YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 17:32-51

၁ ဓမ္မရာဇဝင် 17:32-51 JBMLE

ဒါ​ဝိဒ်​က​လည်း ထို​လူ​ကြောင့် အ​ဘယ်​သူ​မျှ စိတ်​မ​ပျက်​ပါ​စေ​နှင့်။ ကိုယ်​တော်​ကျွန်​သွား၍ ထို​ဖိ​လိ​တ္တိ​လူ​ကို တိုက်​ပါ​မည်​ဟု ရှော​လု​အား​လျှောက်​လျှင်၊ ရှော​လု​က၊ သင်​သည် ထို​ဖိ​လိ​တ္တိ​လူ​ကို သွား၍​မ​တိုက်​နိုင်။ သင်​သည် နု​ပျို​သော​သူ​ဖြစ်၏။ ထို​သူ​သည် ပျို​သော​အ​ရွယ်​မှ​စ၍ စစ်​သူ​ရဲ​ဖြစ်​ခဲ့​ပြီ​ဟု ဒါ​ဝိဒ်​အား​ဆို​သော်၊ ဒါ​ဝိဒ်​က၊ ကိုယ်​တော်​ကျွန်​သည် အ​ဘ၏​သိုး​တို့​ကို ထိန်း​ကျောင်း​စဉ်​အ​ခါ၊ ခြင်္သေ့​နှင့်​ဝံ​သည်​လာ၍ သိုး​သ​ငယ်​ကို သိုး​စု​ထဲ​က​ကိုက်​ချီ​ပါ၏။ ကျွန်​တော်​လိုက်၍ သတ်​သ​ဖြင့် သိုး​သ​ငယ်​ကို သူ့​ပါး​စပ်​ထဲ​က နုတ်​ပါ၏။ ဝံ​သည် ကျွန်​တော်​ကို ပြန်၍​ကိုက်​သော​အ​ခါ၊ ဝံ၏​မုတ်​ဆိတ်​ကို​ကိုင်၍ ရိုက်​သတ်​ပါ၏။ ကိုယ်​တော်​ကျွန်​သည် ခြင်္သေ့​နှင့်​ဝံ​နှစ်​ကောင်​လုံး​ကို သတ်​ပါ၏။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​သော​ကြောင့်၊ ထို​အ​ကောင်​တစ်​ကောင်​ကဲ့​သို့ ဖြစ်​ပါ​လိမ့်​မည်။ ခြင်္သေ့​လက်၊ ဝံ​လက်​မှ ကျွန်​တော်​ကို ကယ်​နုတ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​သည်၊ ထို​ဖိ​လိ​တ္တိ​လူ​လက်​မှ ကယ်​နုတ်​တော်​မူ​လိမ့်​မည်​ဟု ရှော​လု​အား​လျှောက်​လေ​သော်၊ ရှော​လု​က သွား​လော့။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​အ​တူ ရှိ​တော်​မူ​ပါ​စေ​သော​ဟု ဒါ​ဝိဒ်​အား​ဆို​လေ၏။ ရှော​လု​သည်​လည်း ဒါ​ဝိဒ်​ကို မိ​မိ​အ​ဝတ်​နှင့်​ဝတ်​စေ​သ​ဖြင့်၊ သူ၏​ခေါင်း​ပေါ်​မှာ ကြေး​ဝါ​ခ​မောက်​လုံး​ကို တင်၍၊ သံ​ချပ်​အင်္ကျီ​ကို​လည်း ဝတ်​စေ၏။ ဒါ​ဝိဒ်​သည် ဓား​တော်​ကို အ​ဝတ်​ပေါ်​မှာ​စည်း၍ သွား​မည်​ဟု အား​ထုတ်​သော်​လည်း၊ ထို​လက်​နက်​များ​ကို မ​စုံ​စမ်း​သေး။ သို့​ဖြစ်၍ ဒါ​ဝိဒ်​က ဤ​လက်​နက်​တို့​နှင့် ကျွန်​တော်​မ​သွား​နိုင်​ပါ၊ မ​စုံ​စမ်း​ပါ​သေး​ဟု ရှော​လု​အား​လျှောက်၍ ချွတ်​ပြန်​လေ၏။ တစ်​ဖန် မိ​မိ​တောင်​ဝှေး​ကို​ကိုင်​လျက်၊ ချော​သော​ကျောက်​ငါး​လုံး​ကို ချောင်း​ထဲ​က​ရွေး၍၊ သိုး​ထိန်း တန်​ဆာ​တည်း​ဟူ​သော လွယ်​အိတ်၌​ထည့်​ပြီး​မှ၊ လောက်​လွှဲ​ကို​လည်း​ကိုင်၍ ဖိ​လိ​တ္တိ​လူ​ရှိ​ရာ​သို့ ချဉ်း​လေ၏။ ဖိ​လိ​တ္တိ​လူ​သည်​လည်း ဒါ​ဝိဒ်​ရှိ​ရာ​သို့​ချဉ်း၍ သူ့​ရှေ့​မှာ ဒိုင်း​လွှား​ကို ဆောင်​သော​သူ​လည်း သွား၏။ ဖိ​လိ​တ္တိ​လူ​သည် ကြည့်၍ ဒါ​ဝိဒ်​ကို​မြင်​သော​အ​ခါ မ​ထီ​မဲ့​မြင်​ပြု၏။ အ​ကြောင်း​မူ​ကား၊ သူ​သည် နု​ပျို​သော​သူ၊ ဆံ​ပင်​နီ၍ မျက်​နှာ​လှ​သော​သူ​ဖြစ်၏။ ဖိ​လိ​တ္တိ​လူ​က၊ သင်​သည် တောင်​ဝှေး​နှင့် ငါ့​ထံ​သို့​လာ​ရ​မည်​အ​ကြောင်း၊ ငါ​သည် ခွေး​ဖြစ်​သ​လော​ဟု​မေး​လျက်၊ မိ​မိ​ဘု​ရား​တို့​ကို​တိုင်​တည်၍ ဒါ​ဝိဒ်​ကို​ကျိန်​ဆဲ​လေ၏။ တစ်​ဖန် ဖိ​လိ​တ္တိ​လူ​က လာ​ခဲ့။ သင့်​အ​သား​ကို မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​တို့​အား ငါ​ပေး​မည်​ဟု ဒါ​ဝိဒ်​ကို​ဆို၏။ ဒါ​ဝိဒ်​က​သင်​သည် ဓား၊ လှံ၊ ကိ​ဒုန်​ပါ​လျက် ငါ့​ထံ​သို့​လာ၏။ ငါ​သည် သင်​ကြိမ်း​ပ​သော ဣ​သ​ရေ​လ​ဗိုလ်​ခြေ​တို့၏ ဘု​ရား​သ​ခင်၊ ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား၏​နာ​မ​တော်​ပါ​လျက် သင်​ရှိ​ရာ​သို့​လာ၏။ ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို ငါ့​လက်၌ ယ​နေ့​အပ်​တော်​မူ​သ​ဖြင့်၊ သင့်​ကို​ငါ​သတ်၍ လည်​ပင်း​ကို​ဖြတ်​မည်။ ဖိ​လိ​တ္တိ​ဗိုလ်​ခြေ အ​သေ​ကောင်​များ​ကို မိုး​ကောင်း​ကင်​ငှက်​နှင့် တော​သား​ရဲ​တို့​အား ယ​နေ့​ငါ​ပေး​မည်။ ဣ​သ​ရေ​လ​အ​မျိုး၌ ဘု​ရား​သ​ခင်​ရှိ​တော်​မူ​သည်​ကို မြေ​ကြီး​သား​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ဓား​လှံ​အား​ဖြင့် ကယ်​တင်​တော်​မ​မူ​ကြောင်း​ကို၊ ဤ​ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် စစ်​မှု​ကို​ပိုင်၍၊ ငါ​တို့​လက်​သို့ အပ်​နှံ​တော်​မူ​မည်​ဟု ဖိ​လိ​တ္တိ​လူ​အား​ဆို၏။ ဖိ​လိ​တ္တိ​လူ​သည် ထ၍ ဒါ​ဝိဒ်​နှင့်​တွေ့​ခြင်း​ငှာ ချဉ်း​လာ​သော​အ​ခါ၊ ဒါ​ဝိဒ်​သည်​လည်း ဖိ​လိ​တ္တိ​လူ​နှင့်​တွေ့​ခြင်း​ငှာ ဗိုလ်​ခြေ​ရှိ​ရာ​သို့ အ​လျင်​အ​မြန်​ပြေး​ပြီး​မှ၊ လွယ်​အိတ်​ထဲ​က ကျောက်​တစ်​လုံး​ကို နှိုက်​ယူ၍​လွှဲ​ပစ်၏။ ဖိ​လိ​တ္တိ​လူ၏ န​ဖူး​ကို​မှန်၍ န​ဖူး​ပေါက်​သ​ဖြင့် သူ​သည် မြေ​ပေါ်​မှာ ငိုက်​စိုက်​လဲ​လေ၏။ ထို​သို့ ဒါ​ဝိဒ်​သည် လောက်​လွှဲ​နှင့် ကျောက်​တစ်​လုံး​အား​ဖြင့် နိုင်​လျက် ထိ​ခိုက်၍​သတ်​လေ၏။ ထို​အ​ခါ ဒါ​ဝိဒ်​သည် ဓား​မ​ပါ​သော​ကြောင့် ပြေး၍ ဖိ​လိ​တ္တိ​လူ​ကို နင်း​လျက်၊ သူ၏​ဓား​ကို ဓား​အိမ်​မှ​နုတ်​ဆွဲ​ပြီး​လျှင် လည်​ပင်း​ကို​ဖြတ်၍ အ​ပြီး​သတ်​လေ၏။ ဖိ​လိ​တ္တိ​လူ​တို့​သည် သူ​တို့၏ သူ​ရဲ​သေ​ကြောင်း​ကို​မြင်​သော​အ​ခါ ပြေး​ကြ၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။