YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 20:1-42

၁ ဓမ္မရာဇဝင် 20:1-42 JBMLE

ဒါ​ဝိဒ်​သည် ရာ​မ​မြို့၊ နာ​ယုတ်​ရွာ​မှ​ပြေး၍ ယော​န​သန်​ထံ​သို့​ရောက်​ပြီး​လျှင်၊ ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း။ အ​ဘယ်​အ​ပြစ် ရှိ​သ​နည်း။ ခ​မည်း​တော်​သည် ကျွန်ုပ်​အ​သက်​ကို​ရှာ​မည်​အ​ကြောင်း၊ ကျွန်ုပ်​သည် အ​ဘယ်​ဒု​စ​ရိုက်​ကို ပြု​ဘိ​သ​နည်း​ဟု​မေး​သော်၊ ယော​န​သန်​က၊ ဤ​အ​မှု​ဝေး​ပါ​စေ​သော။ သင်​သည် မ​သေ​ရ။ ကျွန်ုပ်​အ​ဘ​သည် ကျွန်ုပ်​အား​မ​ပြော​ဘဲ အ​မှု​အ​ကြီး​အ​ငယ် တစ်​စုံ​တစ်​ခု​ကို​မျှ မ​ပြု​တတ်။ ဤ​အ​မှု​မှန်​လျှင် ကျွန်ုပ်​မ​သိ​စေ​ခြင်း​ငှာ အ​ဘယ်​ကြောင့် ဝှက်​ထား​မည်​နည်း။ ဤ​အ​မှု​မ​မှန်​ဘူး​ဟု ပြန်​ပြော၏။ ဒါ​ဝိဒ်​က​လည်း၊ ကျွန်ုပ်​သည် သင်၏​မိတ်​ဆွေ​ဖြစ်​ကြောင်း​ကို သင်၏​အ​ဘ​သည် အ​မှန်​သိ​သ​ဖြင့်၊ ယော​န​သန်​စိတ်​မ​သာ ရှိ​မည်​စိုး​ရိမ်၍ သူ​သည် ဤ​အ​မှု​ကို မ​သိ​စေ​နှင့်​ဟု ပြော​ဆို​ပါ​ပြီ။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင့်​အ​သက်​လည်း ရှင်​သည်​အ​တိုင်း၊ ကျွန်ုပ်​နှင့် သေ​ဘေး​စပ်​ကြား​မှာ အ​သွား​တစ်​လှမ်း​သာ​ရှိ​ပါ​သည်​ဟု အ​ကျိန်​နှင့်​ဆို၏။ ယော​န​သန်​က​လည်း၊ သင့်​စိတ်​နှ​လုံး အ​လို​ရှိ​သည်​အ​တိုင်း ကျွန်ုပ်​ပြု​ပါ​မည်​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊ ဒါ​ဝိဒ်​က၊ နက်​ဖြန်​နေ့​သည် လ​ဆန်း​နေ့​ဖြစ်၍၊ ကျွန်ုပ်​သည် ရှင်​ဘု​ရင်​နှင့်​အ​တူ စား​တော်​ပွဲ​နား​မှာ မ​ထိုင်​ဘဲ​မ​နေ​သင့်။ သို့​သော်​လည်း ကျွန်ုပ်​သွား၍ သုံး​ရက်​နေ့​ညဉ့်​ဦး​တိုင်​အောင် တော၌ ပုန်း​ရှောင်​လျက် နေ​ပါ​ရ​စေ။ သင်၏​အ​ဘ​သည် ကျွန်ုပ်​မ​ရှိ​သည်​ကို မှတ်​မိ​လျှင်၊ ဒါ​ဝိဒ်၏ အ​ဆွေ​အ​မျိုး​အ​ပေါင်း​တို့​သည် နှစ်​စဉ်​ပွဲ​ခံ​ချိန်​ရှိ​သော​ကြောင့်၊ မိ​မိ​နေ​ရာ ဗက်​လင်​မြို့​သို့ သွား​ရ​မည်​အ​ကြောင်း၊ ကျပ်​ကျပ်​အ​ခွင့်​ပန်​ပါ၏​ဟု​လျှောက်​ပါ။ အ​ဘ​က ကောင်း​ပြီ​ဟု​ဆို​လျှင်၊ ကိုယ်​တော်​ကျွန်​သည် ချမ်း​သာ​ရ​ပြီ။ သို့​မ​ဟုတ် အ​လွန်​စိတ်​ဆိုး​လျှင်၊ ဘေး​ပြု​မည် အ​ကြံ​ရှိ​သည်​ကို သ​ဘော​ကျ​ပါ။ ကိုယ်​တော်​ကျွန်၌ ကျေး​ဇူး​ပြု​ပါ။ ထာ​ဝ​ရ​ဘု​ရား၏​ပ​ဋိ​ညာဉ်​ကို ကိုယ်​တော်​ကျွန်​နှင့် ဖွဲ့​ပါ​ပြီ။ သို့​သော်​လည်း ကျွန်ုပ်၌​အ​ပြစ်​ရှိ​လျှင် ကိုယ်​တော်​တိုင်​သတ်​ပါ။ အ​ဘယ်​ကြောင့် အ​ဘ​ထံ​သို့ ဆောင်​သွား​ရ​ပါ​မည်​နည်း​ဟု ယော​န​သန်​အား​ဆို၏။ ယော​န​သန်​က ထို​သို့​သော​အ​မှု ဝေး​ပါ​စေ​သော။ ကျွန်ုပ်​အ​ဘ​သည် သင်၌​ဘေး​ပြု​မည်​ဟု အ​ကြံ​ရှိ​သည်​ကို ကျွန်ုပ်​သည် အ​မှန်​သိ​လျှင် သင့်​အား​မ​ပြော​ဘဲ နေ​လိမ့်​မည်​လော​ဟု ဆို၏။ ဒါ​ဝိဒ်​က​လည်း၊ ခ​မည်း​တော်​သည် ကြမ်း​တမ်း​စွာ​ပြန်​ပြော​လျှင်၊ ကျွန်ုပ်​အား အ​ဘယ်​သူ ကြား​ပြော​လိမ့်​မည်​နည်း​ဟု ယော​န​သန်​အား​မေး​သော်၊ ယော​န​သန်​က၊ ငါ​တို့​သည် တော​သို့​သွား​ကြ​ကုန်​အံ့​ဟု ဒါ​ဝိဒ်​အား​ဆို​လျက်၊ နှစ်​ယောက်​တို့​သည် တော​သို့​ထွက်​သွား​ကြ၏။ ယော​န​သန်​က​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ နက်​ဖြန်​နေ့၊ သ​ဘက်​နေ့၌ ကျွန်ုပ်​အ​ဘ​ကို​စုံ​စမ်း​သော​အ​ခါ သူ​သည် ဒါ​ဝိဒ်၌ ကောင်း​သော​အ​ကြံ​ရှိ၍ သင့်​ကို​ကျွန်ုပ်​မ​ကြား​လိုက်​ဘဲ နေ​သော်​လည်း​ကောင်း၊ သို့​မ​ဟုတ် ကျွန်ုပ်​အ​ဘ​သည် ဘေး​ပြု​ခြင်း​ငှာ အ​လို​ရှိ၍ သင်​သည် ငြိမ်​ဝပ်​စွာ​သွား​ရ​မည်​အ​ကြောင်း၊ ကျွန်ုပ် သ​တိ​မ​ပေး မ​လွှတ်​လိုက်​ဘဲ နေ​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ထို​မျှ​မ​က ယော​န​သန်​ကို ပြု​တော်​မူ​စေ​သ​တည်း။ ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်ုပ်​အ​ဘ​နှင့် အ​တူ​ရှိ​ခဲ့​ပြီး​သ​ကဲ့​သို့ သင်​နှင့်​အ​တူ ရှိ​ပါ​စေ​သော။ သင်​သည် ကျွန်ုပ်​အ​သက်​ရှင်​စဉ်​အ​ခါ၌​သာ အ​သက်​ချမ်း​သာ​စေ​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား အ​လို​တော်​အ​တိုင်း ကျေး​ဇူး​ပြု​ရ​မည်​မ​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ဒါ​ဝိဒ်၏​ရန်​သူ​အ​ပေါင်း​တို့​ကို မြေ​ကြီး​ပေါ်​က ပယ်​ရှင်း​တော်​မူ​သော နောက်​မှာ​လည်း၊ ကျွန်ုပ်​အ​မျိုး​အ​နွယ်၌ အ​စဉ်​အ​မြဲ ကျေး​ဇူး​ပြု​ရ​မည်​ဟု ဒါ​ဝိဒ်​အား​ဆို​သ​ဖြင့်​လည်း​ကောင်း၊ သ​စ္စာ​ပျက်​လျှင် ဒါ​ဝိဒ်၏​ရန်​သူ​တို့​အား​ဖြင့် ထာ​ဝ​ရ​ဘု​ရား အ​ပြစ်​ပေး​တော်​မူ​စေ​သ​တည်း​ဟု ဒါ​ဝိဒ်၏ အ​မျိုး​အ​နွယ်​နှင့် ပ​ဋိ​ညာဉ်​ဖွဲ့​သ​ဖြင့်​လည်း​ကောင်း၊ ကိုယ်​ဝိ​ညာဉ်​ကို ချစ်​သ​ကဲ့​သို့ ဒါ​ဝိဒ်​ကို​ချစ်​သော​ကြောင့်၊ ချစ်​သော​စိတ်​အား​ကြီး၍ ဒါ​ဝိဒ်​အား အ​ထပ်​ထပ်​ကျိန်​ဆို၏။ တစ်​ဖန် ယော​န​သန်​က၊ နက်​ဖြန်​နေ့​သည် လ​ဆန်း​နေ့​ဖြစ်၍၊ သင်​ထိုင်​ရာ​အ​ရပ်​လပ်​လျှင် သင်​မ​ရှိ​ကြောင်း ထင်​ရှား​လိမ့်​မည်။ သင်​သည် သုံး​ရက်​နေ​ပြီး​မှ အ​လျင်​အ​မြန် ဆင်း​လာ​သ​ဖြင့်၊ အ​ရင်​အ​မှု​ရှိ​စဉ် ပုန်း​ရှောင်၍ နေ​ရာ​အ​ရပ်​သို့​ရောက်​လျှင်၊ ဧ​ဇေ​လ​ကျောက်​နား​မှာ နေ​ရ​မည်။ ကျွန်ုပ်​သည်​လည်း၊ စက်​ကို​ပစ်​ဟန်​ပြု၍၊ ထို​ကျောက်​နား​သို့ မြား​သုံး​စင်း​ပစ်​မည်။ မြား​တို့​ကို သွား၍​ရှာ​ချေ​ဟု လူ​က​လေး​ကို စေ​ခိုင်း​သော​အ​ခါ၊ မြား​တို့​သည် နင့်​အ​နား​မှာ​ရှိ၏။ ကောက်​တော့​ဟု သေ​ချာ​စွာ​ပြော​လျှင် လာ​ခဲ့​ပါ။ ထာ​ဝ​ရ​ဘု​ရား အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း ဘေး​မ​ရှိ၊ ချမ်း​သာ​ရ​ပြီ။ သို့​မ​ဟုတ်၊ မြား​တို့​သည် နင့်​ကို​လွန်​ပြီ​ဟု လု​လင်​အား​ဆို​လျှင် သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို လွှတ်​လိုက်​တော်​မူ၏။ ယ​ခု ငါ​တို့​နှစ်​ယောက် ပြော​သော​အ​မှု​သည်​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့် ကျွန်ုပ်​စပ်​ကြား​မှာ အ​စဉ်​ရှိ​တော်​မူ​စေ​သ​တည်း​ဟု ဒါ​ဝိဒ်​အား ပြော​ဆို​လေ၏။ ဒါ​ဝိဒ်​သည် တော၌ ပုန်း​ရှောင်၍​နေ၏။ လ​ဆန်း​နေ့​ရောက်​မှ ရှင်​ဘု​ရင်​သည် စား​တော်​ခေါ်​ခြင်း​ငှာ ထိုင်၏။ ထုံး​စံ​အ​တိုင်း ထ​ရံ​နား​မှာ ရှင်​ဘု​ရင်​ထိုင်​လျှင်၊ ယော​န​သန်​ထ၍ အာ​ဗ​နာ​သည် ရှော​လု​အ​နား​မှာ​ထိုင်၏။ ဒါ​ဝိဒ်၏ နေ​ရာ​ထိုင်​ရာ​သည် လပ်၏။ သို့​ရာ​တွင် ရှော​လု​က အ​ကြောင်း​တစ်​စုံ​တစ်​ခု ရှိ​လိမ့်​မည်။ သူ​သည် မ​စင်​ကြယ်။ အ​ကယ်၍ သူ​သည်​မ​စင်​ကြယ်​ဟု ထင်​မှတ်၍ ထို​နေ့၌ တိတ်​ဆိတ်​စွာ​နေ၏။ နက်​ဖြန်​နေ့ လ​ဆန်း​နှစ်​ရက်​နေ့၌ ဒါ​ဝိဒ်၏ နေ​ရာ​ထိုင်​ရာ​သည် လပ်​သော​ကြောင့် ရှော​လု​က၊ ယေ​ရှဲ​သား​သည် စား​ပွဲ​တော်​သို့ မ​နေ့​က​မ​လာ၊ ယ​နေ့​လည်း မ​လာ​ဘဲ အ​ဘယ်​ကြောင့်​နေ​သ​နည်း​ဟု သား​တော်​ယော​န​သန်​အား မေး​လျှင်၊ ယော​န​သန်​က၊ ဒါ​ဝိဒ်​သည် ဗက်​လင်​မြို့​သို့ သွား​ရ​မည်​အ​ကြောင်း ကျပ်​ကျပ်​အ​ခွင့်​ပန်​လျက်၊ အ​ကျွန်ုပ် သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့။ အ​ကျွန်ုပ် အ​ဆွေ​အ​မျိုး​တို့​သည် ထို​မြို့၌ ယဇ်​ပွဲ​ကို​ဆောင်​ကြ​ပါ၏။ အ​ကျွန်ုပ်​အစ်​ကို​လည်း မှာ​လိုက်​ပါ​ပြီ။ စိတ်​တော်​နှင့် တွေ့​သည်​မှန်​လျှင် အ​ကျွန်ုပ်​သွား၍ အစ်​ကို​တို့​ကို မြင်​ရ​မည်​အ​ကြောင်း အ​ခွင့်​ပေး​ပါ​လော့​ဟု တောင်း​ပန်​ပါ၏။ ထို​ကြောင့် စား​ပွဲ​တော်​သို့ မ​လာ​ပါ​ဟု ရှော​လု​အား လျှောက်​လေ၏။ ထို​အ​ခါ ရှော​လု​သည် ယော​န​သန်​ကို အ​မျက်​ထွက်၍၊ မျောက်​မ​ထား​သော မိန်း​မ၏​သား၊ သင်​သည် ကိုယ်​တိုင် အ​ရှက်​ကွဲ​သည်​တိုင်​အောင်​လည်း​ကောင်း၊ သင့်​အ​မိ​အ​ဝတ်​ကျွတ်၍ အ​ရှက်​ကွဲ​သည်​တိုင်​အောင်​လည်း​ကောင်း၊ ယေ​ရှဲ၏​သား​ဘက်၌ နေ​သည်​ကို ငါ​မ​သိ​သ​လော။ ယေ​ရှဲ၏​သား​သည် မြေ​ကြီး​ပေါ်​မှာ အ​သက်​ရှင်​သည်​ကာ​လ​ပတ်​လုံး သင်​နှင့်​သင်၏​နိုင်​ငံ မ​တည်​ရ။ ယ​ခု​စေ​လွှတ်၍ သူ​ကို​ခေါ်​ခဲ့။ သူ​သည် အ​သေ​ခံ​ရ​မည်​ဟု​ဆို​လျှင်၊ ယော​န​သန်​က၊ ဒါ​ဝိဒ်​သည် အ​ဘယ်​ကြောင့် အ​သေ​ခံ​ရ​မည်​နည်း။ အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း​ဟု အ​ဘ​ရှော​လု​အား မေး​လေ​သော်၊ ရှော​လု​သည် ယော​န​သန်​ကို​မှန်​စေ​ခြင်း​ငှာ လှံ​တို​ကို လက်​လွှတ်၍ ထိုး​လေ၏။ သို့​ဖြစ်၍ အ​ဘ​သည် ဒါ​ဝိဒ်​ကို သတ်​မည်​အ​ကြံ​ရှိ​သည်​ကို ယော​န​သန်​သည်​သိ​သ​ဖြင့်၊ အ​မျက်​ထွက်၍၊ ထို​လ​ဆန်း​နှစ်​ရက်​နေ့၌ အ​စာ​မ​စား​ဘဲ ထ​သွား၏။ မိ​မိ​အ​ဘ​သည် ဒါ​ဝိဒ်​ကို အ​ရှက်​ခွဲ​သော​ကြောင့် ဒါ​ဝိဒ်​အ​တွက် ညှိုး​ငယ်​သော​စိတ်​ရှိ၏။ နံ​နက်​ရောက်​မှ ဒါ​ဝိဒ်​နှင့် ချိန်း​ချက်​သော​အ​ချိန်၌၊ ယော​န​သန်​သည် လူ​က​လေး​ကို​ခေါ်၍ တော​သို့​သွား၏။ လူ​က​လေး​အား​လည်း ပြေး​တော့။ ငါ​ပစ်​သော မြား​တို့​ကို ရှာ​တော့​ဟု​ဆို၍ လူ​က​လေး​သည်​ပြေး​သော​အ​ခါ သူ့​ကို​လွန်​အောင် မြား​တစ်​စင်း​ကို ပစ်​လေ၏။ ယော​န​သန်​ပစ်​သော မြား​ကျ​ရာ​အ​ရပ်​သို့ လူ​က​လေး​ရောက်​သော​အ​ခါ၊ ယော​န​သန်​က၊ မြား​တစ်​စင်း​သည် နင့်​ကို​လွန်​ပြီ​မ​ဟုတ်​လော။ ကြိုး​စား၍ အ​လျင်​အ​မြန်​ပြေး​တော့။ မ​နေ​နှင့်​ဟု လူ​က​လေး​နောက်​မှာ ဟစ်​လေ၏။ လူ​က​လေး​သည်​လည်း မြား​တို့​ကို​ကောက်၍ မိ​မိ​သ​ခင့်​ထံ​သို့ ပြန်​လာ၏။ သို့​ရာ​တွင် လူ​က​လေး​သည် ထို​အ​မှု​ကို​နား​မ​လည်။ ယော​န​သန်​နှင့် ဒါ​ဝိဒ်​သာ နား​လည်​ကြ၏။ ယော​န​သန်​သည် မိ​မိ​လက်​နက်​တို့​ကို လူ​က​လေး၌​အပ်၍ မြို့​ထဲ​သို့​ယူ​သွား​တော့​ဟု ဆို၏။ လူ​က​လေး​သွား​သော​နောက်၊ ဒါ​ဝိဒ်​သည် တောင်​မျက်​နှာ​အ​ရပ်​က ထ၍ မြေ​ပေါ်​မှာ​ပျပ်​ဝပ်​လျက် သုံး​ကြိမ်​တိုင်​အောင် ဦး​ညွှတ်​ပြီး​လျှင်၊ သူ​တို့​သည် တစ်​ယောက်​ကို​တစ်​ယောက်​နမ်း​လျက် မျက်​ရည်​ကျ​လျက်၊ ဒါ​ဝိဒ်​သည်​သာ၍ ပြု​သည်​တိုင်​အောင် ပြု​ကြ၏။ ယော​န​သန်​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​ကျွန်ုပ်​စပ်​ကြား၊ သင့်​အ​မျိုး​အ​နွယ်​နှင့် ကျွန်ုပ်​အ​မျိုး​အ​နွယ် စပ်​ကြား​မှာ အ​စဉ်​အ​မြဲ​ရှိ​တော်​မူ​စေ​သ​တည်း​ဟူ၍ ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို တိုင်​တည်​သ​ဖြင့်၊ ငါ​တို့​နှစ်​ယောက်​သည် ကျိန်​ဆို​ကြ​သည်​ကို​ထောက်၍၊ ငြိမ်​ဝပ်​စွာ သွား​တော့​ဟု ဒါ​ဝိဒ်​အား​ဆို​လျှင်၊ ဒါ​ဝိဒ်​သည် ထ​သွား၍ ယော​န​သန်​လည်း မြို့​ထဲ​သို့ ဝင်​လေ၏။

​၁ ဓမ္မရာဇဝင် 20:1-42 နှင့်ပတ်သက်သည့် အခမဲ့ ဖတ်ရှုခြင်းအစီအစဉ်နှင့် ဝိညာဉ်ရေးရာအချက်အလက်များ။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။