YouVersion လိုဂို
ရှာရန် အိုင်ကွန်

၁ ဓမ္မရာဇဝင် 15:24-31

၁ ဓမ္မရာဇဝင် 15:24-31 JBMLE

ရှော​လု​က​လည်း၊ အ​ကျွန်ုပ်​သည် ပြစ်​မှား​ပါ​ပြီ။ လူ​များ​ကို​ကြောက်၍ သူ​တို့​စ​ကား​ကို နား​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို​လည်း​ကောင်း၊ ကိုယ်​တော်၏​စ​ကား​ကို​လည်း​ကောင်း လွန်​ကျူး​ပါ​ပြီ။ အ​ကျွန်ုပ်​အ​ပြစ်​ကို သည်း​ခံ​တော်​မူ​ပါ။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှင့်​အ​တူ ပြန်​လာ​ပါ​ဟု တောင်း​ပန်​သော်​လည်း၊ ရှ​မွေ​လ​က၊ သင်​နှင့်​အ​တူ ငါ​မ​ပြန်။ သင်​သည် ထာ​ဝ​ရ​ဘု​ရား၏ အ​မိန့်​တော်​ကို ပယ်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အ​ရာ​ကို​နုတ်၍ သင့်​ကို​ပယ်​တော်​မူ​ပြီ​ဟု ရှော​လု​အား​ဆို​ပြီး​မှ၊ လှည့်​သွား​သော​အ​ခါ ရှော​လု​သည် ရှ​မွေ​လ၏​ဝတ်​လုံ​စွန်း​ကို ကိုင်​ဆွဲ၍ ဝတ်​လုံ​စုတ်​လေ၏။ ရှ​မွေ​လ​က​လည်း၊ ယ​နေ့ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​နိုင်​ငံ​ကို သင်​မှ​ဆုတ်​ယူ၍၊ သင့်​ထက်​ကောင်း​သော သင်၏​အိမ်​နီး​ချင်း​အား​ပေး​တော်​မူ​ပြီ။ ထို​မှ​တစ်​ပါး ဣ​သ​ရေ​လ​အ​မျိုး၏​အ​စွမ်း​သ​တ္တိ​ဖြစ်​သော ဘု​ရား​သည် မု​သား​သုံး​ခြင်း၊ နောင်​တ​ရ​ခြင်း​နှင့် ကင်း​လွတ်​တော်​မူ၏။ နောင်​တ​ရ​အံ့​သော​ငှာ​လူ​ဖြစ်​တော်​မ​မူ​ဟု ဆို​သော်၊ ရှော​လု​က အ​ကျွန်ုပ်​ပြစ်​မှား​ပါ​ပြီ။ သို့​သော်​လည်း အ​ကျွန်ုပ်​အ​မျိုး​သား​ချင်း အ​သက်​ကြီး​သူ​တို့​ရှေ့၌​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ရှေ့၌​လည်း​ကောင်း၊ အ​ကျွန်ုပ်၏​ဂုဏ်​အ​သ​ရေ​ကို မ​ဖျက်​ပါ​နှင့်။ အ​ကျွန်ုပ်​သည် ကိုယ်​တော်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ရ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​နှင့်​အ​တူ ပြန်​လာ​ပါ​ဟု တောင်း​ပန်​သည်​အ​တိုင်း၊ ရှ​မွေ​လ​သည် ရှော​လု​နောက်​သို့ လိုက်၍၊ ရှော​လု​သည် ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​လေ၏။