YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 16:1-13

၁ ဓမ္မရာဇဝင် 16:1-13 JBMLE

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှော​လု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ​မှ ငါ​ပယ်​သော​ကြောင့်၊ သင်​သည် အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး စိတ်​မ​သာ ညည်း​တွား​လျက် နေ​လိမ့်​မည်​နည်း။ သင်၏​ဘူး​ကို ဆီ​နှင့်​ပြည့်​စေ​လော့။ ဗက်​လင်​မြို့​သား ယေ​ရှဲ​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သူ၏​သား​တို့​တွင် ငါ့​အ​ဖို့ ရှင်​ဘု​ရင်​တစ်​ပါး​ကို ငါ​ပြင်​ဆင်​ပြီ​ဟု ရှ​မွေ​လ​အား မိန့်​တော်​မူ၏။ ရှ​မွေ​လ​က၊ အ​ကျွန်ုပ်​သည် အ​ဘယ်​သို့ သွား​နိုင်​ပါ​မည်​နည်း။ ရှော​လု​ကြား​လျှင် သတ်​ပါ​လိမ့်​မည်​ဟု လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ နွား​မ​တမ်း​ကို​ယူ၍ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ​လာ​ပြီ​ဟု ပြော​လော့။ ယေ​ရှဲ​ကို​လည်း ယဇ်​ပွဲ​သို့ ခေါ်​ဖိတ်​လော့။ ထို​အ​ခါ သင်​သည် အ​ဘယ်​သို့​ပြု​ရ​မည်​ကို ငါ​ပြ​မည်။ ငါ​သည် နာ​မ​ဖြင့် ထုတ်​ပြ​သော​သူ​ကို ငါ့​အ​ဖို့ ဘိ​သိက်​ပေး​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ရှ​မွေ​လ​ပြု၍ ဗက်​လင်​မြို့​သို့ သွား​လေ၏။ ဗက်​လင်​မြို့​သား အ​သက်​ကြီး​သူ​တို့​သည် ရှ​မွေ​လ​နှင့် တွေ့​သော​အ​ခါ တုန်​လှုပ်၍၊ ကိုယ်​တော်​သည် ချမ်း​သာ​ပေး​လျက် လာ​တော်​မူ​သ​လော​ဟု မေး​လျှောက်​ကြ​သော်၊ ချမ်း​သာ​ပေး​လျက် ထာ​ဝ​ရ​ဘု​ရား​အား ယဇ်​ပူ​ဇော်​ခြင်း​ငှာ ငါ​လာ​ပြီ။ မိ​မိ​တို့​ကို သန့်​ရှင်း​စေ​ပြီး​မှ ငါ​နှင့်​အ​တူ ယဇ်​ပွဲ​သို့​လာ​ကြ​ဟု​ဆို​သ​ဖြင့်၊ ယေ​ရှဲ​နှင့် သူ၏​သား​တို့​ကို သန့်​ရှင်း​စေ၍ ယဇ်​ပွဲ​သို့​ခေါ်​လေ၏။ သူ​တို့​သည် ရောက်​လာ​သော​အ​ခါ ဧ​လျာ​ဘ​ကို ကြည့်​ရှု၍၊ စင်​စစ်​ထာ​ဝ​ရ​ဘု​ရား​အ​ခွင့်​နှင့် ဘိ​သိက်​ခံ​ရ​သော​သူ​သည် ငါ့​ရှေ့​မှာ​ရှိ၏​ဟု ဆို​လေ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ သူ၏​မျက်​နှာ၊ သူ၏​အ​ရပ်​ကို မ​ကြည့်​မ​ရှု​နှင့်။ သူ့​ကို ငါ​ပယ်​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် လူ​မြင်​သ​ကဲ့​သို့ မြင်​တော်​မူ​သည်​မ​ဟုတ်။ လူ​သည် အ​ဆင်း​သ​ဏ္ဌာန်​ကို​ကြည့်​ရှု​တတ်၏။ ထာ​ဝ​ရ​ဘု​ရား​မူ​ကား နှ​လုံး​ကို​ကြည့်​ရှု​တတ်​သည်​ဟု ရှ​မွေ​လ​အား​မိန့်​တော်​မူ၏။ တစ်​ဖန် ယေ​ရှဲ​သည် အ​ဘိ​န​ဒပ်​ကို​ခေါ်၍ ရှ​မွေ​လ​ရှေ့​မှာ သွား​စေ​သ​ဖြင့်၊ ရှ​မွေ​လ​က၊ ဤ​သူ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား ရွေး​တော်​မ​မူ​ဟု​ဆို၏။ တစ်​ဖန် ယေ​ရှဲ​သည် ရှိ​မာ​ကို သွား​စေ​သ​ဖြင့်၊ ဤ​သူ​ကို​လည်း ထာ​ဝ​ရ​ဘု​ရား​ရွေး​တော်​မ​မူ​ဟု ဆို၏။ တစ်​ဖန် ယေ​ရှဲ​သည် သား​ခု​နစ်​ယောက်​တို့​ကို ရှ​မွေ​လ​ရှေ့​မှာ သွား​စေ​သ​ဖြင့်၊ ရှ​မွေ​လ​က၊ ဤ​သူ​တို့​ကို​လည်း ထာ​ဝ​ရ​ဘု​ရား ရွေး​တော်​မ​မူ။ သင်၌ သား​မ​ရှိ​ပြီ​လော​ဟု ယေ​ရှဲ​အား​မေး​လျှင်၊ ယေ​ရှဲ​က အ​ငယ်​ဆုံး​သော​သား ရှိ​ပါ​သေး၏။ သိုး​တို့​ကို ထိန်း​ကျောင်း​လျက်​နေ​ပါ​သည်​ဟု ပြော​ဆို​သော်၊ ရှ​မွေ​လ​က သူ့​ကို​ခေါ်​စေ​ခြင်း​ငှာ လူ​ကို​စေ​လွှတ်​ပါ။ သူ​မ​ရောက်​မီ ပွဲ​သို့​ဝင်၍ မ​ထိုင်​ရ​ဟု ဆို​သည်​အ​တိုင်း၊ စေ​လွှတ်၍ သူ့​ကို​ခေါ်​ခဲ့၏။ သူ​သည် နီ​သော​ဆံ​ပင်​ရှိ၏။ လှ​သော​အ​ဆင်း​နှင့် ချစ်​ဖွယ်​သော​မျက်​နှာ​လည်း ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​က ဤ​သူ​ပေ​တည်း။ ထ၍​ဘိ​သိက်​ပေး​လော့​ဟု မိန့်​တော်​မူ၏။ ရှ​မွေ​လ​သည်​လည်း၊ ဆီ​ဘူး​ကို​ယူ၍ သူ၏​အစ်​ကို​စု​ထဲ​မှာ သူ့​ကို ဘိ​သိက်​ပေး​လေ၏။ ထို​နေ့​မှ​စ၍ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ဒါ​ဝိဒ်​အ​ပေါ်​မှာ သက်​ရောက်​လေ၏။ ရှ​မွေ​လ​သည်​ထ၍ ရာ​မ​မြို့​သို့ ပြန်​သွား၏။

YouVersion သည် မိမိအတွေ့အကြုံကို စိတ်ကြိုက်ပြင်ဆင်ရန် ကွတ်ကီးများကို အသုံးပြုသည်။ ကျွန်ုပ်တို့၏ဝဘ်ဆိုဒ်ကိုအသုံးပြုခြင်းဖြင့် ကျွန်ုပ်တို့၏ ကိုယ်ရေးကိုယ်တာမူဝါဒတွင်ဖော်ပြထားသည့်အတိုင်း ကျွန်ုပ်တို့၏ cookies အသုံးပြုမှုကို လက်ခံပါသည်။