက်​အ​မျိုး၌ မ​စီ​ရင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဤ​အ​မှု​ကို ယ​နေ့ သင်၌​ရောက်​စေ​တော်​မူ​ပြီ။ ထို​မှ​တစ်​ပါး သင်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်၌ အပ်​တော်​မူ​မည်။ နက်​ဖြန်​နေ့ သင်​နှင့် သင်၏​သား​တို့​သည် ငါ​နှင့်​အ​တူ​ရှိ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​လူ အ​လုံး​အ​ရင်း​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်၌ အပ်​တော်​မူ​မည်​ဟု ဆို၏။ ထို​အ​ခါ ရှော​လု​သည် မြေ​ပေါ်​မှာ အ​လျား​ပျပ်​ဝပ်​လဲ​နေ၍၊ ရှ​မွေ​လ​စ​ကား​ကြောင့် အ​လွန်​ကြောက်​ရွံ့၏။ တစ်​နေ့​နှင့် တစ်​ည​လုံး အ​ဘယ်​အ​စာ​ကို​မျှ မ​စား​ဘဲ​နေ​သော​ကြောင့် အား​ကုန်​ပြီ။ ထို​မိန်း​မ​သည်​လာ၍ ရှော​လု အ​လွန်​စိတ်​ညစ်​သည်​ကို မြင်​လျှင်၊ ကိုယ်​တော်​ကျွန်​မ​သည် ကိုယ်​တော်​စ​ကား​ကို နား​ထောင်​ပါ​ပြီ။ ကိုယ်​အ​သက်​ကို မ​နှ​မြော​ဘဲ ကိုယ်​တော်​မိန့်​တော်​မူ​သော စ​ကား​ကို နား​ထောင်​ပါ​ပြီ။ သို့​ဖြစ်၍ ယ​ခု​ကိုယ်​တော် ကျွန်​မ၏​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။ စား​စ​ရာ​အ​နည်း​ငယ်​ကို ရှေ့​တော်၌​တင်​ပါ​ရ​စေ။ ကိုယ်​တော်​ကြွ​သွား​သော​အ​ခါ အား​ပြည့်​စေ​ခြင်း​ငှာ စား​တော်​ခေါ်​ပါ​ဟု လျှောက်​သော်​လည်း၊ ရှော​လု​က ငါ​မ​စား​ဟု ငြင်း​ပယ်​လေ၏။ သို့​ရာ​တွင် ကျွန်​တို့​သည် မိန်း​မ​နှင့်​ဝိုင်း၍ အ​နိုင်​ပြု​ကြ​သ​ဖြင့်၊ ရှော​လု​သည် သူ​တို့​စ​ကား​ကို နား​ထောင်၍ မြေ​ပေါ်​က​ထ​ပြီး​လျှင် ခု​တင်​ပေါ်​မှာ ထိုင်​လေ၏။ ထို​မိန်း​မ​သည် မိ​မိ​အိမ်၌ ဆူ​အောင်​ကျွေး​သော နွား​က​လေး​တစ်​ကောင် ရှိ​သည်​ဖြစ်၍ အ​လျင်​အ​မြန် သတ်​လေ၏။ မုန့်​ညက်​ကို​လည်း​ယူ၍ နယ်​သ​ဖြင့်၊ တ​ဆေး​မဲ့​မုန့်​ကို ဖုတ်​ပြီး​မှ၊ ရှော​လု​နှင့် ကျွန်​များ​တို့​ရှေ့၌ တင်​လေ၏။ သူ​တို့​သည်​စား၍ ထို​ည​တွင် ထ​သွား​ကြ၏။