YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 2:12-17

၁ ဓမ္မရာဇဝင် 2:12-17 JBMLE

ဧ​လိ၏​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို မ​သိ၊ အ​ဓ​မ္မ​လူ​ဖြစ်​ကြ၏။ လူ​များ​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​ပြု​သော ထုံး​စံ​ဟူ​မူ​ကား၊ ယဇ်​ပူ​ဇော်၍ အ​မဲ​သား​ကို ပြုတ်​စဉ်​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​တစ်​ယောက်​သည်​လာ၍ သုံး​ချောင်း​ရှိ​သော အ​မဲ​ချိတ်​ကို ကိုင်​လျက်၊ အိုး​အ​စ​ရှိ​သည်​တို့၌ ထိုး​ခပ်၍၊ အ​မဲ​ချိတ်​တွင် ပါ​သ​မျှ​ကို ယဇ်​ပု​ရော​ဟိတ်​သည် သိမ်း​ယူ​တတ်၏။ ရှိ​လော​မြို့​သို့ ရောက်​လာ​သော ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​အား ထို​သို့​ပြု​ကြ၏။ ဆီ​ဥ​ကို မီး​မ​ရှို့​မီ ယဇ်​ပု​ရော​ဟိတ်၏ အ​စေ​အ​ပါ​သည်​လာ၍၊ ယဇ်​ပု​ရော​ဟိတ်​ဖို့ ကင်​စ​ရာ​အ​မဲ​သား​ကို ပေး​ပါ။ ပြုတ်​သော အ​မဲ​သား​ကို မ​ယူ။ စိမ်း​သော​အ​မဲ​သား​ကို​သာ​ယူ​မည်​ဟု ယဇ်​ပူ​ဇော်​သော​သူ​အား ဆို​တတ်၏။ ထို​သူ​က၊ ဆီ​ဥ​ကို​အ​ရင် မီး​ရှို့​ပါ​ရ​စေ။ နောက်​မှ ယူ​ချင်​တိုင်း​ယူ​ပါ​ဟု ဆို​လျှင်၊ မ​ဟုတ်​ဘူး၊ ယ​ခု​ပေး​ရ​မည်။ သို့​မ​ဟုတ် အ​နိုင်​ယူ​မည်​ဟု ပြော​ဆို​တတ်၏။ ထို​ယဇ်​ပု​ရော​ဟိတ်​ပျို​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​ဝတ်​ကို လူ​များ ရွံ​စ​ရာ​ပြု​သော​ကြောင့်၊ ရှေ့​တော်၌ အ​လွန်​အ​ပြစ်​ကြီး​သော​သူ ဖြစ်​ကြ၏။